7/07/2012

ရှင်သန်မှု နဲ့ သေခြင်းတရား

ရှင်သန်မှုနဲ့ သေခြင်းဆိုတာ အမြဲအချင်းများနေတဲ့ အရာတွေပါ..


(သေခြင်းတရားကတော့ အမြဲ လွှမ်းမိုးထားတဲ့ အရာပေါ့)


ရှင်သန်မှု : အရာအားလုံးဟာ ချစ်စရာကောင်းတယ်

သေခြင်းတရား : လူတော်တော်များများက ကြောက်လန့်တတ်ကြတယ်


ရှင်သန်မှု : ငါက လူတွေရဲ့ မျှော်လင့်ချက်နဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးတယ်

သေခြင်းတရား : ငါကတော့ သူတို့ကိုကြိုတင်ပြင်ဆင်စေတယ်


ရှင်သန်မှု : ဘယ်သူမှ သေခြင်းကိုမနှစ်သက်ကြဘူး

သေခြင်းတရား : တစ်ချို့ကတော့ ငါ့အပေါ်ယုံကြည်ကြတယ်



ရှင်သန်မှု : ငါက မိခင်ဝမ်းအတွင်းကတည်းက ပထမဆုံးသောမျှော်လင့်ချက်ပဲကွ

သေခြင်းတရား : ငါကတော့ ဘယ်လို ဖန်တီးသူကမှ ငြင်းဆန်လို့မရတဲ့အရာပဲလေ


ရှင်သန်မှု : မင်းက သူတို့ကို အခွင့်အရေးမပေးခဲ့ဘူး

သေခြင်းတရား : အဲဒါက သူတို့ရှင်သန်နေချိန်အတွင်း မင်းရဲ့တာဝန်ပဲလေ


ရှင်သန်ခြင်း : သူတို့က ငါ့ကိုနောက်ဆုံးအချိန်အထိ ချစ်မြတ်နိုးတာကွ

သေခြင်းတရား : အေးလေ .. ငါက မင်းရဲ့ အဆုံးသတ်ပေါ့ ။ သူတို့တွေရျင်သန်တာကြာလေလေ ငါနဲ့ပိုနီးနီးလာလေပေါ့

ရှင်သန်ခြင်း : မင်းလဲ ပျက်စီး ပုပ်သိုးသွားတဲ့ အချိန်ကျ သူတို့အတွက် ဘာကျန်မှာလဲ

သေခြင်းတရား : ကုသိုလ်တရားလေ .. သူတို့ပြုခဲ့တဲ့ ကုသိုလ်ကသူတို့အတွက် နောက်ရှင်သန်ရမဲ့ ဘ၀ကိုရှာဖွေပေးမှာပေါ့ ။