5/23/2012

သင့် ဘ၀ အတွက်ယုံကြည်မှု ရှိတဲ့စိတ်နဲ့ စွန့်စားပါ

၁.သင့် ဘ၀ အတွက်မိမိ ကိုယ် မိမိ ယုံကြည်မှု့အပြည့်နဲ့စွန့်စားရဲတဲ့သတ္တိမွေးပြီး ဘ၀အတွက်အောင်မြင်မှု့တွေကိုရယူပါ။

၂.သင့် ဘ၀အတွက် သင့်ကိုယ် သင်ယုံကြည်တဲ့ စိတ် အမြဲမွေးပါ။

၃.သင့်ရည်မှန်းချက်များကို ရရှိပိုင်ဆိုင်နိုင်ဖို့အတွက် စွန့်စားရဲတဲ့သတ္တိမွေးပါ။

၎.စွန့်စားခြင်းဆိုတာ မပါပဲနဲ့သင့်ဘ၀ရဲ့အောင်မြင်မှု့ဆိုတာမရနိုင်သလို သင့်ကိုယ်သင် ယုံကြည်မှု့မရှိရင်လည်းအောင်မြင်မှု့ဆိုတာ

မရနိုင်ပါ။

၅.မိမိကိုယ်မိမိ ယုံကြည်ခြင်းသည် ဘ၀အတွက်အောင်မြင်ခြင်းဖြစ်ပါသည်။ဒါကြောင့်သင်ဘာပဲလုပ်လုပ် ယုံကြည်ချက်ပါရမည်။မိမိမယုံ

ကြည်သောအရာကို မလုပ်ပါနှင့်။

၆.စွန့်စားတယ်ဆိုတာ အင်မတန်ရိုးရှင်းလှသော အမှန်တရားပါ။ကျွန်တော်တို့ဘ၀တွေအတွက်နေရာတိုင်းမှာ စွန့်စားရခြင်းဆိုတဲ့သ

ဘောတရားရှိနေပါတယ်။ဒါကြောင့်သင့်ဘ၀အတွက် စွန့်စားလုပ်ဆောင်ခြင်းဘာမျှမလုပ်လျှင် ဘာမှဖြစ်လာမဟုတ်ပါ။

၇.သင်သည် ဒီနေ့မှစပြီး သင့်ကိုယ်သင် ယုံကြည်တဲ့စိတ်နဲ့ စွန့်စားရဲတဲ့ သတ္တိမွေးပြီး သင့် ဘ၀အတွက် အောင်မြင်မှု့တွေကိုရယူ

ဖို့ကြိုးစားပါ။

လောကမှာအောင်မြင်ပြီးတိုးတက်ခဲ့တဲ့သူတွေအားလုံးဟာ သူတို့ကိုယ် သူတို့ယုံကြည်မှု့အပြည့်နဲ့စွန့်စားပြီး ဘ၀ ကို

ဖြတ်သန်းခဲ့ကြရတာပါ။အဲဒီလို ယုံကြည်တဲ့စိတ်တွေ စွန့်စားရဲတဲ့သတ္တိတွေကြောင့်လည်း သူတို့ရဲ့ ဘ၀တွေဟာ အောင်မြင်တိုးတက်

ခဲ့ကြတာပါ။ဒါကြောင့် သင်လည်းသင့် ဘ၀အတွက် သင့်ကိုယ်သင် ယုံကြည်မှု့အပြည့်နဲ့ကြိုးစားပါ။ စွန့်စားရဲတဲ့သတ္တိမွေးပြီး ဘ၀ရဲ့

အခက်အခဲတွေကိုကျော်ဖြတ်ပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

အမြဲကြိုးစားနေလျက်....................



လွယ်အိတ်
Aung Min Oo..Blogမှ