““ လူ့အခွင့် အရေး ””ဟူသည် လူသားတစ်ဦး ဖြစ်သည်နှင့် လျှော်ညီစွာ
၎င်းတွင်ရှိသည့် အခွင့်အရေးများပင်ဖြစ်သည်။
လူ့အခွင့် အရေး များကို လူသားတစ်ဦးထံမှ ဖယ်ရှား မရပါ။
လူသားတစ်ဦးဖြစ်နေသရွေ့ ထိုလူ့အခွင့် အရေးများကို သင်
မဆုံးရှုံးနိုင်ပါ။ လူ့အခွင့် အရေးများကို အဆင့်အတန်း ခွဲရွေ့ မရပါ။
အခွင့်အရေးတစ်ခုသည် အရေးပါမှု နည်းသည်၊ အရေးပါမှု မရှိဟူ ရွေ့ ဆိုပြီး
လူသားတစ်ဦးအား မပေးပဲ ထားရွေ့မရ။
လူ့အခွင့်အရေးများသည် တစ်ခုနှင့် တစ်ခု
ဆက်စပ်တည်မှီနေသည်။ ဥပမာ- သင် ၏ ဘ၀တွင် လိုအပ်သည်များကို
ရရှိနိုင်ခွင့်များနှင့် ဆက်စပ်နေသည်။
လူ့အခွင့် အရေး၏ အခြားအဓိပါယ်
ဖွင့်ဆိုချက်တစ်ခုတွင် ယခု ဖော်ပြပါ အခြေခံ စံသတ်မှတ်ချက်များ မရှိပါက
လူတစ်ယောက်သည် သိက်ခါ ရှိရှိဖြင့် နေထိုင်နိုင်မည်မဟုတ်ဟု ဆိုထားသည်။
လူသားတစ်ဦး ရပိုင်ခွင့်ရှိသည့် လူ့အခွင့် အရေးများကို
ချိုးဖောက်ခြင်းသည် အဆိုပါလူသားတစ်ဦးအား လူတစ်ယောက်ကဲ့သို့ဆက်ဆံခြင်း
မပြုသည်နှင့်တူပါသည်။
လူ့အခွင့် အရေးများကို အားပေးထောက်ခံခြင်းသည်
လူသားအားလုံး၏ လူ့ သိက်ခါကို လေးစားရန် တောင်းဆိုသည်နှင့် တူသည်။
လူ့အခွင့် အရေး များကို တောင်းဆိုရာတွင် လူတိုင်း လူတိုင်းသည် ““
အခြားသူများ၏ အခွင့်အရေးများကို မထိပါးစေပါ””
ဟူသောဝတ်တရားကို လက်ခံထားရှိသည်။
လူ့အခွင့် အရေးများကို
ငြင်ပယ်ခံနေရသည့်၊ အလွှဲသုံးစားပြုလုပ်ခံနေရသည့်၊ သူများကိုလည်း
အားပေးထောက်ခံရာ ရောက်သည်။
““ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေငြာ စာတမ်း ””
အပိုဒ်(၁)။ လူတိုင်း မွေးဖွားကတည်းက တူညီသော လူ့ဂုဏ်သိကာနှင့်
အခွင့်အရေးများ ရှိသည်။
အပိုဒ်(၂)။ လူတိုင်း အသားအရောင်၊ လိင်၊ ကိုးကွယ်သည့်ဘာသာ၊ ကျား၊ မ မရွေး
တန်းတူညီမျှဖြစ်သည်။
အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လုံခြုံခွင့် ရှိသည်။
အပိုဒ်(၄)။ မည်သူ့ကိုမျှ ကျွန်အဖြစ် စေခိုင်းခြင်း မပြုရ။
အပိုဒ်(၅)။ မည်သူ့ကိုမျှ မတရားနှိပ်စက်ခြင်း မရှိစေရ။
အပိုဒ်(၆)။ လူတိုင်း တရားဥပဒေရှေ့တွင် လူသားကဲ့သို့ ဆက်ဆံရမည်။
အပိုဒ်(၇)။ လူတိုင်း တရားဥပဒေရှေ့ မှောက်တွင် တန်းတူဖြစ်သည်။ ကျောသား ၊
ရင်သား မခွဲခြားရ။
အပိုဒ်(၈)။ အခွင့်အရေး ချိုးဖောက်ခံရပါက ဥပဒေ အကူအညီ ယူခွင့်ရှိသည်။
အပိုဒ်(၉)။ မည်သူ့ကိုမှ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်း မပြုရ။
အပိုဒ်(၁၀)။ လူတိုင်းမျှတသော တရားစီရင်မှုခံခွင့်ရှိသည်။
လူအများကြားနာနိုင်သော တရားရုံး ဖြစ်ရမည်။
အပိုဒ်(၁၁)။ အပြစ်ရှိသည်ဟု ခိုင်လုံသော အထောက်အထားမရှိ မခြင်း ထိုသူသည် အပြစ်မရှိ။
အပိုဒ်(၁၂)။ မကောင်းသော ရည်ရွယ်ချက်ဖြင့် အခြားသူ၏ စာများဖောက်ခြင်း၊
အိမ်အတွင်းဝင်ခြင်း မပြုရ။
အပိုဒ်(၁၃)။ လူတိုင်း မိမိတိုင်းပြည်အတွင်း လွတ်လပ်စွာ သွားလာခွင့်ရှိသည်။
အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံမည်ဆိုပါက အခြားနိုင်ငံတွင် ခိုလှုံခွင့်
တောင်းခံနိုင်သည်။
အပိုဒ်(၁၅)။ လူတိုင်းနိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ရှိသည်။
ဆနရှိပါက အခြားနိုင်ငံသား အဖြစ် ခံယူနိုင်သည်။
အပိုဒ်(၁၆)။ အရွယ်ရောက်ပြီးသော ကျား၊ မ တိုင်း မိမိဆနဖြင့်
လက်ထပ်ခွင့် ၊ အိမ်ထောင် ထူထောင်ခွင့် ရှိသည်။
အပိုဒ်(၁၇)။ လူတိုင်း ကိုယ်ပိုင် ပစ္စည်း ပိုင်ဆိုင်ခွင့် ရှိသည်။
အပိုဒ်(၁၈)။ လူတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်။ ဆန္ဒရှိပါက
အခြားဘာသာသို့ ကူးပြောင်း
နိုင်သည်။
အပိုဒ်(၁၉)။ လူတိုင်းလွတ်လပ်စွာ ထုတ်ဖော် ပြေဆို ခွင့်ရှိသည်။
အပိုဒ်(၂၀)။ လူတိုင်း ငြိမ်းချမ်းသောနည်းဖြင့် ဖွဲ့ ထားသော အဖွဲ့
များသို့ လွတ်လပ်စွာ ၀င်ခွင့်ရှိသည်။
အပိုဒ်(၂၁)။ လူတိုင်း မိမိတိုင်းပြည်၏ အစိုးရကို ဆန္ဒမဲဖြင့်
ရွေးချယ်ပိုင်ခွင့် ရှိသည်။
အပိုဒ်(၂၂)။ လူတိုင်း လူမှုဘ၀ ဖူလုံရေး ခံစားခွင့် ရှိသည်။
အပိုဒ်(၂၃)။ လူတိုင်း သင့်တင့်သော လစာဖြင့် အလုပ်လုပ်ခွင့်၊ အလုပ်သမား
သမဂ္ဂ များသို့ ၀င်ရောက်ခွင့် ရှိသည်။
အပိုဒ်(၂၄)။ လူတိုင်း အပန်းဖြေ အနားယူခွင့် ရှိသည်။
အပိုဒ်(၂၅)။ လူတိုင်း လုံလောက်သော လူနေမှု အဆင့်အတန်းနှင့် ဆေးကုသခံခွင့် ရှိသည်။
အပိုဒ်(၂၆)။ လူတိုင်း ပညာသင်ကြားခွင့် ရှိသည်။ အနှိပ်ဆုံး မူလတန်းပညာကို
အခမဲ့ သင်ကြားခွင့်ရှိသည်။
အပိုဒ်(၂၇)။ လူတိုင်း မိမိပတ်ဝန်းကျင်၏ ယဉ်ကျေးမှုတွင် ပါဝင်ပိုင်ခွင့် ရှိသည်။
အပိုဒ်(၂၈)။ လူတိုင်း ဧ စာတမ်းပါ အခွင့်အရေးများကို လေးစားရမည်။
အပိုဒ်(၂၉)။ လူတိုင်း အခြားသူများ၏ အခွင့်အရေးများကို လေးစားရမည်။
အပိုဒ်(၃၀)။ ယခု စာတမ်းပါ အခွင့်အရေးများကို မည်သူမျှ မချိုးဖောက်ရ။
““ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေငြာ စာတမ်း ””
1948 ခုနှစ်၊ ဒီဇင်ဘာလ (၁၀ ) ရက်နေ့တွင် ကမာ့ ကုလသမဂအဖွဲ့ ညီလာခံ
အစည်းအဝေးကြီးက လူ့အခွင့်
အရေး ကြေငြာစာတမ်းကြီးကို အတည်ပြု ပြီး ကြေငြာလိုက်ရာ ထိုကြေငြာ
စာတမ်းကြီး၏ အပိုဒ်ပေါင်း (၃၀) သည်ုစီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊
နိုင်ငံရေး၊ နှင့် နိုင်ငံသားဆိုင်ရာ အခွင့်အရေးများကို အစုံအစီ
ပါဝင်အောင် ဖွဲ့စည်းထားသည်။ ထိုမှတ်တမ်း ကြီးသည် နေရာတိုင်းရှိ
လူသားများအားလုံး အပေါ် သက်ရောက်မှုရှိသည့်အပြင် ခံစားပိုင်ခွင့်တစ်ခုစီသည်
ညီတူညီမျှ အရေးပါသည်။
သူငယ်ချင်းများ အားလုံးအတွက်
Posted By ; စကိုဖီးလ်
1/31/2012
““ လူ့အခွင့် အရေး ””(Human Rights)
1/31/2012
Dim




