Hard Disk အမှားတွေကိုစစ်ပေးပြီး စက်ကိုသွက်စေမယ့် ဆော့ဝဲလေးပါ
ဒီဆော့ဝဲလေးက Hard Disk အမှားတွေကိုစစ်ပေးပြီး ပြုပြင်ပေးတဲ့ ဆော့ဝဲ
ကောင်းလေးတစ်ခုပါ Portable လေးဖြစ်တာကြောင့် အင်စတောလုပ်စရာ
မလိုဘဲ သုံးနိုင်ပါတယ် Hard Disk မှာ Error တွေများရင် စက်ဖွင့်တာရော
Window Loading Time နဲ့  File ဖွင့်တဲ့အခါ ချက်ချင်းမပွင့်တာတွေ ဖြစ်စေ
တတ်ပါတယ် Hard disk ပျက်ရင် Window တက်မလာတော့တာတွေလည်း
ရှိပါတယ်။
ဒါကြောင့် Hard Disk ကိုစစ်ဆေးပြီး error Repair လုပ်သင့်သလို့ 
Disk Clean up မကြာခဏ ပြု လုပ်ပေးချင်းဟာ ကွန်ပျူတာကို မြန်ဆန်
သွက်လက်စေတဲ့ အကြောင်းတစ်ခု ဆိုတာ အခြေခံပညာသင် ၀ါသနာတူ
သူငယ်ချင်းတွေကို ပြောပြချင်ပါတယ်
လုံးဝအခြေခံတွေဆိုတော့ Hard Diskကိုမသိတဲ့သူရှိပါတယ် Hard disk memory နဲ့ RAM Memory ကိုမကွဲပြား
တဲ့သူတွေလည်း အများကြီးပါ အဲ့လိုလူတွေ အားလုံးဟာ ကျနော့်သူငယ်ချင်း
တွေပါပဲ ရီလည်းရီနေရပါတယ်
ဆိုင်မှာ ကွန်ပျူတာဝယ်တော့ Ram 500GB ပါတဲ့ကွန်ပျူတာ ပြခိုင်းတယ် ဆိုင်ကပြောတယ် Ram 500 တော့ငါ့ဆိုင်
မှာမရောင်းဘူး Hard disk 500ကွဲ့  ဆိုသတတ်ဟူ၍ ကြားဖူးတာမဟုတ်
ကြုံဘူးတာ လက်တွေ့ ပါ ကွန်ပျူတာဝယ်ရင် ဘူးသီးဖတ် တွေကြားမှာ မူးကြီး
မတ်ဖြစ်နေတဲ့မောင်(စွယ်စုံကျမ်း)ကိုခေါ်ကြပါတယ်
ဆိုပါသေးတယ်သူတိုကအကို ပစ္စည်းကောင်းတာပြ ငွေရေးကြေးရေး No problem , Don`t worry ,
Never mind နဲ့ ချပါသေးတယ် စာလုံးပေါင်းခိုင်းတော့ Plastic နဲ့  problem
တောင်ချမရေးနိုင်ပါဘူး အရေးမကြီးပါဘူး ABC နဲနဲ ရရင် သုံးတတ်အောင်
တော့သင်ပေးလို့ ရတယ် ထွန်းပေါက်အောင်မြင်ဖို့ ကတော့ ပညာအခြေခံမြင့်
မှဖြစ်မယ် မတတ်လည်း ကျနော် စာပါသင်ပေးပါတယ်
တတ်သလောက်ပေါ့တတ်တာကတော့တတ်နိုင်ပါတယ် ဘာပဲဖြစ်ဖြစ် ရေခြားမြေခြား နိုင်ငံခြားမှာ
မိဝေးဖဝေး နဲ့  အလုပ်ကြိုးစား ပိုက်ဆံရှာဖွေနေတဲ့ ကျနော်တို့ တွေ အတွက်
အငတာနက်သုံးခြင်းဟာများစွာသောဗဟုသုတတွေ ရစေသလို အပျင်းလည်း
ပြေ ပညာလည်းရ ပေါ့ အခြေခံပညာတွေ မမြင့်ကြပေမယ့် ၀ါသနာပါသူတွေ
သင်ရတာနားပေါက်လွယ်ပါတယ်
အဲ့လိုလူလေးတွေကြားထဲမှာ အမောင် ကမူးကြီးမတ်ပါ ဘူးသီးဖတ်လေးတွေနဲ့  ပညာရှာရင်း အင်တာနက်စာမျက်နှာက
တဆင့် မောင်(စွယ်စုံကျမ်း) ကို တိုက်ဆိုင်သူရှိရင် အကျိုးထူးစေဖို့ ရည်ရွယ်
ရေးသားတင်ဆက်နေခြင်းဖြစ် ကြောင်းအသိပေးရင်း Hrad Disk Checking
ကို လေ့လာကြပါစို့ ....................။
ဒီမှာ Download ယူ ပါ Check Drive and Repair Error
အသေးစိတ်ကြည့်ရန် http://www.checkdrive2011.com
http://www.zwmnna.com/
2/08/2012
Hard Disk အမှားတွေကိုစစ်ပေး .....
2/08/2012
Dim




