2/27/2012

ဘဝအတွက် အာဟာရ စကားများ

၁) မျှော်လင့်ချက်သာ..ရှိပါစေ...
ဘ၀တိုတာရှင်သန်လို့...အကောင်းဆုံး အရာတွေပါပဲ။....

၂) သူပြုံးပြမှ ကိုယ်ပြုံးပြမဲ့အစား..
ကိုယ်ကစပြီး..ပြုံးပြလိုက်ပါနော်။

၃) လွယ်တယ်ဆိုပြီး...မပေါ့နဲ့..
ဘ၀ရဲ့...သီအိုရီမှာ..အသေးအဖွဲ.. .မရှိ။...

၎) ယုံကြည်မှုရှိမှ..အရာရာတိုင်းကို
ရင်ဆိုင်ရဲတဲ့....စွမ်းအားနဲ့ သတ္တိရှိမှာပါ။....

၅) မစဉ်းစားပဲ...လုပ်လိုက်တာ..မှန် သွားရင်တောင်
အကြိမ်တစ်ရာမှာ...တစ်ခါလောက်ပဲဖြစ်မှာပါ။...

၆) ဖန်ခွက်ထဲမှာရေတစ်စက်...ရှိတာဟာ ...
လုံးဝမရတာထက်စာရင်...တော်ပါသေးတယ်။..

၇) ကံတရားပါ ...ကွာလို့ပြောနေသရွေ့....
ဥာဏ်သမား ....ဖြစ်လာမှာ...မဟုတ်ဘူး။

၈) စေတနာ...သည်..ကံတရား၏ အရင်းအမြစ်..ဖြစ်သည်။

၉) သံသယ...ပျောက်စေဖို့..အကောင်းဆုံးနည်းလမ်းကတော့
လုံးဝယုံကြည်....နေလိုက်ဖို့ပါပဲ။...

၁၀) ကိုယ်တိုင်ခံစားဖူးမှ....ကိုယ် ချင်းစာမယ်ဆိုရင်တော့
မင်းဟာ...လူမိုက်ပဲ။

၁၁) ကံကြမ္မာဆိုတာ..လူတစ်ယောက်ရဲ့
စိတ်ဓါတ်ကိုတောင်...ပြောင်းလဲ ပစ်နိုင်ပါတယ်။

၁၂) လိုအပ်တဲ့အခြေအနေတွေ...အားလုံြး ပည့်စုံမှ
အလုပ်လုပ်မယ်ဆိုပြီး..ထိုင်စောင့်နေတဲ့သူဟာ
အလကားအချိန်ဖြုန်းနေတာပါပဲ။

၁၃) လူတိုင်းအမှားနဲ့..မကင်းပေမဲ့
ခဏခဏတော့မမှားသင့်ဘူးလေ။....

၁၄) ဘ၀ဆိုတာ...ပညာရေးဖြစ်ပြီး
လူ့အဖွဲ့အစည်းကတော့ကျောင်းပါပဲ။

၁၅) ဒုက္ခအနီးတွင်..သုခရှိ၏။

၁၆) ဘ၀မြင့်သွားပေမဲ့....ဘ၀င်မမြင့် ပါစေနဲ့။

၁၇) ရိုးသားမှုကိုထိခိုက်လာရင်....မာ နဆိုတဲ့
လက်နက်ကို...ထုတ်သုံးရလိမ့်မယ်........သူငယ်ချင်း။..

၁၈) ဘ၀သည် အစမ်းသဘော နေထိုင်ခွင့်မရှိသော...အရာ။

၁၉) ပျက်စီးခြင်းတွေထဲမှာ...ဆုံးရှုံးမှုအများဆုံးကတော့
စိတ်ဓါတ်ပျက်စီးခြင်းပဲ..........သူငယ်ချင်း။

၂၀) အချစ်အတွက်နဲ့အသက်ပင်သေသေ...ဆို ပြီး
ဂုဏ်ယူမနေကြပါနဲ့။....
အဲဒါ...မိုက်ရူးရဲဆန်တာပဲ။....

၂၁) နားလည်မှုတွေရှိနေသရွေ့...မေတ္တာ တရားဆိုတာ
မွေးဖွားနေဦးမှာပဲ။.......

၂၂) ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ... အပြုံးဟာ
အခြေခံ အကျဆုံးအရာတစ်ခုပါ။....

၂၃) ဒေါသရဲ့ နောက်ကွယ်မှာ.....အမှားဆိုတာ
အမြဲဒွန်တွဲနေလျက်ပါ။.....
Posted by popo