သူငယ်ချင်း----
နားနှစ်ဖက်လုံးကောင်းတဲ့ မင်းက
ဘာဖြစ်လို့ -တစ်ဖက်ပြောသမျှပဲနားဝင်
ဘက်လိုက်ပြီး မဆင်မခြင်ဆုံးဖြတ်
ဒေါသ ထွက်နေရတာလဲ ---
ဦးဏှောက်ဆိုတာ
အလယ်ဗဟိုလ်မှာနေပြီး
နှစ်ဖက်ပြောသမျှ လက်ခံကြားနာ
ဆုံးဖြတ်တဲ့ အရာမဟုတ်လား--
သူငယ်ချင်း--
မျက်လုံးနှစ်ဖက်ကောင်းပြီး
ဘာကြောင့် အမြင်စောင်းရတာလဲ
လောကကြီးကို
မျှမျှ တတ မြင်စေဖို့
သဘာဝ မိခင်က မင်းတို့ ငါတို့ကို
မျက်လုံးနှစ်လုံးပေးထားတာ
မင်းလေးစားသင့်ပါတယ် --
သူငယ်ချင်း---
စကားပြောတဲ့ ပါးစပ်ကိုတော့
ဟိုမှာတစ်မျိုး ဒီမှာတစ်မျိုး
အမျိုးမျိုးမပြောစေချင်လို့
တစ်ပေါက်ထဲသတ်မှတ်
ဒါတင်မက---
စားသောက်တဲ့တာဝန်
တွဲဖက်ပြီးကျေပြွန်စေရတာ
ဘာဖြစ်လို့ပါလဲ--
( စကားကို အမျိုးမျိုးမပြောပဲ
လိုသလောက်ပဲ ပြောစေချင်လို့---တဲ့)
ဒါပေမယ့်
ငါတို့ အဲဒီလိုများ
လိုက်နာကြရဲ့လား -- လို့
အင်း -----------
ကျန်တဲ့ ကိုယ်အင်္ဂါတွေတော့
ကိုယ့်ဖာသာ စဉ်းစားတွက်
ငါ ပြောမထွက်ဖူး ။ ။
သဘာဝက နှစ်ခုပေးရင်
တစ်မျိုးပဲသုံးတယ်
သဘာဝက တစ်ခုပဲပေးရင်
နှစ်မျိုး သုံးမျိုးသုံးတယ်
အဲဒါဆိုရင် သံသရာဆုံးမှာမဟုတ်ဘူး
သဘာဝက အလွန်စနစ်ကျပြီး
အပို အလို မရှိဖြစ်စေချင်တာ
ငါလဲ လေးစားတာနဲ့
တတ်နိုင်သမျှ
သဘာဝရဲ့ အလိုကျ လိုက်လုပ်နေရတယ်.။ ။
ရွှင်လန်းချမ်းမြေ့ကြပါစေ
WRITTEN BY ကိုစိုးနိုင်
2/27/2012
ကြံကြံဖန်ဖန် အတွေးများ ---
2/27/2012
Dim




