1/27/2012

'ကမ္ဘာ့အကြီးဆုံးပညတ်တော် ဆယ်ပါး ဖိလစ်ပိုင်ရရှိ'



သမ္မာကျမ်းလာ ပညတ်တော် ဆယ်ပါး ထွင်းထုထားသည့် အဆောက် အအုံတစ်ခု အရွယ် ပမာဏရှိ ဗိမာန်တစ်ခုကို ဖိလစ်ပိုင် တွင် အောက်တိုဘာ ၂၆ ရက်နေ့က ဖွင့်လှစ်ပြသခဲ့သည်။ ဂင်းနစ်ကမ္ဘာ့ စံချိန်များအရ ကမ္ဘာ့အကြီးဆုံး ပÓတ်တော် ဆယ်ပါး ဗိမာန်ဖြစ် သည်။ ဆီနိုင်း တောင်ထိပ်ပေါ်တွင် ဘုရားသခင်က မိုးဇက်သို့ လက် ဆင့်ကမ်းပေးခဲ့သည်ဆိုသောဥပဒေ စည်းမျဉ်းများ၏ မိတ္ထူ ကျောက်စာ တိုင်ကို ဖိလစ်ပိုင်နိုင်ငံတော် မြောက် ပိုင်း ဘာဂွီယိုအပန်းဖြေ မြို့အား အုပ်မိုးထားသော တောင်ကုန်း တစ်ခုပေါ်၌ မြို့အရာရှိများက တရားဝင်ဖွင့်လှစ်ခဲ့သည်။ ဒေသခံ ဘာသာရေး အုပ်စုတစ်ခုသည် စတု ရန်းပေ ၁၆၅၀ (၁၅၂ ဒသမ ၉၀ စတုရန်းမီတာ)ရှိ ကျောက်စာတိုင် ကို မြို့သို့လှူဒါန်းခဲ့ပြီး စာရွက်စာ တမ်း အထောက်အထားတစ်ခုကို ဂင်းနစ်ကမ္ဘာ့စံချိန်များအဖွဲ့သို့ တင် ပြခဲ့သည်။ ဖွင့်ပွဲတွင် ဘာဂွီယိုကွန်ဂရက် အမတ် ဘာနာဒိုဗာဂါရာက“ဒီ လှပတဲ့ ကောင်းကင်ဘုံဗိမာန်ဟာ မကောင်းဆိုးရွားဝိဥာဉ်များကို မောင်းထုတ်မှာဖြစ်သလို တရား မဝင် မူးယစ်ဆေးဝါးရောင်းဝယ်သူ များ၊ လောင်းကစား၊ ပြည့်တန် ဆာလုပ်တဲ့ မကောင်းဆိုးရွားများ ကိုပါ မောင်းထုတ်လိမ့်မယ်” ဟု ပြောကြားခဲ့သည်။ ကျောက်စာတိုင် ဖြစ်မြောက်ရေး ကမကထပြုလုပ်ခဲ့ သည့် ဘာသာရေးခေါင်းဆောင် ဂရေ့စ် ဂါလင်ဒက်ဇ်ဂူပါနာသည် ၂၀ဝ၉ ခုနှစ်က မနီလာအပြင်ဘက် တောင်ကုန်းတစ်ခုပေါ်တွင် ၆၅ စတုရန်းမီတာရှိ ကျောက်စာတိုင် တစ်ခုကို တည်ဆောက်ခဲ့သည်။