1/25/2012

ကန်စွန်းဥနှင့် ကျန်းမာရေး

ကန်စွန်းဥဟာလူလတ်ပိုင်းများအတွက်အကောင်းဆုံးအစားစာပဲဖြစ်ပါတယ်။ ကန်စွန်းဥဟာ အရောင်မျိုးစုံရှိပြီး သူ့အရောက်အလိုက်ဆေးဖက်ဝင်ပါတယ်။

ခရမ်းရောင်ရှိသောကန်စွန်းဥ - အသည်းကိုကောင်းမွန်စေပါတယ်။ သွေးလည်ပတ်မှုအတွက်နဲ့ ဆီးချိုအတွက်လည်း စားသုံးရန်သင့်တော်ပါတယ်။ Anthocyanin ပါတဲ့အတွက်ကြောင့် ဓာတ်တိုးခြင်းကို ထိန်းပေးပါတယ်။ သွေးတိုးခြင်းကို ထိန်းပေးတဲ့အတွက် သွေးတိုးသမားတွေလည်း စားသုံးသင့်ပါတယ်။

လိမ္မော်ရောင်ကန်စွန်းဥ - Vitamin A,C,E ပါဝင်ပြီး၊ အမြင်အာရုံအတွက်အထောက်အကူပြုပါတယ်။ သွေးချိုကိုထိန်းပေးပြီး လိမ္မော်ရောင်ကန်စွန်းဥကို အစိမ်းစားရင်ပိုပြီး အာနိသင်ရှိကြောင်း သိရပါတယ်။

အောက်ပါအချက်အလက်များကိုကြည့်ခြင်းအားဖြင့် လူကိုအိုမင်းရင့်ရော်စေသော ဓာတ်တိုးနှုန်းဟာ ကန်စွန်းဥမှာအနည်းဆုံးပါဝင်ကြောင်း သိရှိနိုင်ပါတယ်။

ဆန် - ဓာတ်တိုးနှုန်း (၁၀၀)

အာလူး- ဓာတ်တိုးနှုန်း(၈၅)

ပေါင်မုန့် - ဓာတ်တိုးနှုန်း(၇၂)

ထမင်း - ဓာတ်တိုးနှုန်း(၉၂)

ကန်စွန်းဥ - ဓာတ်တိုးနှုန်း (၄၄)



နောက်ပြီး ကန်စွန်းဥဟာအရောင်အလိုက် ဓာတ်တိုးနှုန်းကို ထိန်းပေးပါသေးတယ်။



ကန်စွန်းဥ ဓာတ်တိုးနှုန်းကိုထိန်း

အ၀ါ ၁၆

အဖြူ ၁၂

လိမ္မော် ၂၁

ခရမ်း ၈၃

တို့ပဲဖြစ်ကြပါတယ်။


ကန်စွန်းဥကိုဘယ်လိုစားမလဲ??

၃၀၀ကီလိုဂရမ်ရှိသော ကန်စွန်းဥခပ်ကြီးကြီး၂လုံးကို ထမင်းအစားထိုးအနေနဲ့ ဖုတ်ပြီးစားသင့်ပါတယ်။

ဆီးကောင်းစေပြီး၊ ကိုလက်စရောကိုကျစေတဲ့ ဖီနောကွန်ပေါင်းပါဝင်လို့ ကန်စွန်းဥကို အခွံပါစားသင့်ပါတယ်။

"ကန်စွန်းပင်၏အကျိုးသက်ရောက်မှု"

ကန်စွန်းမြစ် - ဗီတာမင်နည်းပါး

ကန်စွန်းရွက် -ဗီတာမင် C,E ပါ

ကန်စွန်းရိုး -ဗီတာမင် A ပါ။

ခုဖော်ပြခဲ့တဲ့ဟာတွေက ကျွန်တော်သိထားသလောက်ပဲဖော်ပြထားတာဖြစ်ပြီး အခြားအကျိုးကျေးဇူးတွေလည်း ကျန်ရှိသေးကြောင်း သူငယ်ချင်းများအတွက် ဗဟုသုတရစေရန်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ . . .။

မင်းကြီး

www.21-century.webs.com

www.knowledge-earth.blogspot.com



@@@@@@@@@@@@@@@@@@@@@@@@@@@

ကန်စွန်းဥနှင့် ကင်ဆာရောဂါ

အစာလည်းဆေး ဆေးလည်းအစာ

ကန်စွန်းဥဟာ ချိုပြီး အဟာရပေါကြွယ်ဝတယ်။ဗီတာမင် စီနှင့်အေ ပိုများတယ်။ အမြဲတမ်းစားပေးရင် ခန္ဓာကိုယ်ကို ကျန်းမာစေပြီး အသက်ရှည်စေတယ်။

ကန်စွန်းဥမှာ ဖိုင်ဘာအမျှင်များပြားစွာ ပါဝင်လို့ အစာအိမ်နှင့် အူအတွင်းရွေ့လျားမှုကို မြှင့်တင်ပေးတဲ့အတွက် ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးတယ်။ လိပ်ခေါင်းရောဂါနှင့် စအိုကွဲနာတွေကို သက်သာပျောက်ကင်းစေပါတယ်။

အူမကြီးကင်ဆာနှင့် စအိုပြွန် ကင်ဆာရောဂါတို့ကို ကာကွယ်ပေးရာမှာ အကျိုးပြုတယ်။

အနောက်နိုင်ငံ သုတေသနပြုချက်အရ ဟော်မုန်း အတုလို့ ခေါ်နိုင်တဲ့ ဓါတ်တွေပါဝင်လို့
ရင်သားကင်ဆာနှင့် အူမကြီးကင်ဆာတို့ကို ထိန်းချုပ်နိုင်တယ်လို့ ဆိုပါတယ်။

ထို့ပြင် ၀တဲ့လူတွေ အဆီချဖို့ ကန်စွန်းဥကို စားသုံးနိုင်ပါတယ်။

အရိုးအဆစ်များ၊ သွေးကြောများဝန်းကျင်မှာ ဒုက္ခပေးတဲ့ရောဂါကိုလည်း ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။

ကန်စွန်းဥကို ပူနွေးစဉ်စားသုံးသင့်တယ်။စားတဲ့အခါမှာလည်း ဆီနဲ့ တို့စားသင့်ပါတယ်။ကန်စွန်းဥမှာပါတဲ့ ဓါတ်တစ်ချို့ဟာ ဆီမှာ ပျော်လွယ်ပြီး အစာအိမ်က စုပ်ယူမှုအားကောင်းစေလို့ ဖြစ်ပါတယ်။

အစာအိမ် အချဉ်ပေါက်တတ်သူတွေကတော့ ကန်စွန်းဥက အစာအိမ်ထဲမှာ အက်စစ်လိုဖြစ်ပေါ်စေလို့ ရှောင်ကြဉ်သင့် ပါတယ်။

ကန်စွန်းဥအခွံမှာ အမည်းစက်ပွင့်နေရင်၊ အညှောင့်ပေါက်နေရင် မစားသင့်ပါ။
အဆိပ်သင့်တတ်ပါသည်။

မြန်မာသူငယ်ချင်းများအဖွဲ့မှ ဖတ်ထားတာလေးတွေကို ပြန်ရှယ်လိုက်ပါတယ်။