8/27/2015

Victory Kiss

သြဂုတ်လ၁၅ရက်နေ့က ဂျပန်တွေ ခြွင်းချက်မဲ့လက်နက်ချအညံ့ခံခဲ့တဲ့နေ့ နှစ်၇ဝမြောက်အထိမ်းအမှတ်နေ့ဖြစ်တယ်။
စစ်နှောင်းပိုင်း ၁၉၄၅ခုနှစ် သြဂုတ်လ ၆ရက်နဲ့ ၉ရက်နေ့မှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့ နာကာဆာဂီကို အမေရိကန်စစ်တပ်တွေ အနူမြူဗုံးကြဲချခဲ့လို့ အဲဒီမြို့နှစ်မြို့ကလူပေါင်း ၁သိန်း၎သောင်းကျော်သေဆုံးခဲ့ရတယ်။

၁၉၄၅ခုနှစ် သြဂုတ်လ ၁၅ရက်နေ့မှာ ဘုရင်Emperor Shōwa (Hirohito) က “စစ်ပြီးဆုံးအမိန့်ပြန်တမ်း”ကို ထုတ်ပြန်ခဲ့ပြီး အမေရိကန်၊ အင်္ဂလန်၊ တရုတ်၊ ရုရှား ၄နိုင်ငံဆီ ခြွင်းချက်မဲ့လက်နက်ချအညံ့ခံခဲ့တယ်။
အဲဒီလိုထုတ်ပြန်ကြေညာချိန်က အမေရိကန်နိုင်ငံဖက်မှာ သြဂုတ်လ ၁၄ရက်ဖြစ်နေပါတယ်။ အဲဒီမင်္ဂလာသတင်းကြောင့် လူအများဟာ နယူးယောက်မြို့ Times Squareမှာ လာရောက်စုဝေးပြီး အောင်ပွဲကိုကျင်းပခဲ့ကြတယ်။
ရုတ်တရက်ကျရောက်လာတဲ့ ဝမ်းသာပျော်ရွင်မှုကြောင့် ရေတပ်သား George Mendonsa ဆိုသူဟာ သူ့နံဘေးနားက သူမရင်းနှီးတဲ့ သူနာပြုဆရာမ Greta Friedman ကို ဆွဲဖက်နမ်းလိုက်မိပါတယ်။ Greta Friedman ကလည်း မငြင်းဆန်ခဲ့ပါဘူး။ သူတို့နမ်းနေတဲ့ပုံကို ဓာတ်ပုံဆရာတစ်ဦးက လျပ်တပြက် ကင်မရာခလုတ်ကိုနှိပ်ချလိုက်ပြီး နောင်တစ်ချိန်မှာ သမိုင်းဝင်လာမယ့်ဓာတ်ပုံတစ်ပုံကို မှတ်တမ်းတင်ရိုက်ကူးခဲ့မိလိုက်တယ်။ အဲဒီအနမ်းကို အောင်မြင်ခြင်းအနမ်း “Victory Kiss” လို့ခေါ်ဆိုခဲ့ကြတယ်။
အဲဒီကစ နှစ်စဉ်နှစ်တိုင်း သြဂုတ်လ ၁၄ရက်နေ့ရောက်တိုင်း နေရာအရပ်ရပ်ကလူအများဟာ နယူးယောက် Times Squareဆီလာပြီး အောင်မြင်ခြင်းအနမ်းနဲ့ ဒုတိယကမ္ဘာစစ်ပြီးဆုံးကြောင်းကို အထိမ်းအမှတ်ပြုကြတယ်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးတာနှစ်ပေါင်း ၇ဝရှိခဲ့ပါပြီ… ဒီတစ်နှစ်မှာတော့ အောင်မြင်ခြင်းအနမ်းရုပ်တုကြီးတစ်ခုကို နယူးယောက်Times Squareမှာ စိုက်ထူခဲ့ပါတယ်။ ကယ်ရီဖိုးနီးယားပြည်နယ် San Diego က USS Midway Museum ဘေးမှာလည်း အဲဒီလိုရုပ်တုတစ်ခုရှိပါသေးတယ်။
သြဂုတ်လ ၁၄ရက်နေ့တုန်းက နယူးယောက် Times Squareမှာ လူမျိုး၊ ဘာသာမခွဲ၊ အသားအရောင်မခွဲ၊ အသက်အရွယ်မရွေးတဲ့လူအများအပြားဟာ ကိုယ့်ချစ်သူ၊ ကိုယ့်ဇနီးမယားကို စစ်ပွဲပြီးဆုံးခြင်းအထိမ်းအမှတ်အဖြစ် အောင်မြင်ခြင်းအနမ်းနဲ့ နမ်းနေကြလေရဲ့…..
သြဂုတ်လ ၁၄ရက်နေ့က ဂျပန်တွေဟာ လက်နက်ချအညံ့ခံကြောင်း ကြေညာတာဖြစ်တယ်။ လက်နက်ချအညံ့ခံကြေညာခဲ့ပေမယ့် ပြည်ပရောက်ဂျပန်စစ်တပ်တချို့က အညံ့မခံလိုခဲ့ကြဘူး၊ ဆက်လက် ဆန့်ကျင်ခဲ့ကြပါသေးတယ်။ တကယ့်အောင်မြင်တဲ့နေ့က စက်တင်ဘာလ ၂ရက်နေ့ဖြစ်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mamoru Shigemitsu က ဂျပန်တိုကျိုဆိပ်ကမ်းမှာရပ်နားထားတဲ့ အမေရိကန်ရဲ့နောက်ဆုံးသဘောင်္တစ်စင်းဖြစ်တဲ့ USS Missouri BB-63 စစ်သဘောင်္ပေါ်တက်ပြီး “လက်နက်ချအညံ့ခံ” လက်မှတ်ရေးထိုးပြီးမှ ဒုတိယကမ္ဘာစစ် အမှန်တကယ်ပြီးဆုံးတာဖြစ်ပါတယ်။
*** ဖတ်မိသမျှ ဘာသာပြန်မျှဝေပါတယ်........နိုင်းနိုင်းစနေ FB မှကူးယူပါသည်။
သြဂုတ်လ၁၅ရက်နေ့က ဂျပန်တွေ ခြွင်းချက်မဲ့လက်နက်ချအညံ့ခံခဲ့တဲ့နေ့ နှစ်၇ဝမြောက်အထိမ်းအမှတ်နေ့ဖြစ်တယ်။

စစ်နှောင်းပိုင်း ၁၉၄၅ခုနှစ် သြဂုတ်လ ၆ရက်နဲ့ ၉ရက်နေ့မှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့ နာကာဆာဂီကို အမေရိကန်စစ်တပ်တွေ အနူမြူဗုံးကြဲချခဲ့လို့ အဲဒီမြို့နှစ်မြို့ကလူပေါင်း ၁သိန်း၎သောင်းကျော်သေဆုံးခဲ့ရတယ်။

၁၉၄၅ခုနှစ် သြဂုတ်လ ၁၅ရက်နေ့မှာ Emperor Shōwa (Hirohito) က “စစ်ပြီးဆုံးအမိန့်ပြန်တမ်း”ကို ထုတ်ပြန်ခဲ့ပြီး အမေရိကန်၊ အင်္ဂလန်၊ တရုတ်၊ ရုရှား ၄နိုင်ငံဆီ ခြွင်းချက်မဲ့လက်နက်ချအညံ့ခံခဲ့တယ်။

အဲဒီလိုထုတ်ပြန်ကြေညာချိန်က အမေရိကန်နိုင်ငံဖက်မှာ သြဂုတ်လ ၁၄ရက်ဖြစ်နေပါတယ်။ အဲဒီမင်္ဂလာသတင်းကြောင့် လူအများဟာ နယူးယောက်မြို့ Times Squareမှာ လာရောက်စုဝေးပြီး အောင်ပွဲကိုကျင်းပခဲ့ကြတယ်။

(လွန်ခဲ့တဲ့ နှစ် ၇ဝက Times Squareပုံ)

ရုတ်တရက်ကျရောက်လာတဲ့ ဝမ်းသာပျော်ရွင်မှုကြောင့် ရေတပ်သား George Mendonsa ဆိုသူဟာ သူ့နံဘေးနားက သူမရင်းနှီးတဲ့ သူနာပြုဆရာမ Greta Friedman ကို ဆွဲဖက်နမ်းလိုက်မိပါတယ်။ Greta Friedman ကလည်း မငြင်းဆန်ခဲ့ပါဘူး။ သူတို့နမ်းနေတဲ့ပုံကို ဓာတ်ပုံဆရာတစ်ဦးက လျပ်တပြက် ကင်မရာခလုတ်ကိုနှိပ်ချလိုက်ပြီး နောင်တစ်ချိန်မှာ သမိုင်းဝင်လာမယ့်ဓာတ်ပုံတစ်ပုံကို မှတ်တမ်းတင်ရိုက်ကူးခဲ့မိလိုက်တယ်။ အဲဒီအနမ်းကို အောင်မြင်ခြင်းအနမ်း “Victory Kiss” လို့ခေါ်ဆိုခဲ့ကြတယ်။
သူတို့နမ်းနေတဲ့ပုံကို ဓာတ်ပုံဆရာတစ်ဦးက လျပ်တပြက် ကင်မရာခလုတ်ကိုနှိပ်ချလိုက်ပြီး နောင်တစ်ချိန်မှာ သမိုင်းဝင်လာမယ့်ဓာတ်ပုံတစ်ပုံကို မှတ်တမ်းတင်ရိုက်ကူးခဲ့မိလိုက်တယ်။ အဲဒီအနမ်းကို အောင်မြင်ခြင်းအနမ်း “Victory Kiss” လို့ခေါ်ဆိုခဲ့ကြတယ်။
အဲဒီကစ နှစ်စဉ်နှစ်တိုင်း သြဂုတ်လ ၁၄ရက်နေ့ရောက်တိုင်း နေရာအရပ်ရပ်ကလူအများဟာ နယူးယောက် Times Squareဆီလာပြီး အောင်မြင်ခြင်းအနမ်းနဲ့ ဒုတိယကမ္ဘာစစ်ပြီးဆုံးကြောင်းကို အထိမ်းအမှတ်ပြုကြတယ်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးတာနှစ်ပေါင်း ၇ဝရှိခဲ့ပါပြီ… ဒီတစ်နှစ်မှာတော့ အောင်မြင်ခြင်းအနမ်းရုပ်တုကြီးတစ်ခုကို နယူးယောက်Times Squareမှာ စိုက်ထူခဲ့ပါတယ်။

ကယ်ရီဖိုးနီးယားပြည်နယ် San Diego က USS Midway Museum ဘေးမှာလည်း အဲဒီလိုရုပ်တုတစ်ခုရှိပါသေးတယ်။
ဒီတစ်နှစ်မှာတော့ အောင်မြင်ခြင်းအနမ်းရုပ်တုကြီးတစ်ခုကို နယူးယောက်Times Squareမှာ စိုက်ထူခဲ့ပါတယ်။