8/20/2015

ဆီးချိုရောဂါအတွက် ဟပ်က ( Hokkien ) လူမျိုးတို့ ရဲ့  ရိုးရာဆေးနည်း

💊 လူတယောက်ဟာ တနေ့ မှာနေမကောင်းဖြစ်သတဲ့ 💊
🐒 သူဟာ အာတွေခြောက်ပြီး အမြဲရေဆာ
ထမင်းလည်း အမြဲဆာနေသလို တုန်နေသတဲ့
ချွေးစေးတွေပြန် ဆီးကခဏခဏသွားတာနဲ့ ဆရာဝန်ပြ စစ်ဆေးကြည့်တော့ ဆီးချိုရောဂါ ဖြစ်နေပါသတဲ့

🍵ဒီလို နဲ့  ဆေးစားလာတာ ၂ နှစ်လောက် ကြာပါတယ်
အသက် ၅၇ မှာ မလေးရှားက သူ့ မောင်နှမတွေဆီလာလည်တော့ သူ့ မှာ ဆီးချို ရောဂါဖြစ်နေတာကို သိတော့ ညီတယောက်က ဒီကြက်သံပုရာပေါင်းကို လုပ်ကျွေးပါတယ်
နှစ်ပေါင်း ၂၅ နှစ်လောက် ဆီးချို ရောဂါ ခံစားနေရတဲ့သူက ဒီနည်းနဲ့ ပျောက်ကင်းသက်သာရာရခဲ့လို့  သူလည်း ပျောက်ချင်စိတ်နဲ့  သောက်ပါသတဲ့
 🐔ကြက်ပေါင်းနည်းက ၆၀သားလောက် အနေတော် ကြက်တကောင်ကို ခြေထောက်နဲ့  ခေါင်း ဖြတ်ပြီး သံပုရာသီး ၄ လုံးကို ထက်ခြမ်းခွဲ ထည့် ဆား အနည်းငယ် နဲ့  ရေကို ကြက်မြုပ်ရုံထည့်ပြီး ပေါင်းတာ ပါပဲ

🐔 အဲဒီကြက်ပေါင်းကို သူ့ ဆွေမျိုးတွေက သူမလေးရှားမှာနေစဉ် ၄ ကြိမ် လုပ်ကျွေးခဲ့တယ်
အရသာက ဆိုးတော့ ကြက်တကောင်ပေါင်းရင် ကုန်အောင် တပတ်လောက်ထားစားရသတဲ့
သူက ဆွပ်ပ် သောက်သလို သောက်လိုက် ညလယ်စာအဖြစ် တရေးနိုးထစားလိုက်နဲ့  လုပ်ခဲ့ပါတယ်

🐣ဒီလိုနဲ့  ၂ လ အကြာ သူ ထိုင်ဝမ်ကို ပြန်တဲ့အခါ ဆေးစစ်ကြည့်တော့ ဆီးချို အတက်အကျ မရှိတော့လို့  ဆရာဝန်က ဆီးချိုအတွက် သောက်ရတဲ့ဆေးတွေ ဖြတ်ပေးလိုက်ပါတယ်
ဆီးချိုတိုင်း ကိရိယာလေးနဲ့  အမြဲပဲ စောင့်စစ်ဆေးတော့လဲ ပုံမှန်ပဲ ဖြစ်နေပါတယ်
အဲဒီနောက်ပိုင်းလည်း တစ်လ တကြိမ်လောက်တော့ လုပ်စားဖြစ်ပါတယ်

👫ခုဆို သူဟာ အသက် ၇၁ နှစ် သားသမီး မြေးမြစ်တွေရှိရာ ကနေဒါနဲ့  အမေရိကား မှာ သွားရောက်နေထိုင်ရင်း ကျန်းမာစွာနဲ့  ဘဝကို ဖြတ်သန်းနေပါသတဲ့

🍴 ဆီးချိုအတွက် လုပ်စားကြည့်လို့ လည်း ဥပါဒ် မဖြစ်နိုင် ပျောက်ရင် အမြတ် မပျောက်ရင် အရင်း ဆိုပြီး ဆီးချို ဝေဒနာသည်တယောက်ကို ဒီနေ့  ကြက်သံပုရာပေါင်း လုပ်ကျွေးပါတယ်

🍜*အတွင်းကလီစာများကို ထုတ်ပြီး သန့် စင်ထားတဲ့ ကြက် ( မွေးမြူရေးကြက်မဟုတ်တဲ့ ဗမာကြက် ရရင် ပိုကောင်းပါတယ် )
ကို ခေါင်း နဲ့  ခြေထောက်ဖြတ်ပြီး သံပုရာသီး ၄ လုံးကို ကို ခြမ်းပြီး ကြက်ကို ရေမြုပ်ရုံထည့် ပြီး မီးအေးအေး မှာ ၂ ထပ်ပေါင်းအိုးနဲ့  ၁ နာရီ နီးပါး ပေါင်းပါတယ်

🍲 ဒယ်အိုးထဲမှာရေထည့်ပြီး ကြက်ထည့်ထားတဲ့ အိုးကိုထည့်ပေါင်းလည်းရပါတယ်

🍖ဟပ်က ( Hokkien ) လူမျိုးတို့ ရဲ့  ရိုးရာဆေးနည်းလို့  သိရပါတယ်

🍌ဆေးလည်းအစာ အစာလည်းဆေး ပေါ့နော် ..

Credit to Original Uploader
ဆီးချို သွေးတိုး နှင့် အ၀လွန်ရောဂါ ကာကွယ်နည်း မှကူးယူပါသည်