8/20/2015

ဂျပန်နိုင်ငံက အိုခီနာဝါသူတွေ ဘာ့ကြောင့် နှစ် ၁၀၀ ထိအောင် အသက်ရှည်ရသလဲ?

အိုခီနာဝါ သူတွေရဲ့ အသက်ရှည်ရတဲ့ အရေးကြီးသောအစားအစာ (၈) မျိုးကို ပြောပြချင်ပါတယ်။

 💌 (၁). ကြက်ဟင်းခါးသီး ゴーヤ
သိပ်မမှည့်သေးတဲ့ ကြက်ဟင်းခါးသီး အစိမ်းကို အစားအစာအဖြင့် ကြော်လှော် ချက်ပြုတ် စားသောက်တတ်သော အလေ့အထရှိခြင်း။ ကြက်ဟင်းခါးသီးကို ကြက်ဥဖောက်၍ ခါနိုဒါ (キャノラ油)ဆီဖြင့်မွှေကြော်ခြင်း၊ ဒါမှမဟုတ် ကြက်ဟင်းခါးသီးကို ပါးပါးလှီး၍ ဆန်းဒွီင့် (sandwich)မှာထည့်ပြီးစားသုံးခြင်း နင့် ဆူစီထမင်းလိပ်တွေမှာထည့်၍ စားသောက်ခြင်းတို့ပဲဖြစ်ပါတယ်။

💌 (၂).မုန်လာဥနီ 人参
အိုခီနာဝါ သူတွေလည်း တို့မြန်မာလူမျိုးတွေလို မုန်လာဥနီကိုစားသုံးကြပါတယ်။ ဒါပေမယ့် မုန်လာဥနီရဲ့ အရွက်တွေကိုတော့ နုတ်နုတ်ကလေးစင်းပြီး ကြက်ဥကိုဖောက်ထည့်၍မွှေကာ ထမင်းနဲ့ကြော်စားကြပါတယ်။ ထို့အပြင် နုတ်နုတ်စင်းထားတဲ့အရွက်တွေကိုဟင်းရည်တွေမှာလည်းထည့်ကာ
 သောက်သုံးကြပါသေးတယ်။

💌 (၃). သပွတ်သီး ヘチマ
အထူးသဖြင့် ဟယ်ချီမ လို့ခေါ်တဲ့ ဂျပန်သဗွတ်သီးတွေကို ဟင်းခတ်အဖြင့်နဲ့ တိုးဟူး မီဆိုး ဟင်းရည်တွေမှာထည့်ကာသောက်သုံးကြပါတယ်။

(၄). အပူအစပ် 辛い野菜と果物
ပူစပ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်မြစ် သစ်ဥတွေဟာ ရောဂါဘယတွေကိုကာကွယ်နိုင်တယ်လို့ယုံကြည်ကြပြီး ဆနွင်းပင်ဆနွင်းမှုန့်ကြတော့ ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်နိုင်ပြီး ငြုတ်သီးဟာ နှလုံးအတွက်ကောင်းမွန်ကာ စမုံစေ့ကိုတော့ ဟင်းခတ်မှုန့်အဖြစ်နဲ့ ခေါက်ဆွဲကြော် သို့ မဟုတ် ခေါက်ဆွဲပြုတ်ရည်တွေမှာထည့်သုံးတဲ့အပြင် ဟင်းသီးဟင်းရွက် ကြော်တွေမှာလည်းသုံးကြပါတယ်။

💌 (၅). ရေငြိ ワカメ
အထူးသဖြင့် ရေငြိပင် အနွယ်ဝင်များဖြစ်ကြတဲ့ ဥပမာ- ကွန်ဘု(こんぶ)၊ နိုရိ(のり)၊ ဟိကျိခိ(ひじき)၊ ၀ါခမဲ(わかめ) တွေကို နေပူလှန်း၊ အခြောက်ခံ အမှုန့်လုပ် အကြွပ်ကြော် အပြုတ်ရည်လုပ်သောက် စတဲ့အမျိုးမျိုးသောဟင်းတွေမှာ အဓိကထည့်၍စားသုံးကြပါတယ်။

💌 (၆). ကန်စွန်းဥ サツマイモ
ကန်စွန်းဥတွေကို တစ်လက်မအထူလောက်လှီးဖြတ်၍ သံလွင်ဆီဖြင့်ကြော်ကာ အကြော်အဖြင့်နဲ့ အဓိကစားသုံးကြတဲ့အပြင် ကန်စွန်းဥ အလုံးလိုက်ကို သစ်ရွက်ဖြင့်အုပ်၍ မီးဖုတ်ကာ သားရေစာအဖြစ်လည်းစားသုံးကြပါတယ်။

💌 (၇). ရောစပ်ဆန် 全粒 (ピラフ)
အိုခီနာဝါ သူတွေဟာ မုယောစပါး၊ ပြောင်းမျိုးနှံစားပင်၊ အညိုရောင်ဆန် စတဲ့ အမျိုးမျိုးသောပြောင်းနှံဆန်တွေကိုရောစပ်ကာ ထမင်းအဖြင့်ချက်စားကြပါတယ်။ သူတို့တွေဟာ ဒီရောစပ်ဆန်တွေကို စားသုံးရင် အားအင်တွေပိုပြီးတိုးကာကျန်းမာစေတယ်လို့ယုံကြည်နေလို့ပဲဖြစ်ပါတယ်။

💌 (၈). ပဲအမျိုးမျိုး 大豆/枝豆
ပဲအမျိုးမျိုးမှထွက်သော သီးနှံတွေဖြစ်ကြတဲ့ တိုဟူး၊ မီဆိုး၊ အယ်ဒါမမဲ(枝豆) လို့ခေါ်သောပဲစိမ်း တွေကိုထမင်းနဲ့ကြော်ပြီး မီဆိုး ကိုတော့ အပြုတ်ရည်အဖြင့်နဲ့ ယှဉ်တွဲကာစာသုံးကြပါတယ်။ ထို့အပြင် တိုဟူး ချီးစ်ကိတ် လည်းလုပ်စားကြပါသေးတယ်။
💒 အိုခီနာဝါသူတွေအသက်ရှည်ရတဲ့အကြောင်းရင်းတွေသိသွားပြီဆိုတော့ သူတိုတွေစားသောက်တဲ့ပုံစံအတိုင်း စားသောက်ချင်တဲအ့ခါ စားသောက်သုံးဆောင်ကြည့်လို့ရပြီပေါ့။
 ဆီးချို သွေးတိုး နှင့် အ၀လွန်ရောဂါ ကာကွယ်နည်း FB မှကူးယူပါသည်။