8/27/2015

ရေကန်လို ခံယူပါ

တခါက ပြသနာတွေနဲ့ လုံးပန်းနေရတဲ့ လူတယောက် သူ၏ဆရာဖြစ်သူထံ ရောက်လာပါတယ်။ရောက်ရောက်ချင်း သူရဲ့ ဒုက္ခတွေ ဆင်းရဲတွေ အကြောင်းကို ငြီးတွားရင်ဖွင့်ပါတယ်။ ဆရာကတော့ ဂရုတစိုက်ပဲ နားထောင်ပေးပါတယ်။တပည့်ဖြစ်သူရဲ့ စကားအဆုံးမှာတော့ မီးဖိုထဲကို သွားပီး လက်တစ်ဖက်စီမှာ ဆားတွေကို ဆုပ်ပီး ပြန်ထွက်လာပါတယ်။နောက် ဘယ်ဘက်လက်ထဲက ဆားတွေကို ရေဖန်ခွက်ထဲကို ထည့် မွှေပီးနောက်မှာ တပည့်ဖြစ်သူကို သောက်ခိုင်းလိုက်ပါတယ်။ ကုန်သွားတဲ့အခါမှာတော့...
"ဘယ်လိုအရသာ ရှိလဲကွ"လို့ မေးပါတယ်။
တပည့်က မျက်နှာရှုံ့မဲ့ရင်း "ငန်လိုက်တာ ဆရာရယ်"လို့ပြန်ဖြေပါတယ်။
နောက်ဆရာဖြစ်သူက သူ့ကို အိမ်အပြင်ကို ခေါ်သွားပါတယ်။ အိမ်ရှေ့က ရေကန်စပ်ကို ရောက်တော့ ညာဘက်လက်ထဲက ဆားတွေ ရေကန်ထဲကို ပစ်ထည့်လိုက်ပါတယ်။နောက် တပည့်ဖြစ်သူကို ရေကနိထဲက ရေကို ခပ်ပီးသောက်ခိုင်းပါတယ်။
"ဘယ်လိုအရသာ ရှိလဲတပည့်"
တပည့်က ပြုံးရင်း......." ကောင်းတယ်ဆရာ အေးနေတာပဲ"
"မင်း ဆားအရသာကို ရသေးလား"
"မရဘူး ဆရာ"
......................................................................................................................
ဆရာက တပည့်ရဲ့ ပခုံးကို ကိုင်ရင်း ဆုံးမစကားပြောပါတယ်။
"ဘဝမှာ ကြုံတွေ့ ရတဲ့ ဒုက္ခတွေ နာကျင်မှုတွေ ဆိုတာက လက်ခုပ်နှစ်ဖက်ထဲက ဆားတွေလိုပဲ တပည့်။အတူတူပဲ...ညီတူညီမျှပဲ။ ဒါပေမဲ့ ဒုက္ခတွေ နာကျင်မှုတွေရဲ့ အရသာကတော့ ကိုယ်ထည့်သောက်တဲ့ခွက်(ခံယူတဲ့နေရာ)အပေါ်မူတည်ပီး မင်း ခံစားရမှာပဲ။မင်း ခွက်သေးသေးထဲကို ထည့်ပီးသောက်ရင် ဆားရဲ့ ငန်တဲ့ အရသာကို အရသာကို ကောင်းကောင်းခံစားရမှာပဲ။ ဒါပေမဲ့ ရေကန်လို နေရာမျိုးထဲကို ထည့်ပီးသောက်ရင်တော့ သူ့ ရဲ့ မကောင်းတဲ့ အရသာကိုခံစားရမှာ မဟုတ်တော့ဘူး။ နာကျင်မှုတွေကို ခံစားရမှာ မဟုတ်ဘူး တပည့်။
ဒါကြောင့် နာကျင်မှုတွေ ဒုက္ခတွေ ကြုံတဲ့ အချိန်မှာ ငါတို့လုပ်နိုင်တဲ့ တခုတည်းသော အရာက ကိုယ့်ရဲ့ ရူမြင်ပုံကို ကျယ်ကျယ်ပြန့်ပြန့်ထားဖို့ ကိုယ့်ရဲ့ ရူမြင်ပုံ ခံယူတက်တဲ့ စိတ်ထားကို ရေကန်လို ကျယ်ကျယ်ပြန့်ပြန့် ရှိနေဖို့ လိုတယ်။ကြုံလာရတာတွေကို ရေခွက်လောက် စိတ်ထားလေးနဲ့ ခံယူနေရင်တော့ မင်း ဆားတွေသောက်မိသလို ရှုံမဲ့ ခံစားရမှာပဲ"
============================================
တခါတလေမှာ ကိုယ်ကြုံတွေ့ရတဲ့ အခက်အခဲတွေက ကိုယ်သာလျှင် ခံနေရပါလား ကိုယ်ချည်းသာ ဖြစ်နေပါလားလို့ တွေးမိတက်ကြပါတယ်။ စိတ်ညစ်တက်ကြပါတယ်။တကယ်တော့ အားလုံးသော သူတွေဟာ အနည်းအများဆိုသလို ရုန်းကုန်နေကြရ ဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ ကိုယ့်ရဲ့ စိတ်ထားခံယူပုံက ရေခွက်လောက်သာထားပီး တွေးတောတဲ့ အချိန်မှာ ဒုက္ခတွေက ကိုယ်ချည်းသာ။ ရေကန်လောက် ကျယ်ကျယ်ပြန့်ပြန့်တွေးရင်တော့ အားလုံးရုန်းကုန်နေကြရတာပါလား။ကိုယ်တယောက်တည်းသာ မဟုတ်ပါလားဆိုတာကို တွေးမိ ဆင်ခြင်မိနိုင်ပါလိမ့်မယ်။
ဒါကြောင့် ကိုယ့်ရဲ့ ခံယူပုံစိတ်ထားကို ရေကန်လို ကျယ်ကျယ်ပြန်ပြန်ခံယူပီး အခက်အခဲတွေကို ရင်ဆိုင်နိုင်ကြပါစေ။


Credit to - မူရင်းရေးသားသူ