3/31/2015

April Fool ဧပရယ်လ်အရူး !!

 ဧပြီလ (၁)ရက်နေ့ ကို ကမ္ဘာ့နိုင်ငံအသီးသီးက April Fool ဧပရယ်လ်အရူး လို့  တင်စားပြီး ကိုယ်ချစ်ခင်ရတဲ့ သူတွေကို စနောက်ကြပါတယ်။

ဒါပေမယ့် အဲဒီ April Fool အစဉ်အလာဖြစ်တည်လာပုံကိုတော့ သိသူနည်းပါး ပါလိမ့်မယ်။

သမိုင်းကို လေ့လာကြည့်တဲ့အခါ ရောမခေတ်မှာ သူတို့ ရိုးရာ Hilaria ပျော်ပွဲရွှင်ပွဲကို နှစ်စဉ် မတ်လ ၂၅ ကစပြီး၊ ဧပြီလ ၁ရက်နေ့ မှာ ပွဲတော်ကိုအဆုံးသတ်ကြပါတယ်တဲ့။

 ထူးထူးခြားခြားအနေဖြင့် ဧပြီလ (၁)ရက်နေ့ ကို ပြက္ခဒိန်ရာသီ စဦးနေ့ ရယ်လို့ သတ်မှတ်ပြီး April Fool's Day @ All Fools' Day ရယ် လို့ အမည်ပေးကာ April Fool ဧပရယ်လ်အရူး လို့  ချစ်ခင်ရတဲ့သူတွေကို စနောက်ကြပါတယ်တဲ့။

ဧပြီလ ၁ ရက်နေ့ ကို ထူးထူးခြားခြား စနောက်တဲ့အနေဖြစ် ယနေ့ ထက်တိုင် အစဉ်အလာရှိကြပေမယ့် ရုံးပိတ်ရက် အဖြစ်တော့ အထူးတလည် သတ်မှတ်လေ့မရှိပါဘူးရှင်။

 ပေါက်ပေါက်



 April Fool အေပရယ်ဖူး ဒေး ဖြစ်ပေါ်လာပုံ

ကမ္ဘာ့ သမိုင်းတစ်လျှောက်မှာ ရက်အတိုဆုံး လတစ်လ ရှိခဲ့ပါတယ်။ ယင်းကတော့ ၁၇၅၂ ခုနှစ်ရဲ့ စက်တင်ဘာလ ဖြစ်ပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့ကနေ ၁၄ ရက်နေ့ကို ရုတ်တရက် ရောက် သွားမှုပါ။ ကြားမှာ ၁၁ ရက်တောင် ပျောက်သွား ပါတယ်။ အကြောင်း ကတော့ ရိုမေနီးယား ဂျူးလီးယက် ပြက္ခဒိန် ကနေ ဂရီဂိုးရီးယမ်း ပြက္ခဒိန် ကို ပြောင်းလဲသွားလို့ ဖြစ်ပါတယ်။ အင်္ဂလန်ဘုရင် ရဲ့  အမိန့်ချမှတ်မှုကြောင့် ၁၁ ရက် ကို ပယ်ဖျယ်လိုက်ခြင်းဖြစ်ပြီး ယင်းလအတွက် လစာကိုယ်တော့ အားလုံး အပြည့်အဝ ရခဲ့ကြပါတယ်။
အဲ့မှာ တစ်ခု အငြင်းပွားစရာ ရှိလာပါတယ်။ ဂျူးလိယက် ပြက္ခဒိန် မှာက ဧပြီလ ဟာ နှစ်တစ်နှစ်ရဲ့  အစ ဖြစ်ပါတယ်။ Gregorian Calendar မှာတော့ ဇန်နဝါရီလက နှစ်တစ်နှစ်ရဲ့  ပထမလ ဖြစ်ပါတယ်။ သို့ပေမယ့် အဟောင်းနဲ့ မှတ်သားမှု အကျွမ်းတဝင် ရှိနေသူများက ဧပြီလမှာကို နှစ်သစ်ကူး ပွဲ (Happy New Year) ကျင်းပကြပြီး ဇန်နဝါရီလမှာလည်း ကျင်းပသူ အနည်း နဲ့ အများရှိခဲ့ပါတယ်။
ဒါကြောင့် ဧပြီလ ၁ ရက်နေ့မှာ နှစ်သစ်ကူးပွဲ ကျင်းပသူတွေကို အရူး ဖြစ် တယ်လို့ မိန့်လိုက်တဲ့ ဘုရင်ရဲ့ စကားကြောင့် ဧပြီလ ရက်နေ့ ကို အရူးတွေ ပျော်တဲ့နေ့အဖြစ် အသိအမှတ်ပြုလိုက်ပါတယ်။ ဒါကြောင့် မို့ April Fool's Day ဆိုတာ ဖြစ်ပေါ်လာရပါတယ်။ ဧပြီ ၁ ရောက်တိုင်း တစ်ယောက် နဲ့ တစ်ယောက် အရူးလုပ် ပြောဆိုခြင်း၊ စနောက်ခြင်း ကို ပြုလုပ်ကြပြီး Aprငl Fool's Day ဟာ ယနေ့တိုင် ရာဇဝင်တွင်စေခဲ့ပါတယ်။
April Fool နေ့ရောက်ရင် ကမ္ဘာတစ်ဝန်းမှာ ဟာသလုပ်ခြင်း၊ အတည်ပေါက် နောက်ခြင်း အမျိုးမျိုးကို ပြုလုပ်ကြပါတယ်။ အဖွဲ့အစည်း အချင်းချင်းကော၊ မီဒီယာများကရော အတည်ပေါက်နဲ့ နောက်ကြပါတယ်။ ပင်ဂွင်းတွေ မိုးပေါ် ပျံတဲ့သတင်းတွေကော၊ ကားတွေ ပျံတဲ့ သတင်းတွေ အပြင် များစွာ ရှိပါတယ်။ ယခု လက်ရှိမှာဆိုရင် Google Map မှာ အရင်တုန်းက ဆော့တဲ့ ဂိမ်းတစ်မျိုးကို ဆော့လို့ရပြီဆိုပြီးတော့ Google က Fool ပါသေးတယ်။
မြန်မာပြည်မှာတော့ April Fool ယဉ်ကျေးမှုနဲ့ သိပ်မရင်းနှီးသေးပါဘူး။ မနေ့ညကပဲ ကျနော့ကို ရိုးရာလေး အဖွဲ့ဝင် ကျော်လင်းနိုင်က အတည်ပေါက်နဲ့ ထီပေါက်လို့ စင်္ကာပူ အပြီးပြောင်းပြီ ဖြစ်ကြောင်း ရေးခဲ့ပါသေးတယ်။ ရလဒ်ကတော့ အားလုံး သိကြသလို အဆဲမိုးပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့ ပြန်ဖျက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအတွက်လည်း တောင်းပန်ပါတယ်။ ဒါကြောင့် April Fool မှာ ရိုးရာလေးအနေနဲ့ မြန်မာတို့နဲ့ မနီးစပ်တဲ့ ယဉ်ကျေးမှုကို သယ်ဆောင်မှာ မဟုတ်ပါဘူး။ ဘယ်သူ Fool Fool ရိုးရာလေးကတော့ မိမိ စာဖတ်ပရိတ်သတ်များကို ဘယ်တော့မှာ Fool မှာ မဟုတ်ကြောင်း အတည် သတင်းကောင်း၊ ဗဟုသုတကောင်းများသာ ပေးဆပ်သွားမည် ဖြစ်ကြောင်း ဖြည့်ဆွက် ပြောကြားလိုက်ရပါတယ်။

အောင်ခမ်း (ရိုးရာလေး)