3/19/2015

ဆွီဒင်နဲ့ ဖင်လန်မှာ Ph.D ဘွဲ့ အဖြစ် ဦးထုပ်နှင့် ဓားကို ပေး

ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့က တက္ကသိုလ်အများစုမှာ ပါမောက္ခတန်း ဂုဏ်ပြု ဘွဲ့ အဖြစ် ဦးထုပ်နဲ့ ဓားကို ပေးပါတယ်။

 Ph.D ရဖို့အတွက် သုတေသန ပြုလုပ်ပြီး နောက်ဆုံး အောင်မြင်သွားတဲ့သူတွေကို ပေးခြင်း ဖြစ်ပါတယ်။ ယင်းကို ပေးအပ်တဲ့အခါ ပေးအပ်တဲ့ ပါမောက္ခများကလည်း top hat လို့ခေါ်တဲ့ ဦးထုပ်ကို စောင်းထားပါတယ်။

ယင်းဦးထုပ်က ဥရောပနဲ့ အမေရိကန်တို့မှာ တွင်ကျယ်တဲ့ အုပ်ထုပ်အမျိုးအစား ဖြစ်ပေမယ့် ဘွဲ့အတွက် ဦးထုပ်က နည်းနည်း တိုပါတယ်။

 ဦးထုပ်မှာ ပါဝင်တဲ့ ရွှေ ပုံစံနဲ့ အခြားသော အရောင်များကလည်း ဘွဲ့အမျိုးအစား ပေါ်မူတည်လို့ ကွဲပါသေးတယ်။ 

Science (Technology) အတွက် လည်း ပါဝင်ပါတယ်။ 

ဦးထုပ်ကို Dinner ပွဲတက်တဲ့အခါ နဲ့ အခြားသော ပွဲလှမ်းသဘင်များ သွားတဲ့အခါ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဘုရားကျောင်းတက်တဲ့အခါ ဝတ်ပြုတဲ့အခါတော့ ချွတ်ဘို့အတွက် မှာထားပါတယ်။

 အဓိက ကတော့ ယင်း ဦးထုပ်ကို စောင်းထားခြင်းဖြင့် ပညာရှိ တစ်ယောက်ဖြစ်ကြောင်း ပါမောက္ခ တစ်ယောက်ဖြစ်ကြောင်း လူတွေကြားမှာခွဲခွဲခြားခြား မြင်စေဖို့လည်း ဖြစ်ကြောင်း ဆိုပါတယ်။ 

ဦးထုပ်အပြင် နောက်တစ်ခုက ဓားပါ။

ဓားကိုလည်း သေချာ စီမံထားပြီး ဘွဲ့ယူတဲ့လူရဲ့ အမည်၊ ဘွဲ့အမျိုးစား၊ ဘွဲ့ယူ နေ့ရက် အစရှိသဖြင့် တို့ကို အတိအကျ ထည့်ရေးထားပါတယ်။

သူ့ကိုတော့ အရင်တုန်းက ဆောင်ခွင့်ပေးပေမယ့် ယခုတော့ ပါမောက္ခဘွဲ့ယူ အခမ်းအားနဲ့ ညစာမှာပဲ သုံးစေပြီး အခြားမှာတော့ မသုံးစေပါဘူး။ မဟုတ်ရင် လက်နက် ကိုင်ဆောင်မှု ဖြစ်ပါလိမ့်မယ်။

ပါမောက္ခ ဒေါက်တာ ဘွဲ့ဦးထုပ် ကွဲပြားမှုများကို https://www.jyu.fi/…/degre…/instruct/doctoral-hats-and-sword ထဲမှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)