3/11/2015

*** ကခုန်ခြင်း နှင့် ကျန်းမာရေး ***

ပျော်ရွှင်မြူးတူးစွာ ခုန်ပေါက်ကခုန်နေသူတစ်ယောက်ကို
တဒင်္ဂလေ့လာကြည့်တဲ့အခါ၊ စိတ်ပိုင်းဆိုင်ရာ တက်ကြွပျော်ရွှင်မှုရစေ တယ်လို့ 
အပြင်ပန်းကနေမှတ်ချက်ချလို့ ရပါတယ်။ သို့ သော် အဲဒီလို ကခုန်ခြင်းက
အရွယ်တင်နုပျိုစေတဲ့အပြင် ခန္ဓာကိုယ်တွင်း ကလီစာများကိုပါလှုပ်ခါ၍
တချိန်လုံးကခုန်နေရခြင်းကြောင့် ကိုယ်အလေးချိန်ကျစေခြင်း
စတဲ့ရုပ်ပိုင်းဆိုင်ရာကိုပါ ကောင်းကျိုး ဖြစ် စေပါတယ်။ ကခုန်ခြင်း နှင့်


အခြားကျန်းမာရေးအကျိုးကျေးဇူးများမှာ -
(၁) အချိန် ၁-နာရီကြာမျှ ကခုန်ခြင်းက ကယ်လိုရီ ၄၀၀
လောင်မြိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကယ်လိုရီမြန်မြန်ကျ ချင်သူများ
ခုန်ပေါက်၍ကပါ။

(၂) သုတေသနပြုချက်များအရ၊ ကခုန်ခြင်းက နှလုံးခုန်နှုန်းပမာဏကို
လျော့ကျစေပြီး နှလုံးကျန်းမာရေးကို ကောင်းကျိုး ပြုပါတယ်။ ဒါကြောင့်
နှလုံးရောဂါဝေဒနာသည်များအနေဖြင့် အနည်းဆုံး ရက်သတ္တပတ်မှာ ၃-ရက်ခန့် 
တစ်နေ့ ကို မိနစ် ၂၀-ကြာမျှ ကခုန်ပေးသင့်ပါတယ်။

(၃) ကခုန်းခြင်းက အဆုပ်ကို ကောင်းစွာအလုပ်လုပ်စေတဲ့အပြင်၊ သက်လုံအားကောင်းစေပါတယ်။

(၄) သွေးတိုးရောဂါကို ပုံမှန်ဖြစ်စေပါတယ်။

(၅) သွေးထဲက မကောင်းတဲ့ ကိုလက်စထရောတွေကိုကျစေပြီး၊ ခန္ဓာကိုယ်အကျိုးပြု
ကိုလက်စထရောတွေကို တိုးပွား လာစေနိုင်ပါတယ်။

(၆) အညောင်းအညာပြေစေရုံသာမက၊ ကြွက်သားများကြံ့ ခိုင်စေပါတယ်။

(၇) အရိုးအဆစ်များကို ပြေလျော့စေပါတယ်။

(၈) ကခုန်ခြင်းက အရိုးအားကောင်း၍ အရိုးသန်မာစေကြောင်း အမေရိကန်နိုင်ငံရှိ
The National Osteoporosis
foundation(ခေါ်)အမျိုးသားအရိုးပျော့ရောဂါကာကွယ်စောင့်ရှောက်ရေးအဖွဲ့ က
အကြံပြုထားပါတယ်။

(၉) စိတ်ဖိစီးမှုတွေ ပြေပျောက်ကာ၊ စိတ်ကြည်လင်လန်းဆန်း တက်ကြွလာနိုင်ပါတယ်။

(၁၀) ဦးနှောက်စွမ်းဆောင်ရည်ကောင်းလာပါတယ်။ မှတ်ဥာဏ်စွမ်းအား
တိုးတက်မြင့်မားလာစေပါတယ်။ ပျော်ရွှင်မြူး တူးစွာ ကခုန်ခြင်းက
dementia(ခေါ်)နာတာရှည်ရူးသွပ်ရောဂါ ဖြစ်နိုင်ခြေအလားအလာကို ၇၆
ရာခိုင်နှုန်းအထိ လျော့ချ ပေးနိုင်တယ်လို့  the New England Journal
Medicine ဟုအမည်ရတဲ့ ဆေးပညာဂျာနယ်မှာ ရေးသားဖော်ပြ ထားပါ တယ်။

(၁၁) ကခုန်ပြီးနောက်မှာ ချစ်ရေးချစ်ရာ အာရုံခံစားမှုကောင်းလာစေပါတယ်။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
(ကိုးကား Daily Health Tips @ Dancing Good Health)