9/17/2014

သေရည် အရက်

အရက်ဆိုတဲ့ Ethyl Alcohol (အီသိုင်းလ် အယ်လ်ကိုဟော)ဟာ ပျမ်းမျှအားဖြင့် - ဘီယာအေ ပျာ့ မှာ ၃ ရာခိုင်နှုန်း၊ ဘီယာ အပြင်း မှာ ၆ ရာခိုင်နှုန်း၊ ၀ိုင်အပျော့မှာ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း၊ ရှယ်ရီ နှင့် ၀ိုင်မှာ၁၆.၂၀ ရာခိုင်နှုန်း၊ ၀ီစကီ နှင့် ဂျင် မှာ ၄၀ ရာ ခိုင်နှုန်း၊ ဘရန်ဒီမှာ ၄၅.၀၅ ရာ ခိုင်နှု န်း၊ ရမ် မှာ ၅၀ ရာခိုင်နှုန်းမှ ၆၉.၀၅ ရာခိုင်နှုန်း၊ ဗော့ဒ်ကာမှာ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင် နှုန်းအထိ အသီးသီးပါဝင်နေပါတယ်။ Ethyl Alcohol ဟာ ဓာတုပစ္စည်းတစ်မျိုးဖြစ်တာကြောင့် လည်း ရေေ မွှး၊ ပေါင်ဒါမှုန့် ၊ မိတ်ကပ်စတဲ့ အလှကုန်ပစ္စည်းတွေမှာသာမက၊ ဆေးဝါး၊ ဆပ်ပြာ၊ ဆပ်ပြာ မှုန့်  စသဖြင့် လူသုံးကုန်ပစ္စည်းတွေမှာပါ ထဲ့သွင်း ဖော်စပ်လေ့ ရှိပါတယ်။

အရက်က လူကိုအားတက်စေတယ်၊ အရက်သောက်ရင် စိတ်ဓာတ်တက်ကြွတယ်ဟူ၍ အရ က်နှစ် သက်သူများက အကြောင်း အမျိုးမျိုးဖြင့် သောက်သုံးနေကြသော်လည်း၊ တကယ်တမ်း မှာတော့ အရက်က လူကို နှေးကွေး လေးလံ ထိုင်းမှိုင်း စေရုံသာမက၊ အားအင်ယုတ်ေ လျာ့လာေ စနိုင်ပါတယ်။ အရက်အလွန်အကျွံ သောက်သူများမှာ ကိုယ်ခံအားစံနစ်ကိုအားနည်းစေပြီး၊ ကူးစ က်ပိုး ၀င်နိုင်ခြေများသလို၊ ရောဂါဖြစ်လွယ်စေပါတယ်။ ဒါ့ပြင် မျက်နှာ အသားအရေ ပွစိစိဖြစ်ကာ
နီးမြန်းနေပြီး ခန္ဓာကိုယ်ကအမြဲ လိုလို ပူနွေးနေပါတယ်။ အရက်က ဦးနှောက်ကိုထိစေ တြာေ ကာင့်လည်း သွေးထဲကို အယ်လ်ကိုဟောပမာဏ ၂ မီလီဂရမ် ရောက်သွား တာနဲ့  စကားနည်း သူ စကားများလာပါတယ်။ သွေးထဲကို ၂၀ မီလီဂရမ် မှ ၃၀ မီလီဂရမ် ရောက်သွားတာနဲ့  လမ်းေ လျှာက်ယိုင် လာပါတယ်။ သွေးထဲကို ၁၅၀ မီလီဂရမ် ရောက်သွားတဲ့အခါ မူးပြီးရစ်လာပါပြီ။ အရ က်သောက်ပြီးနောက် ရစ်တတ်သူဟာ မိမိကိုယ်ကိုရော၊ သူတပါးကိုပါ အသက်အန္တရာယ်ဖြ စ်ေ စတတ်ပါတယ်။ အကယ်၍ သွေးထဲကို ၄၀၀ မီလီဂရမ် ရောက်သွားပြီဆို ရင်တော့ သတိမေ့ပြီး
သေစေနိုင်ပါတယ်။

စီးကရက်လိုဘဲ အယ်လ်ကိုဟောက လူကိုစွဲလန်းမှုဖြစ်စေပါတယ်။

 အရက်ကို လွန်ကျွံစွဲလမ်း စွာ သောက်သုံးတဲ့အခါ-
 (၁) အ သည်းကြီး၊ အသည်းရောင်၊ အသည်းခြောက်၊ အသားနှင့် မျက် လုံး ၀ါခြင်း၊ ရေဖျဉ်းစွဲခြင်း၊ အသည်းကင်ဆာ စတဲ့ အသည်းရောဂါ များ 
(၂) သွေးအန်ခြင်း (၃) အစာချေလမ်းကြောင်း သွေးယိုစိမ့်ခြင်း နှင့် အစာအိမ်ရောဂါ
 (၄) ခံတွင်းကင်ဆာ၊ အစာရေမြိုပြွန်
ကင်ဆာ

 (၅) ရင်သားကင်ဆာ
 (၆) နှလုံးရောဂါ
 (၇) သွေးတိုးရောဂါ 
(၈) လေငန်း
 (၉) ၀က်ရူးပြန် ကဲ့သို့  အတက်ကြီးခြင်း 
(၁၀) အသည်းရောဂါကြောင့် ကျောက်ကပ်ပျက်စီးခြင်း
 (၁၁) အစာစား ချင်စိတ်မရှိတော့ဘဲ ကိုယ်အလေးချိန်လျော့ကျလာခြင်း 
(၁၂) ပျို့ -အန်-မောပမ်း-အားနည်း-ကြွက် တက်ခြင်း (၁၃) အယ်လ်ကိုဟော မှာ ကယ်လိုရီပါဝင်တာကြောင့် အရက်စွဲသူတွေမှာ အ၀ လွန်ေ ရာဂါ
 (၁၄) အမျိုးသားများမှာ ပန်းသေပန်းညှိုးရောဂါ 
(၁၅) ဦးနှောက် နှင့်အာရုံကြောများ ထိခိုက်သွားတာကြောင့် စိတ် ဓာတ်ကျ စိတ်ဖောက်ပြန်သွားပြီး “အရက်သမား အမှားတစ်ေ ထာင်” ဆိုသကဲ့သို့ ရာဇ၀တ်မှု ကျူးလွန်သည်အထိ ဖြစ်လာနိုင်ပါ တယ်။ အကယ်၍ ကိုယ်ဝန်ေ ဆာင် အမျိုးသမီးများ အရက်သောက်သုံးပါက၊ အယ်လ်ကိုဟော နှင့် သန္ဓေသားထိေ တွ့ မှုကြော င့် ဦး နှောက်၊ နှလုံး နှင့် အခြားအင်္ဂါအစိပ်အပိုင်းတွေမှာ မွေးရာပါ ချို့ ယွင်းချက် ပါတာမျိုး ဖြစ် တ တ်ပါတယ်။ အရက်နဲ့ ဓာတ်မတည့်သူများမှာ အယ်လ်ကိုဟော အနည်းငယ်မျှသောက် သုံးမိ တာနှင့် တပြိုင်နက် မျက်စိနီ၊ သွေးခုန်နှုန်းမြန်၊ ဖြူဖပ်ဖြူရော်ကာ ချွေးသီးချွေးပေါက်တွေကျ လြာ ပီး သွေးအန်စေတတ်ပါတယ်။

အရက်အလွန်အကျွံသောက်မိ၍ သေခါနီး လက္ခ ဏာများမှာ 

 (၁) ခန္ဓာကိုယ်အေးစက် လာခြင်း (၂) နှုတ်ခမ်းဖျား၊ နားရွက်ဖျား၊ ခြေသည်း၊ လက်သည်းများ ပြာနှမ်းလာခြင်း၊ (၃) သလိပ်ထွက်ခြင်း (၄) မျက်စိ သူငယ်အိမ်ကျယ်လာခြင်း (၅) သွေးခုန်နှုန်းလျော့ကျလာခြင်း (၆) အသက်ရှုနှေြး ပီး အသက် ငင်လာခြင်း တို့ ဖြစ်ပါတယ်။

“ဓားကိုဖျက် ဝါးမြက်၊ လူကိုဖျက် အရက် ” ဆိုတဲ့အတိုင်း၊ အရက်သောက်သူများအနေဖြင့် ဘ၀ ရဲ့ ရည်မှန်းချက် ပန်းဆိုင်ဆီ အရောက်သွားဖို့  အရက်က တားဆီးပစ်ပါတယ်။ အရက်စွဲတဲ့ သူေ တွအနေနဲ့  လုပ်ငန်းခွင် (သို့ မဟုတ်) အိမ်မှာ ရန်လိုတတ်ပြီး စီးပွားရေး နှင့် အသက်မွေးဝ မ်းေ ကျာင်းမှုတို့ မှာ ထိခိုက်လာစေနိုင်ပါတယ်။ ဒါ့ပြင် အရက်သောက်ပြီးနောက် ခံတွင်း၊ ချွေးတို့ မှာ အရက်နံ့ စွဲကျန်ရစ် စေတာကြောင့်လည်း လူမှုရေးနယ်ပယ်မှာ အကျိုးယုတ်စေပါတယ်။

အရက်သောက်နည်း (၃)မျိုးရှိရာ-

 (၁) တစ်ခါ တစ်လေ မှ ပေါင်းသင်းဆက်ဆံရေးအတွက် မလွှဲ မရှောင်သာ၍ သောက်ခြင်းကို “လူက အရက် ကို သောက်တယ်” လို့ ခေါ် ဆိုနိုင်ပါ တယ်
 (၂) ညနေ စောင်းရင် လေပြိုတာ ၊ လေချဉ်တတ်တာ မျိုးကို “ အရက် က လူကို သောက်တယ်” လို့  ခေါ်ဆိုနိုင် ပါတယ် 
(၃) မိုးလင်းကတည်းက အရက်နဲ့ မျက်နှာသစ်ကာ၊ တစ်နေကုန် အချိန် ရှိသရွေ့ သောက်ခြင်းကို “ အရက် က အရက် ကို သောက်တယ် ” လို့ ခေါ်ဆိုနိုင်ပါတယ်။
မည်သူမျှ မွေးကတည်းက အရက်မသောက်တတ်ကြပါဘူး။ လောကီ၊ လောကုတ္တရာ ၂-ဖြာ အတွက် အပြစ်များတဲ့အရက်ကို မသောက်တတ်သေးသူများကလည်း အစလုပ်ပြီး မသောက် ကြပါရန် နှင့် အရက်သောက်တတ်သူများအနေဖြင့်လည်း အရက်ကို ကြိုးစားဖြတ်ကြဖို့  တိုက် တွန်း နှိုးဆော်လိုက်ရပါတယ်။


(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)