9/17/2014

နို့ တိုက်မိခင်များ နို့ ရည်လှိုင်လှိုင်ထွက်စေရန် နည်းလမ်းကလေးများ

နို့ စို့ ရွယ်ကလေးငယ်များအတွက် မိခင်ရဲ့ နို့ ရည်ကသာလျှင်
အာဟာရအရှိဆုံး၊ ဆေးဖက်အ၀င်ဆုံးဖြစ်တာမို့  ပြိုင်ဖက်ကင်းတဲ့
အစာအာဟာရဖြစ်ပါတယ်။ မိခင်နို့ ရည်ကို ငယ်စဉ်က အ၀စို့ ခွင့်ရခဲ့တဲ့ကလေးဟာ
ကာယ-ဥာဏ ဖွံ့ ဖြိုးတိုးတက်စေရုံသာမက၊ ထိုကလေး အသက်ကြီးလာတဲ့အခါမှာလည်း
အယ်လ်ဇိုင်းမား(ခေါ်)ဦးနှောက်ဇရာအကြိုရောဂါတွေ ဖြစ်လာနိုင်ချေ
လွန်စွာနည်း ပါးပါတယ်။ ကလေးမွေးဖွားပြီးနောက် နို့ ရည်ချိုတစ်မျိုးတည်းသာ
တိုက်ကျွေးပေးသူ မိခင်များအဖို့ လည်း သားအိမ်မြန်မြန် ကျုံ့  စေ၊
ကျက်စေကာ သားဆက်ခြားစေတဲ့အပြင် တသားမွေးတသွေးလှလာပြီး မိခင်ရောကလေးပါ
ကျမ္မာသုခရစေပါတယ်။
သားသမီးကိုနို့ ချို အပြည့်အ၀တိုက်ကျွေးချင်ပါသော်လဲ အချို့ မိခင်တွေမှာ-
(က) နို့ အုံပြည့်တင်းလွန်းနေခြင်း၊ (ခ) နို့ ပြွန်/နို့  ချောင်းပိတ်ဆို
့ခြင်း (ဂ) နို့ သီးခေါင်းကွဲခြင်း (ဃ) မိခင်အသက်ကြီးမှ ကလေးမွေးခြင်း
(င) နို့ သီးခေါင်းတိုဝင်နေခြင်း…စသည့် ပြဿနာအမျိုးမျိုးတို့ ကြောင့် နို
့ရည်အလုံအလောက်မထွက်ရှိဘဲ မိခင်ရောကလေးပါ အခက်တွေ့ ကြရပါတယ်။

(နို့ အုံပြည့်တင်းလွန်းနေခြင်း)
မီးဖွားပြီးစမိခင်တိုင်းလိုလိုဖြစ်လေ့ရှိပြီး၊ မွေးဖွားပြီးနောက် ၂-ပတ် (သို့ မဟုတ်)
၃-ပတ်ခန့် အထိ နာကျင်စွာခံစားကြရပါတယ်။ တစ်ခါတရံ
ထိုနာကျင်တင်းကြပ်မှုကြောင့် မိခင်မှာဖျားနာလာတတ်ပါတယ်။ ဝေဒနာသက်သာစေ တဲ့
နည်းများမှာ-(၁) နို့ ချိုမတိုက်ကျွေးခင် ၁၀-မိနစ်ခန့် အလိုမှာ
မျက်နှာသုပ်ပုဝါ သန့် သန့် တစ်ထည်ကို ရေနွေးထဲစိမ်နှစ်ပြီး နောက် နို
့အုံပေါ်တင်ထားပေးပါ (၂) မိမိခင်ပွန်း (သို့ မဟုတ်) ညီအမများကို
ပါးစပ်ဖြင့် အားစိုက်၍ နို့ ရည်ကိုစုပ်ထုတ်ခိုင်းပါ (သို့ မဟုတ်) နို
့ရည်စုပ်ကိရိယာဖြင့် စုပ်ထုတ်ပါ (၃) ကလေးငယ်ကို နို့ တိုက်တဲ့အခါ ၁၅
-မိနစ် ခန့် ကြာတိုင်း နို့ တစ်ဖက်စီကို ဘက်ပြောင်းတိုက်ပေးပါ (၄)
homeopathic ကုထုံး ဖြင့် ဆေးရုံမှကုသမှုကိုခံယူပါ (၅) ရေများများသောက်ပါ
(၆) နွားစားမြက် ကိုရေစိမ်သောက်ပါ၊ နို့ အုံရောင်တင်းတာကို
သက်သာစေရုံသာမက နို့ ထွက်များစေပါတယ် (၇) နနွင်းမှုန့် ကို ရေနဲ့  ပြုတ်၍
ရေ ချိုးပါ၊ နနွင်းကြပ်ထုပ်ထိုးပေးပါ။

(နို့ ပြွန်/နို့ ချောင်း ပိတ်ဆို့ ခြင်း)
နို့ အုံရောင်ခြင်းကြောင့် နို
့ပြွန်/နို့ ချောင်း ပိတ်လာတတ်ပါတယ်။ အဲဒီအခါ နို့ ရည်မလိုက်တော့ ဘဲ
ကလေးငယ်မှာ ပင်ပင်ပန်းပန်းအားစိုက်စို့ သော်လဲ နို့ ၀၀မသောက်ရသလို၊
မိခင်လည်း နာကျင်တဲ့ဝေဒနာခံစားရပါတယ်။ နို့ ပြွန်ချောင်း
ပိတ်ခြင်းကိုသက်သာစေတဲ့နည်းများမှာ- (၁)ကြက်ဆူဆီလိမ်းပါ (၂)
မိမိခင်ပွန်း(သို့ မဟုတ်)ညီအမများကို ပါးစပ် ဖြင့် အားစိုက်၍ နို
့ရည်စုပ်ထုတ်ခိုင်းပါ (၃) နို့ သီးခေါင်းထိပ်မှာ နို့ ရည်ဖတ်တွေ
ခြောက်ကပ်မနေစေရန် နို့ သီးခေါင်းထိပ်ကို မကြာခဏစစ်ဆေးပါ (၄) ချည်သားစသန်
့သန့် ကို ရေခပ်နွေးနွေးဆွတ်၍ နို့ အုံကို ကပ်ပေးပြီးနောက်
ချက်ချင်းဆိုသလို ကလေး ငယ်ကို နို့ ချိုတိုက်ကျွေးပါ (၅) ကလေးငယ်ကို နို
့တိုက်ကျွေးတဲ့ အနေအထားမှန်ကန်မှုရှိပါစေ။

(နို့ သီးခေါင်းကွဲခြင်း)
ကလေးငယ်နို့ စို့ တဲ့ပုံစံမမှန်ခြင်း၊ မိခင်က
စိုထိုင်းထိုင်း ဘရာစီယာဝတ်ဆင်ခြင်း တို့ ကြောင့် နို့ သီးခေါင်း
ကွဲတတ်ပါတယ်။ လက္ခဏာတွေကတော့ နို့ သီးခေါင်းနီရဲရောင်ရမ်းပြီး
ထိလိုက်ရင်နာကျင်ကာ တခါတရံသွေးထွက်လာပါတယ်။ နို့ သီးခေါင်းကွဲခြင်းကို
သက်သာစေတဲ့နည်းများမှာ(၁) Calendula (ခေါ်) မေရီဂိုးလ်ပန်းပင် နဲ
့လုပ်ထားတဲ့ကရင်မ်လိမ်းပေးပါ။ (၂) homeopathic ကုထုံး ဖြင့်
ဆေးရုံမှကုသမှုကိုခံယူပါ။

(နို့ ရည်လှိုင်လှိုင်ထွက်စေဖို့ အိမ်တွင်းကုထုံးလေးများ)
(၁)
ရေနွေးဖြူ(ပူပူနွေးနွေး)သောက်ပါ (၂) စမုံစပါးကို အမှုန့် ပြု၍ ရေစိမ်
သောက်ပါ(သို့ မဟုတ်)စမုံစပါးကို ရေနွေးဖြင့်ကြာကြာပြုတ်ကာ
အအေးခံပြီးသောက်ပါ (၃) ဗာဒံသီးနေ့ စဉ်စားပါ (၄) နွားနို့ ထဲ ကို
ကြက်ဥခေါက်ထဲ့၍ ဆူအောင်တည်ထားသော နို့ ကြက်ဥသောက်ပါ (၅) လူးစပါးကို
ကြက်ဥ၊ နွားနို့ တို့ ဖြင့်ချက်ကာ နို့ ဆန် ပြုတ်သောက်ပါ (၆)
ကင်းပုံသီးစားပါ (၇) နို့ ရည်စင်ကြယ်စေအောင် မြင်းခွာရွက်များများစားပါ
(၈) ကန့် ကလာပင်ကို ထောပတ် နဲ့ ရောကျိုသောက်ပါ (၉) ကြက်သွန်နီစားပါ (၁၀)
ငရံ့ (ငါး)ကင်၍ ဒန့် သလွန်ရွက်ဖြင့် ဟင်းခါးချက်သောက်ခြင်းက နို
့ထွက်များ ရုံသာမက၊ မီးယပ်ချမ်းထခြင်းနဲ့  ကလေးငယ်
လေထိုးလေအောင့်ခြင်းတို့ ကို သက်သာစေပါတယ် (၁၁) မီးဖွားပြီးစ ပထမနေ့ မှာ
တောင်မုရိုးပင်(လက်ပံခါး) အခေါက်မှုန့် ကို ဂျင်းနဲ့ ရောသောက်ပါ နို
့ထွက်များရုံသာမက သွေးသားစင်ကြယ်စေပါတယ် (၁၂) ချဉ် ပေါင်ရွက်(အနီပင်)ကို
နွားအမြီး နဲ့ ကြိုချက်သောက်ပါ (၁၃) ဒန့် ဒလွန်သီး တတောင့်၊
ကြက်သွန်ဖြူသေး ၇-မွှာ၊ ငြုပ်ကောင်းစေ့ ၇-စေ့၊ နွားမြီး တို့ ကို
ဟင်းခါးချက်သောက်ပါ (၁၄) ကညွတ်ပင်ဥကို နွားနို့ နဲ့ သောက်ပါ (၁၅)
ကြိတ်မှန်ရွက်ကို ငကြင်းသား ကင်နဲ့ ရော၍ ဟင်းချက်စားပေးခြင်းဖြင့် နို
့ချောင်းပိတ်၊ နို့ ခဲ၊ နို့ လည်၊ နို့ ထွက်နဲခြင်းနဲ့  ကလေး လေဆန်နာတို
့ကို သက်သာ စေပါတယ်(သို့ မဟုတ်)ကြိတ်မှန်ရွက်ကို ဟင်းခါးချက်ပြီး
တ၀ကြီးသောက်ပါ (၁၆) ဖလံတောင်ဝှေးကို ဓားပြားရိုက်၍ ကြော်ချက်
ချက်စားပေးခြင်းဖြင့် နို့ မထွက်ခြင်း၊ နို့ ပူခြင်း၊ ယားယံခြင်း၊ နို
့အနာပေါက်ခြင်း၊ နို့ ချောင်းပိတ်ခြင်းကို သက်သာစေပါတယ်။ (၁၇)
အမျိုးသမီးများ မီးတွင်းမှာ သွေးလန့် သွေးတက်ခြင်း၊ နို
့ချောင်းပိတ်ခြင်း၊ နို့ နာရောဂါများအတွက် ပင်စိမ်းရွက်ကို ငါးကျည်း
ခြောက်နဲ့  ကြော်ချက်စားပါ (၁၈) ငရုပ်ကောင်းမှုန့်  ၂-ပဲသားခန့် ကို
ပျားရည်နဲ့ ရောကာ လျက်ဆားအဖြစ်စားပါ (၁၉) ဖရဲခါးမြစ် ကို
သွေးလိမ်းခြင်း(သို့ မဟုတ်)အမြစ်ကိုကြိတ်၍ အုံပေးခြင်းဖြင့် နို
့အုံရောင်ခြင်းကို ပျောက်ကင်းစေပါတယ် (၂၀) လောက်သေ ရွက်ကို
ကြိတ်၍အုံပေးခြင်းဖြင့် နို့ ချောင်းပိတ်၊ နို့ နာ၊ နို့ ပျဉ်းထခြင်းကို
သက်သာစေပါတယ် (၂၁) ၀ါးဆစ်ပြုတ်ရည် အကြမ်း ပန်းကန်တစ်လုံးကို တစ်နေ့ 
၂-ကြိမ်သောက်ပါ (၂၂) စွယ်တော်ရွက်နုများကို ဟင်းချိုချက်သောက်ပါ။


(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)