12/03/2014

ကင်ဆာနဲ့ သေရမယ့် David Prescott

ကင်ဆာနဲ့ သေရမယ့် ဘေးကနေ အသက်ရှည်တဲ့ ကာယာဗလမောင် ဖြစ်လာသူ
David Prescott လို့ အမည်ရတဲ့ ဗြိတိန်နိုင်ငံသား ဟာ ငယ်ရွယ်စဉ်တုန်းက ကိုယ်ကာယ ဗလ အားကစားကို လိုက်စားခဲ့သူ ဖြစ်ပါတယ်။

 အသက်ကြီးလာတော့ မကစားတော့တာ အတော်လေး ကြာပါပြီ။ ၂၀၁၀ ခုနှစ် (အသက် ၄၇ နှစ်) အရွယ်မှာ အသည်းကင်ဆာရောဂါ စတင်ဖြစ်ပွား ပါတော့တယ်။
ယင်းရောဂါရဲ့ ရလဒ်ကတော့ သူဟာ အသက်ရှင်ရန် အလားအလာ နည်းပြီး နှစ်အနည်းငယ်သာ လူ့ဘဝမှာ နေထိုင်ရတော့မယ်ဆိုတာပဲ ဖြစ်ပါတယ်။

 ဒါကို သိသိချင်း သူဟာ စိတ်ဓာတ်ကျဆင်းပြီး ဘဝမှာ မနေချင်တော့လောက်အောင် ဖြစ်ခဲ့ပါတယ်။ ကင်ဆာရောဂါ တိုက်စားထားတဲ့ အသဲရဲ့ အစိတ်အပိုင်း တစ်ဝက်နီးပါးကို ထုတ်ခဲ့ရပြီး အတွင်းမှာ စက်ပစ္စည်း အကူနဲ့ လည်ပတ်ခဲ့ရပါတယ်။
 ဒီတော့ အသက်ရှင်ရန် အနည်းငယ်သာ ကျန်တော့ သူလို့ အားလုံးက လက်ခံထားပါတယ်။

ဒါနဲ့ သူဟာ ငယ်ငယ်တုန်းက ဆော့ခဲ့ဖူးတဲ့ ကာယဗလမောင် အားကစား ကို ပြန်လည် လေ့ကျင့်ကစားပါတယ်။ ပထမ လပိုင်းလောက် အားကစားမှု မှာ ဆရာဝန်က ဆက်မလုပ်တော့ပဲ တစ်သက်လုံး ဆေး သာ သောက်သွားဖို့ အကြံပေးပါတယ်။ ဒါပေမယ့် ကိုယ်ကာယ အားကစားက စိတ်ဓာတ် ကြံ့ခိုင်ရေး တက်ကြွရေးအတွက် အင်မတန် အထောက်အကူ ပြုတာ ကို သိတော့ မနားတမ်း ဆက်ကြိုးစားပါတယ်။ ဒီလိုနဲ့ ပထမ တစ်နှစ်၊ ၂ နှစ်၊ သုံးနှစ် ဖြတ်သန်းပြီး လေးနှစ်မြောက်မှာပဲ အသည်းကင်ဆာ ရောဂါ လုံးဝ ပျောက်ကင်းသွားတယ် ဆိုတဲ့ အဖြေတစ်ုကို ရခဲ့ပါတယ်။

သူ အားကစား လေ့လကျင့်ချိန် ကာလအတွင်းမှာလည်း တိုးတက်မှုပေါင်း များစွာ ကြုံတွေ့ခဲ့ရပြီး မနားတမ်း ကြိုးစားမှုကြောင့် ကင်ဆာရောဂါ ပျောက်ရုံတင် မက ကာယာဗလမောင် အားကစား ဝင်ရောက် ယှဉ်ပြိုင်နိုင်တဲ့ အားကစားသမား တစ်ဦးပါ ဖြစ်လာပါသေးတယ်။

သူဟာ သူ့သားအတွက် အားကျ အတုယူစရာလည်း ဖြစ်လာပြီး သားဖြစ်သူ ကလည်း ကာယဗလမောင် ချန်ပီယံ တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
.
Ref: Dailymail
အောင်ခမ်း (ရိုးရာလေး)