12/01/2014

The Bookshop, Scotland

အင်တာနက်စာအုပ်ဆိုင်တွေရဲ့ ဈေးနှုန်းသက်သာမှု၊ မြန်ဆန်မှုကြောင့် အစဉ်အလာရှိခဲ့တဲ့ စာအုပ်ဆိုင်တော်တော်များများဟာ လျစ်လျူရှုခံနေရပါတယ်။
 တကယ်လို့ အောက်က စာအုပ်ဆိုင်တွေလိုမျိုးစာအုပ်ဆိုင်တွေကို သင်တွေ့မြင်ခဲ့ရင် ဆိုင်ထဲဝင်ရောက်ကြည့်ရှုဖို့ သင့်ခြေလှမ်းကို သင်ရပ်တန့်ထားနိုင်မှာလား...

The Bookshop, Scotland

ဒါဟာ စကော့တလန်က အကြီးဆုံး စာအုပ်ဟောင်းအရောင်းဆိုင်ဖြစ်ပါတယ်။

  ဒီစာအုပ်ဆိုင်ဟာ အရှည်တစ်မိုင်ရှိပြီး စာအုပ်စင်ပေါ်မှာ စာအုပ်ပေါင်း ၁သိန်းကျော်ရှိပါတယ်။ စာကြည့်တိုက်အငယ်စားလေးလိုပါပဲ။ ဒီစာအုပ်ဆိုင်နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာတစ်ခုရှိပါတယ်။
 Los Angeles မှာနေထိုင်တဲ့ အမေရိကန်အာကာသယာဉ်အဖွဲ့ အကြံပေးပုဂ္ဂိုလ်Jessica Foxဟာ စာဖတ်တာကို အရမ်းနှစ်သက်သူဖြစ်ပြီး စကော့တလန်ကို အလည်အပတ်သွားချင်ခဲ့သူဖြစ်တယ်။
 တစ်ခါက သူဟာ ဂူဂယ်လ်မှာ "စကော့တလန်စာအုပ်ဟောင်းအရောင်းဆိုင်"ဆိုပြီး သူရှာကြည့်တော့ Wigtownမြို့မှာရှိတဲ့ ဒီစာအုပ်ဆိုင်ကိုသွားတွေ့မိတယ်။
 နောက်ဆုံးမှာ အဲဒီစာအုပ်ဆိုင်မှာပဲ သူအလုပ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

credit - 99 sanay