12/01/2014

အခွင့်ကောင်း အခါကောင်း

အိုင်းစတိုင်းကပြောတယ်.. “အခွင့်ကောင်း အခါကောင်းဆိုတာ အသင့်ပြင်ဆင်ထားသူကို ပိုနှစ်သက်တယ်”တဲ့။

ဘာတွေကို အသင့်ပြင်ထားရမလဲ..
(၁) အသိပညာတွေ စုဆောင်းထားရပါမယ်။
အသိပညာ၊ ဉာဏ်ပညာမပြည့်စုံဘဲနဲ့တော့ အခွင့်ကောင်း အခါကောင်းကို ဖမ်းဆုပ်ဖို့၊ တွေ့မြင်ဖို့ဆိုတာ မလွယ်ကူပါဘူး။

(၂) တွေးတောနည်းကို ပြင်ဆင်ထားရမယ်။
အသိပညာ၊ ဉာဏ်ပညာပြည့်စုံပေမယ့် ခေတ်ရဲ့တွေးခေါ်မှုမရှိရင်လည်း အခွင့်ကောင်း အခါကောင်းကို တွေ့နိုင်မှာမဟုတ်ပါဘူး။

တခြားလူအခွင့်အရေးကောင်းတွေရတာကို ကျွန်တော်တို့ သွားအားကျနေစရာမလိုပါဘူး။ အခွင့်အရေးကောင်းတွေကို တွေ့မြင်နိုင်တဲ့၊ ဖမ်းဆုပ်နိုင်တဲ့ ဦးနှောက်ကိုပဲ ကျွန်တော်တို့ ကြိုးစားမွေးမြူ အသင့်ပြင်ထားရပါမယ်။ ဒါတွေနဲ့ပြည့်စုံရင် မိုးပေါ်ကကျလာတဲ့ “မုန့်”ကို သင်ကောက်တတ်သွားပါလိမ့်မယ်။

 credit - 99 sanay