11/18/2014

Made in China ... ဟာသ

အာဖရိကမှာ ရယ်စရာဟာသအဖြစ် ဒီလိုပြောစကားတစ်ခွန်းရှိသတဲ့။

အာဖရိကမိခင်တစ်ဦးက သူ့သားငယ်ကိုမေးတယ် "ဘုရားသခင် ဘယ်မှာရှိသလဲ"ပေါ့။

သားငယ်က "ဘုရားသခင်က အရာရာကိုဖန်ဆင်းတယ်ဆိုရင် သူဟာ တရုတ်ပြည်မှာရှိလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်ပစ္စည်းမဆို Made in China ဖြစ်နေလို့ပါ"တဲ့။ 


 အာဖရိကရဲ့နေ့စဉ်သုံးပစ္စည်းတွေကလည်း တရုတ်ဖြစ်တွေပဲလို့ဆိုတယ်။
 လက်နှိပ်ဓာတ်မီး၊ ဖိနပ်၊ အဝတ်စ၊ အစားအစာ၊ လက်ကိုင်ဖုန်း၊ ဆိုင်ကယ်၊ တီဗီ၊ ဆောက်လုပ်ရေးပစ္စည်း... အကုန်အကုန်ပေါ့။
 ခေါက်ဆွဲခြောက်ကိုတော့ လူငယ်တွေအကြိုက်ဆုံးလို့ဆိုတယ်။ သူတို့ရဲ့ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ ပြောင်းဖူးမှုန့်နဲ့ပြုလုပ်တဲ့ Kenkey ဆိုတဲ့အစာကိုတောင် ခေါက်ဆွဲခြောက်က နေရာယူနေပြီလို့ ဆိုပါတယ်။

တရုတ်ဖြစ်တွေ ကမ္ဘာအနှံ့ပြန့်နေတာမှန်တယ်။ လူသုံးကုန်ပစ္စည်းတွေက ချမ်းသာတဲ့နိုင်ငံ၊ ဆင်းရဲတဲ့နိုင်ငံပေါ်မူတည်ပြီး ကွာလတီကလည်းကွဲသွားတာပဲ။

 တရုတ်လုပ်အစားအစာတွေက သိပ်စိတ်မချရဘူး။ 
အာဟာရမရှိတဲ့အစားအစာတွေကို အမြဲစားရင်တော့မကောင်းဘူးပေါ့..း)