နာတာရှည်
ရောဂါများထဲတွင် အဝလွန်ခြင်း ရောဂါဟာ ဖွံ့ဖြိုးပြီး နိုင်ငံများမှာ
အဖြစ်အများဆုံး တွေ့ရတယ်။ တစ်ကမ္ဘာလုံးမှာ အဝလွန်သူ ဦးရေပေါင်း ၅၇ သန်း
သေဆုံးခဲ့ရာမှ ၃၂ သန်းမှာ နာတာရှည် ရောဂါများကြောင့် သေဆုံးရကြောင်း ၂ဝဝ၈
ခုနှစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အစီရင်ခံစာ အရ သိရပါတယ်။ အဝလွန်ခြင်း ဆိုတာဟာ
ကိုယ်အလေးချိန် အချိုးအစားထက် ပိုနေတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကို
ဘီအမ်အိုင်နဲ့ တိုင်းတာရပါတယ်။ ဘီအမ်အိုင်ဆိုတာ
ကိုယ်အလေးချိန် ကီလိုဂရမ်ကို အရပ်အမြင့် (မီတာ) နှစ်ထပ်ကိန်းနဲ့
စားလို့ရတဲ့ ရလဒ်ဖြစ်လို့ အလေးချိန်များရင် ဘီအမ်အိုင်တက်ကာ အဝလွန်ခြင်း
ဖြစ်စေတယ်။ ၂ဝဝ၈ ခုနှစ် မှတ်တမ်း အရ ကမ္ဘာ့လူဦးရေ အမျိုးသား သန်း ၂ဝဝ နဲ့
အမျိုးသမီး သန်း ၃ဝဝ တို့ဟာ အဝလွန်ကြတယ်လို့ ဆိုပါတယ်။
BMI
ညွှန်းကိန်း (၁၈ ဒသမ ၅) မှ (၂၄)အတွင်း ပုံမှန် အနေအထား၊ (၂၅ ) မှ (၂၇ ဒသမ ၅)
အတွင်း ပုံမှန်ထက်များ၊ ညွှန်းကိန်း (၂၈) နှင့် အထက်ဆိုပါက
အဝလွန်ခြင်းဖြစ်ပြီး BMI ညွှန်းကိန်း (၂၇) ထက် ကျော်လွန်ပါက သွေးချို၊
ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါတို့ ဖြစ်နိုင်ခြေ ပိုများတယ်။
ခါးပတ်လည် အတိုင်းအတာအရ အမျိုးသား ၉ဝ စင်တီမီတာအောက်၊ အမျိုးသမီး ၈ဝ
စင်တီမီတာအောက် ရရှိမှာဖြစ်ပြီး ခါးပတ်လည်မှာ ဗိုက်သားအဆီ စုခြင်းရှိ၊
မရှိကြည့်ခြင်းအားဖြင့် တွေ့ရှိပါက သွေးကြော အတွင်းနံရံများမှာ
အဆီစုပုံပြီး နှလုံးနဲ့ သွေးကြောကျဉ်း ရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။
အဝလွန်ခြင်းဟာ အသက်အရွယ်မရွေး အမျိုးသား၊ အမျိုးသမီးမရွေး ဖြစ်နိုင်တယ်။
ရောဂါကြောင့်၊ ပတ်ဝန်းကျင် လွှမ်းမိုးမှုကြောင့် အချို့သူများ
ပိုဝလာနိုင်တယ်။ အလွန်ဝရတဲ့ အကြောင်းအရင်းကတော့ ပုံမှန်လေ့ကျင့်ခန်း
မလုပ်ခြင်း၊ အဆီအစိမ့်၊ အချိုများတဲ့ အစားအစာစားခြင်း၊ ခန္ဓာကိုယ်က
သကြားဓာတ် အသုံးနည်းပြီး ပိုတဲ့သကြားကို အဆီအဖြစ်သို့ ပြောင်းသွားစေလို့
ခန္ဓာကိုယ် အလေးချိန် တက်ကာ အဝလွန်ခြင်း ဖြစ်စေတယ်။
အဝလွန်ခြင်းရဲ့ဆိုးကျိုးများကတေ
credit - myawady health
11/10/2014
အဝလွန်ခြင်း
11/10/2014
Dim




