11/14/2014

မလိုလားအပ်သော ယူရစ်အက်ဆစ်များကို သဘာဝနည်းဖြင့်လျော့ချနည်း

သွေးထဲရှိ မလိုလားအပ်သော ယူရစ်အက်ဆစ်များကို၊ ဘေးဘယာကင်းဝေးစွာဖြင့်
အောက်ပါ နည်းလမ်း(၃)သွယ်ကိုသုံး၍ လျော့ချနိုင်ပါတယ်။

(၁) ရေက ကျောက်ကပ်ကို ကောင်းစွာအလုပ်လုပ်စေပြီး၊ ယူရစ်အက်ဆစ်တွေကို
ခန္ဓာကိုယ်ပြင်ပသို့ ဆီးအဖြစ် စွန့် ထုတ်နိုင် အောင်
ပံ့ပိုးကူညီပေးပါတယ်။ ဒါကြောင့် အရွယ်ရောက်ပြီးသူ ကျား-မ အားလုံးတိုင်းဟာ
နေ့ စဉ် သန့် ရှင်းသော သောက်ရေ သန့် ကို ၂ လီတာမှ ၃ လီတာခန့် အထိ
သောက်သုံးပေးဖို့ လိုပါတယ်။ မှန်ကန်သော ရေသောက်နည်းကတော့၊ တကြိမ်တည်းမှာ
ရေတွေ အများကြီး သောက်သုံးခြင်းမျိုးမဟုတ်ဘဲ၊ ရေနည်းနည်းစီကို
မကြာခဏဆိုသလို သောက်သုံးပေးရမှာဖြစ်ပါတယ်။

(၂) မုန့် ဖုတ်ဆော်ဒါက ယူရစ်အက်ဆစ်တွေကို ကောင်းစွာချေဖျက်ပေးနိုင်ပါတယ်။
၈ အောင်စ ပမာဏရှိသော သောက်ရေထဲ ကို မုန့် ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း
တ၀က်ခန့်  ရောဖျော်၍သောက်ပေးရမှာပါ။ ၄င်းဆေးရည်ကို
သောက်သုံးရမည့်အချိန်များ ကတော့ ညအိပ်ယာမ၀င်ခင် (သို့ မဟုတ်)
နံက်အိပ်ယာထချိန် (သို့ မဟုတ်) နေ့ လည်စာစားပြီးချိန် နှင့် ညစာမစားမီ
ကြားကာ လအတွင်းမှာ မိမိအဆင်ပြေသလို သောက်သုံးပေးနိုင်ပါတယ်။ (သတိပြုရန်။
မုန့် ဖုတ်ဆော်ဒါမှာ ဆိုဒီယမ်ဓာတ်မြင့်မားစွာ ပါရှိ နေတာကြောင့်၊ ဟင်းလျာ
နှင့် အစားအစာတွေမှာ အငံလျော့စားပေးပါ။ အကယ်၍ သွေးတိုးရောဂါ
ဖြစ်လေ့ရှိသူများအဖို့ ထို ဆေးရည်ကို ချင့်ချိန်၍သောက်ပါ)

(၃) ပူရင်း(purine)ဓာတ်များသော အစားအစာတွေက ယူရစ်အက်ဆစ်ပမာဏကို
တိုးပွားလာစေနိုင်တာကြောင့်၊ ၄င်းဓာတ်ပါရှိ သော အစားအစာများကို
အထူးရှောင်ရှားသင့်ပါတယ်။ ပူရင်းဓာတ်ကြွယ်ဝတဲ့ အမဲသား၊ ၀က်သား၊
ဆိတ်သားတို့ လို အနီရောင် အသားများ၊ ကြက်-ဘဲ-ဘဲငန်းတို့ ၏ အရေခွံများ၊
ပင်လယ်စာများ၊ တရိစ္ဆာန် ကလီစာများ စားသုံးမှုကိုရှောင်ပါ။ အယ်လ်ကို
ဟောလ်ပါသော အရက်၊ ဘီယာ၊ ၀ိုင်တို့ ကလည်း ယူရစ်အက်ဆစ်ကို
တိုးပွားလာစေနိုင်ပါတယ်။ ပူရင်းဓာတ်ပါဝင်မှုနည်းသော တူနာငါး၊ ဆဲလ်မွန်ငါး
စားပါ။ အဆီထုတ်ထားသော နွားနို့  သောက်ပါ။ စတော်ဘယ်ရီ၊ ချယ်ရီ၊ စပျစ်၊
နာနတ်၊ ပန်းသီး၊ ရှောက် သီး၊ သံပရိုသီး၊ လိမ္မော်၊ မုန်လာဥနီ၊ သခွားစတဲ့
အသီးအနှံများစားပါ။ ကစီဓာတ်ပါသော်လဲ ပူရင်းဓာတ်ပါဝင်မှုနည်းတဲ့ ပေါင်မုန်
့၊ သစ်သီးခြောက်၊ ဆန်၊ ခေါက်ဆွဲ တို့ စားပေးပါ။ ဗိုစားပဲသီး၊ ဂေါ်ဖီ နှင့်
ဆလတ်ရွက်အပါအ၀င် အမျှင်ဓာတ်များသော စိမ်း ရောင်ခြယ် ဟင်းသီးဟင်းရွက်တွေ
များများစားပါ။ သင်္ဘောသီးအစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး၊
လ္ဘက်ခြောက်ခပ်၍ ရောသောက်ပါ။


(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)