11/17/2014

အိုဘားမားနှင့် ပတ်သတ်ပြီး လူသိနည်းသည့် အကြောင်းအရာများ

 - အိုဘားမား၏ မိခင်နှင့် ဖခင်တို့သည် ဟာဝိုင်ယီတက္ကသိုလ်ရှိ ရုရှားဘာသာ စာသင်ခန်းတွင် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။
 

- အိုဘားမား၏ဖခင် ဘားရတ်အိုဘားမားစီနီယာသည် ကင်ညာတွင် ပထမ အိမ်ထောင်နှင့် သားသမီးများ ရှိသဖြင့် သူ၏မိဘများက အန်းဒန်ဟမ် (အိုဘားမား မိခင် ဖြစ်လာမည့်သူ)နှင့် လက်ထပ်ခြင်းကို ကန့်ကွက်ခဲ့ ကြသည်။

President Obama and his Kenyan Grandmother
 - အိုဘားမား ငယ်စဉ်က အင်ဒိုနီးရှားတွင် မြွေနှင့် ဓားခုတ်ကောင် စသည့် သတ္တ၀ါများကို ချက်ပြုတ်စားသောက်ခဲ့ဖူးသည်။
 

- အိုဘားမားသည် ကျောင်းတွင် "အိုဘုံဘာ"(ဗုံးသမား)ဟု အမည်ပြောင်ရခဲ့ ပြီး ဘတ်စကတ်ဘော ထူးချွန်ခဲ့သည်။
 

- အိုဘားမား၏ ငယ်ဘ၀တစ်လျှောက် ပင့်ကူလူသားနှင့် ကွန်နန်းရုပ်ပြ ကောမစ်စာအုပ်များ စုဆောင်းခဲ့သည်။
 

- အိုဘားမားဆယ်ကျော်သက်ဘ၀က ရေခဲမုန့်ဆိုင်တွင် အလုပ်ဝင်ခဲ့ဖူးပြီး ယခု အချိန်ထိ ရေခဲမုန့်ကို အလွန်ကြိုက်သည်။
 

- အိုဘားမား ဟားဗတ်တက္ကသိုလ်တက်ခဲ့စဉ်က ၀တ်လစ်စလစ် ပြက္ခဒိန် တစ်ခုတွင် ပါဝင်သရုပ်ဆောင်ရန် လျှောက်ထားခဲ့သော်လည်း ကျောင်းသူ ကော်မတီများက ကန့်ကွက် သဖြင့် ပယ်ချ ခံခဲ့ရဖူးသည်။
 

- အိုဘားမားနှင့် မစ်ချယ်လီတို့ ပထမဆုံးချိန်းတွေ့စဉ်က ကြည့်ရှုခဲ့သည့် ရုပ်ရှင်ကားမှာ "Do the right thing" ဖြစ်သည်။
 

- အိုဘားမားသည် ဟယ်ရီပေါ်တာ စာအုပ်အားလုံးကို သမီးကြီးမာလီယာ နှင့်အတူ ဖတ်ရှုခဲ့ဖူးသည်။
 

- အိုဘားမားသည် သူ၏စာအုပ်များကို အသံဖြင့် အကောင်းဆုံး ဖတ်ရှု တင်ဆက်နိုင် ခဲ့ခြင်းကြောင့် ဂရမ်မီဆု သုံးကြိမ် ရရှိဖူးသည်။
 

- အိုဘားမားသည် ကော်ဖီသောက်လေ့ မရှိဘဲ ရံဖန်ရံခါ အရက် ဘီယာ သောက်သုံး တတ်သည်။
 

- အိုဘားမားအကြိုက်ဆုံး ကျန်းမာရေးဓာတ်စာမှာ ပန်းသီးဖြစ်သည်။
 

- အိုဘားမားသည် သမ္မတအဖြစ် ၀င်အရွေးခံလျှင် ဆေးလိပ်ဖြတ်မည်ဟု မစ်ချယ်လီကို ကတိပေးခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ၂၀၁၀ တွင်မှ ဆေးလိပ် အမှန် တကယ် ဖြတ်နိုင် ခဲ့သည်။
 - အိုဘားမားသည် ဘယ်သန်ဖြစ်သည်။

- အိုဘားမား၏ အကြိုက်ဆုံးအဆိုတော်များမှာ ရိုးလင်းစတုန်း၊ ဂျေးဇီးနှင့် စတီဗီ ၀မ်းဒါးဖြစ်သည်။
 

- အိုဘားမားသည် တစ်ပတ်တစ်ကြိမ် ဆံပင်ညှပ်လေ့ရှိသည်။
 

- အိုဘားမားအကြိုက်ဆုံး အစားအစာမှာ မစ်ချယ်လီချက်ကျွေးသည့် ပုစွန် လင်ဂူနီဖြစ်သည်။
 

- အိုဘားမားတွင် မိုဟာမက်အလီ၏ လက်ဝှေ့အိတ်တစ်စုံ ရှိသည်။
 

- အိုဘားမားသည် ပေါင် ၂၀၀ အထိ အလေးမ နိုင်သည်။
 

- အိုဘားမားသည် Apple ပစ္စည်းများ သုံးစွဲသူဖြစ်သည်။
 

- အိုဘားမား၏ စံပြပုဂ္ဂိုလ်သုံးဦးမှာ မဟတ္တမဂန္ဓီ၊ အေဘရာဟမ် လင်ကွန်း နှင့်မာတင် လူသာကင်းတို့ဖြစ်သည်။ (သုံးဦးစလုံး လုပ်ကြံခံခဲ့ရသူများဖြစ်သည်)
_________________
Zin Thaw Naing's status


 သူသမ္မတ ဖြစ်လာတာ သူရဲ ပညာရေး နောက်ခံက အဓိက အချက်ပါ။
 သူက အရေိကန်ရဲ ထိပ်တန်း ကောလိပ် တွေဖြစ်တယ် ကိုလံဘီယာ တက္ကသိုလ်ကနေ BAှဝိဇ္ဇာဘွဲ့ ကိုရတယ် ပြီတော့ ဥပဒေ ဘွဲ့ကို ဟားဗက် တက္ကသိုလ်ကနေရတယ်။
 သူ ဥပဒေ ပါမောက္ခ အဖြစ်နင့် ချီကာဂိုတက္ကသိုလ် မှာ အလုပ်လုပ်တယ် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုသင်းကြားတယ်လိုသိရတယ်။
  အမေရိကန်နိင်ငံမှာ ကျောင်းပြီးလိုအလုပ်လျောက်ရင်း ဘယ်ကျောင်းကပြီးတာလည်ဆိုတာ သ်ပ်အရေးကြီးတယ် အမေရိကန် က သမ္မတ တို ဒုသမ္မတ တိုဆိုတာ ထ်ပ်တန်းတက္ကသိုလ်တွေးနေကျောင်းပြီးခဲ့တယ်သူ အများစုဖြစ်တာပါ ဥပမာ သမ္မတ ဟောင်း ဘုလ် သားဖ နစ်ယောက်လုံး ရေလ် တက္ကသိုလ်ဆင်းတွေးပါ ဘီလ်ကလင်တန် နင့် ဟီလ်လာရီ ကလင်တန်းတ်ုလည် ရေလ်တက္ကသိုလ်ဆင်းတွေးပါ ။
အယ်ဂိုလ်းတို ဂျွမ်ကယ်လီ တိုဟာ ဟာဗက်း တက္ကသိုလ် ဆင်းတွေးပါ ဒါကြောင့် အမေရိကန် သမ္မတ နေရာကို ရဘုးနင့်ရောက်လာဘိုးက အမေရိကန်ရဲ ထိပ်ဆုံး ကောလိပ်တွေးက ကျောင်းပြီးလာဘို သိပ်ရေးကြီးပါတယ်။
 အဲဒီကျောင်းတွေးကိုရောက်ဘိုးက စာလည်တော်ရမယ် ငွေလည် ရှိရမယ်။