ကိုယ်တိုင်သော်၎င်း၊ မိသားစုဝင်များသော်၎င်း၊ မိတ်ဆွေသူငယ်ချင်းများသော်၎င်း အစာအဆိပ်သင့်တာကို ကြုံဖူးကြပါလိမ္မယ်။ လမ်းဘေးအစားသောက်များစားမိပြီး ဗိုက်နာ၊ ဗိုက်အောင့်ခြင်း၊ ဝမ်းသွားခြင်း စသဖြင့် ရက်အနည်းငယ်ကြာခံစားရတတ်တယ်။ ဒီလိုကြုံခဲ့ရင် ဆရာဝန်ထံ၊ ဆေးရုံဆေးခန်းမသွားရောက်နိုင်ခင် အမြန်ဆုံး၊ အဓိရောက်ဆုံး၊ စိတ်အကျရဆုံး သဘာဝဆေးအချို့ အိမ်မှာပဲကိုယ်တိုင်ဖေါ်စပ်တိုက်ကျွေးနိုင်တယ်။
ဂျင်း။
ဂျင်းကိုဟင်းလျာများမှာ အနံ့အသက်ပျောက်အောင်အသုံးပြုကြတယ်။ ဂျင်းဟာ အစာမကြေခြင်းနဲ့ပါတ်သက်တဲ့ ပြဿနာအားလုံးနီးနီးအတွက် အကောင်းဆုံးသဘာဝဆေးလည်းဖြစ်တယ်။ ပျားရည်လ္ဘက်ရည်ဇွန်းတဇွန်းမှာ ဂျင်းရည်အစက်အနည်းငယ်ထည့်ပြီး သောက်ပေးခြင်းဖြင့် ရောင်ရမ်းနာကျင်မှုကို လျော့ကျစေတယ်။
ဇီရာစေ့။
ဇီရာစေ့က ဝမ်းဗိုက်ပူလောင်ခြင်းသက်သာဖို့အတွက် အကောင်းဆုံးသဘာဝဆေးပါ။ ဝမ်းဗိုက်နာကျင်ခြင်းကို သက်သာစေပြီးအနာကျက်စေနိုင်တဲ့ ဂုဏ်သတ္တိရှိတယ်။ ဇီရာစေ့ကိုကြိတ်ပြီး စွပ်ပြုတ်ထဲထည့်ပြီး သောက်ပေးပါ။
ပူစီနံ။
ပူစီနံက ကူစက်ရောဂါကြောင့်ဖြစ်တဲ့ ဝမ်းဗိုက်နဲ့လည်ချောင်းနာကျင်ခြင်းအတွက် အကောင်းဆုံးသဘာဝဆေးပါ။ ပူစီနံရွက်အနည်းငယ်ကိုကြိတ်၍ရသောအရည်ကို ပျားရည်လ္ဘက်ရည်ဇွန်းတဇွန်းမှာ ရောပြီးသောက်ပေးခြင်းဖြင့် နာရီအနည်းငယ်အတွင်းသက်သာတာတွေ့ရမယ်။
ငှက်ပျောသီး။
ငှက်ပျောသီးမှာပိုတက်စီယမ်ကြွယ်ဝစွာပါဝင်လို့ အစာအဆိပ်သင့်သူစားပေးခြင်းဖြင့် ပြန်လည်ထူထောင်လာတဲ့အခြေအနေကို ရရှိစေတယ်။ ငှက်ပျောသီးနဲ့ပန်းသီးအနည်းငယ်ကို ခြေ၍၎င်း၊ ငှက်ပျောသီးဖျော်ရည်ပြုလုပ်၍၎င်း တိုက်ကျွေးပေးပါ။
ပန်းသီး။
ပန်းသီးက အစာအဆိပ်သင့်၍ နှလုံးပူလောင်ခြင်းနဲ့အစာချဉ်ပြန်အန်ခြင်းကို သက်သာစေတယ်။ ပန်းသီးမှာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းဖေါခြင်းနဲ့ဗိုက်အောင့်ခြင်းတို့ကို တားဆီးကာကွယ်နိုင်တဲ့အင်ဇိုင်း ပါဝင်တယ်။
သံပုရာသီး။
အစာအဆိပ်သင့်စေတဲ့ဘက်တီးရီယားအတော်များများကို အက်ဆစ်ဓါတ်ပါဝင်တဲ့သံပုရာရည်က သေစေနိုင်တယ်။ သံပုရာရည်မှာသကြားအနည်းငယ်ထည့်ပြီး ဆေးဝါးအဖြစ်သောက်သုံးသင့်တယ်။ လ္ဘက်ရည်သက်သက်(နို့နဲ့သကြားမပါ)ထဲကို သံပုရာရည်ညစ်ထည့်၍လည်း သောက်သုံးနိုင်တယ်။
ရေ
အရေးကြီးတဲ့အချက်အနေနဲ့ အစာအဆိပ်သင့်နေတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်မှာရေဓါတ်ပြည့်ဝနေစေဖို့ပဲ။ ဘာလို့လဲဆိုတော့ ဝမ်းဖေါခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိအရည်ဓါတ်များ ဆုံးရှုံးသွားလို့ပါ။ ဒါကြောင့် ရေကိုမှန်မှန်သောက်ဖြည့်ပေးခြင်းက ခန္ဓာကိုယ်မှအဆိပ်များနဲ့ဘက်တီးရီးယားများကို ဆီးဝမ်းနဲ့အတူစွန့်ထွက်စေခြင်းဖြင့် လျင်မြန်စွာသက်သာလာစေတယ်။
ပန်းသီးရှလကာ။
အထူးသဖြင့် ပန်းသီးမှပြုလုပ်တဲ့ရှလကာရည်မှာ သဘာဝအယ်လ်ကလိုင်းပါဝင်လို့ အူနံရံတွေကိုချောမွေ့သက်သာစေတယ်။ ဒါအပြင့် အယ်လ်ကလိုင်းကြောင့် အူနဲ့ပါတ်ဝန်းကျင်မှာ ဘက်တီးရီးယားများမပေါက်ဖွါးနိုင်လို့ မြန်မြန်သက်သာလာနိုင်တယ်။
credit to - အမည်မသိ





