11/14/2014

အိန္ဒိယရိုးရာ လက်ထပ်မင်္ဂလာပွဲ

အိန္ဒိယနိုင်ငံတွင် ၄-ရာစုနှစ်ခန့် မှစ၍၊ အပျိုဖော်/လူပျိုဖော် ၀င်သည်နှင့်တပြိုင်နက် အသေး စိပ်ကြိုတင် စီစဉ်သော မင်္ဂလာပွဲများကို ဆောင်ကြဉ်းလာခဲ့ကြပါသည်။ အေဒီ ၁၀၀၀ ခုနှစ်မှစပြီး၊ ကလေးသူငယ် လက်ထပ်ပွဲအစဉ်အလာများ စတင်လာခဲ့ပြန်ပါသည်။ ဟိန္ဒူအယူဝါဒအရ၊ မယားပြိုင်ယူသောဓလေ့က
ရှေးရိုးစွဲဖြစ်နေပြီး၊ မိန်းမပျိုတစ်ယောက်က လက်မထပ်ခင် ချစ်ကြိုးသွယ်မိခြင်း သည် ကြီးလေးေ သာပြစ် မှုကို ကျူးလွန်သည်ဟုပညတ်ထားပါသည်။

သတို့ သား မိဘက ကြားဝင်စေ့စပ်ပေးသူ၏ အကူအညီဖြင့် သတို့ သမီး၏မိဘကို ချဉ်းကပ်လေ့ ရှိပြီး၊ သတို့ သားမိသားစုဂုဏ်ဒြပ်၊ ပညာတတ်မှုကို အကဲခတ်ပြီးနောက်၊ သတို့ သမီးဘက်က
လက်ခံ ဆုံးဖြတ်ပါသည်။ သတို့ သမီးဘက်က သတို့ သား ကို ရွှေစ၊ငွေစ ပေး၍တင်တောင်းရ သည့်ပြင်၊ မင်္ဂလာဧည့်ခံစရိတ်ကိုပါ တာဝန်ယူပေးရပြန်ပါသည်။ ယနေ့ မျက်မှောက်ကာလ မှာေ တာ့ မင်္ဂလာ လက်ဖွဲ့ တင်တောင်းရသည့်ပမာဏနှင့် သတို့ သမီး ပညတ်ချက်များ ကို ရှေးယခင်ကေ လာက်ပုံကြီးမချဲ့ ကြသော်လဲဘဲ၊ အစဉ်အလာကတော့ ကျန်ရှိနေပါသေးသည်။

မင်္ဂလာပွဲများ တွင် များသောအားဖြင့် သတို့ သားက အဖြူရောင် ၀တ်လေ့ရှိပြီး၊ သတို့  သမီးက အနီရင့် (သို့ မဟုတ်) ကြက်သွေးရောင် (သို့ မဟုတ်) ရွှေရောင်တောက်တောက်ကို ဆင်မြန်းေ လ့ရှိပါသည်။
မင်္ဂလာအစားအစာများကို ကျွန်းကျင်စားဖိုမှူးများကိုသာ ချက်စေပြီး၊ ရက်ရက်ရောရော အကုန် အကျခံကျွေးမွေးလေ့ရှိပါသည်။သက်သက်လွတ်(သို့ မဟုတ်)အသားပြွမ်းထားသောနှုတ်မြိန် စာများကို မင်္ဂလာ ထမင်းမတိုင်ခင် ဧည့်ခံလေ့ရှိပါသည်။ ရှေးယခင်ကာလများက အဖျော်ယမကာ တို့ ကို ပစ်ညက် ထားသော်လဲ၊ ကာလရွေ့ လျားလာပြီး၊ ယခုအခါ အချိုရည်၊ mocktails ၊ ၀ိုင်၊ ၀ီစကီ တို့ ကိုပါ အလျှံပါယ်တည်ခင်းထားပါသည်။

အဓိက ဟင်းလျာအဖြစ် ပုံစံအမျိုးမျိုး ချက်ပြုတ်ထားသည့် ဟင်းသီးဟင်းရွက် ဟင်းလျာ (၅) မျိုး၊ အဆီအနှစ်များသော အသား ဟင်းလျာများ၊ ပေါင်မုန့် ဖြင့်တွဲဖက်စားရသော အိန္ဒိယရိုးရာ daals နှင့်
pulao ဟင်းလျာများ၊ အသုပ်စုံများ၊ အချိုပွဲအဖြစ် ရိုးရာ မုန့် ချိုများ အပြင် ရေခဲမုန့်  နှင့် လ္ဘက်ရည် ကလည်း မပါလျှင်မပြီးပါ။ အစာပိတ်အဖြစ်၊ Paan (သို့  မဟုတ်) Vida ဟုအမည်ရသော ကွမ်းယာ ချိုမွှေးကိုပါ တည်ခင်းပေးခြင်းက ချစ်စရာ့ဓလေ့တမျိုးပါ။

မကောင်းသောဂြိုလ်ဆိုးများ ပပျောက်စေရန်အတွက် သတို့ သား ၏ မိခင်က ပန်းပွင့်ချပ်/ပွင့်ဖတ် တို့ ကို မင်္ဂလာမောင် နှံ၏ ဦးခေါင်းပေါ်မှကျဲချပေးကာ မင်္ဂလာဧည့်ခံပွဲကို အဆုံးသတ် လေ့ ရှိကြပါသည်။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)