ရှေးဂရိဒဏ္ဍရီပုံပြင်မှာ ချစ်သူတွေက ကိုယ်ချစ်တဲ့သူရဲ့လက်သူကြွယ်မှာ အချင်းချင်း လက်စွပ်တွေဝတ်ဆင်ပေးကြတယ်။ အကြောင်းက လက်သူကြွယ်မှာရှိတဲ့
သွေးကြောတစ်ချောင်းက နှလုံးနဲ့ တိုက်ရိုက်ဆက်သွယ်ထားလို့ဖြစ်တယ်။ ဒါကြောင့် လက်စွပ်ရဲ့အဓိပ္ပာယ်က နှလုံးသားရဲ့အာမခံချက်ဖြစ်တယ်။
ဒါပေမယ့် လူ့လောကမှာ ဆံဖြူသွားကျိုးတဲ့အချစ်ကနည်းခဲ့ပါတယ်။ ရိုးမြေကျဆိုတဲ့ ချစ်သူတွေ ရှားခဲ့ပါတယ်။ ကိုယ်နဲ့တစ်သက်အတူနေဖို့ရွေးခဲ့သူက ကိုယ့်အချစ်ဆုံး ဟုတ်ချင်မှလည်းဟုတ်မယ်။ ကိုယ့်အချစ်ဆုံးက ကိုယ်နဲ့တစ်သက်အတူ
နေရချင်မှလည်းနေရမယ်။ တချို့ချစ်သူတွေကတော့ ဒီတစ်သက်အတူမနေရရင်
နောင်ဘဝမှာနေရဖို့ တောင်းဆုပြုတတ်ကြတယ်။ အရမ်းချစ်ကြတဲ့ချစ်သူတွေဟာ လက်ထပ်ခြင်းဆိုတဲ့တံခါးဝကို ဖြတ်ကျော်ပြီးနောက် အချင်းချင်း တန်ဖိုးမထားကြသူတွေဖြစ်သွားတာလည်း ရှိကြတယ်။
ကတိသစ္စာတွေ အကြိမ်ကြိမ်ပေးစရာမလိုပါဘူး။
ချစ်နေချိန် အတူနေချိန်မှာ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားကြမယ်၊ တစ်နေ့တာကို နောက်ဆုံးချစ်ရမယ့်ရက်လို့သတ်မှတ်ပြီး ချစ်ကြမယ်၊
ချစ်သူလက်ကို အေးအတူပူအမျှ တင်းတင်းဆုပ်ထားမယ်၊ ရုပ်ရည်အိုမင်းသွားလည်း၊ ပါးရေတွေတွန့်သွားလည်း ကိုယ့်မှတ်ဉာဏ်ထဲမှာ ချစ်သူကိုအလှဆုံးသိမ်းထားနိုင်ခဲ့ရင် ကတိတည်ရာရောက်ပါတယ်။
မနေ့က ၊ ဒီနေ့ ၊ မနက်ဖြန် ဘာနေ့ပဲဖြစ်ဖြစ်
စိတ်ရွှင်လန်းတဲ့နေ့က အလှဆုံးနေ့ဖြစ်တယ်။
မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူအချစ် ဘာအချစ်ပဲဖြစ်ဖြစ်
တန်ဖိုးထားမြတ်နိုးနိုင်ရင် ခံစားချက်ကောင်းတွေပေးတယ်။
credit - 99 sanay






