11/01/2014

ရုရှ ရိုးရာ လက်ထပ်မင်္ဂလာပွဲ

ရုရှနိုင်ငံတွင် သတို့ သား၊သတို့ သမီးတို့ သည် မင်္ဂလာခန်းမထဲသို့ အတူတကွ လာလေ့မရှိဘဲ၊ သီးခြား စီကားဖြင့် လာကြပါသည်။ ထို့ နောက် ဘာသာရေးထုံးတမ်းစဉ်လာအရ၊ မင်္ဂလာမောင်နှံ ကို မေးခွန်း တိုတိုတုတ်တုတ်မေးပြီး၊ လက်စွပ်ချင်းဖလှယ်ကြပါသည်။

နှစ်ဘက်သက်သေများနှင့် လက်မှတ်ထိုးပြီးေ နာက်မှာတော့ လင်မယားအရာမြောက်ပြီဖြစ်ကြော င်းကြေငြာ ပါသည်။ ကျန်းမာ ပျော်ရွှင်စွာနှင့် ဘ၀လမ်း ခရီးကိုလျှောက်လှမ်းကြစေလိုသော ရည် ရွယ်ချက်ဖြင့် သတို့ သားနှင့်သတို့ သမီးတို့ ကို ဧည့်ပရိတ်သတ် များထဲမှ ခန္ဓာကိုယ်အထွားကျိုင်းဆုံး အမျိုးသားပုဂ္ဂိုလ်တစ်ဦးက ပေါင်မုန့် ဖြင့်ရိုက်ရပါသည်။ ထို့ နောက် သတို့ သား နှင့် သတို့  သမီးတို့ ကို

ပထမအကြိမ် ဆုတောင်းမင်္ဂလာပြု၍ “ခါးတယ်” ဟု အဓိပါယ်ရသော “Gorko,Gorko,Gorko” ဟု ပရိတ်သတ်က သံပြိုင်အော်ရင်း Vodka အရက်ကိုသောက်ကြပါသည်။ ထိုအချိန်တွင် မင်္ဂလာမောင်နှံ က ဖက်၍အကြာကြီး နမ်းရှုံ့ ကြရပါသည်။

ဒုတိယအကြိမ်တွင် နှစ်ဘက်မိဘကို ဆုတောင်းမင်္ဂလာပြု၍ “Gorko,Gorko,Gorko” ဟု ပရိတ်သတ် က သံပြိုင်အော်ရင်း vodka အရက်ကိုထပ်မံသောက်ကြပြန်ပါသည်။ ထိုအခါမှာလည်း မင်္ဂလာမောင်နှံ က အကြာကြီးထပ်မံနမ်းရှုံ့ ကြပြန်ပါသည်။

ရုရှတို့ က မင်္ဂလာပွဲကိုပုံကြီးချဲ့ သည်ထင့်။ ရှေးယခင်ကာလများတွင် ၁-ပတ်မျှကြာအော င် ဧည့်ခံ ပွဲပြု လုပ်လေ့ ရှိပြီး၊ ယနေ့ ကာလများတွင် တော့ ၂ ရက်/၃ ရက်တာမျှ ဧည့်ခံကြပါသည်။ အခြားသော အနောက်နိုင်ငံများနှင့်မတူ၊ မင်္ဂလာဧည့်ခံပွဲတွင် အတီးအမှုတ်အက အခုန်တို့ ဖြင့် အလွန်ဆူညံပြီး၊ Vodka အရက်များကိုလဲ ဖောဖောသီသီ သောက်စားကြပါသည်။ သတို့ သမီးကို ပြန်ပေးဆွဲခြင်း အစဉ် အလာကလည်းပျော်စရာကောင်းသလို၊ ပေါင်မုန့် ကို ကြီးကြီးကိုက်နိုင်သောသူသည် အိမ်ထောင်ကို ဦးစီးနိုင်သည်ဟုသော ရိုးရာယဉ်ကျေးမှုအရ သတို့ သားနှင့်သတို့ သမီးတို့  ပေါင်မုန့် ကိုပြိုင်၍ ကိုက်ကြသောဓလေ့ကလဲ မင်္ဂလာပွဲကို ပိုမိုစိုပြေစေပါသည်။ စိန်နှင့်ကျောက်မျက်တို့ စီချယ်ထားခြင်းမရှိဘဲ ပကတိရွှေဗြောင် လက်စွပ်ကိုသာ လက်ယာဘက်တွင် ဆင်မြန်းကြပါသည်။ ရုရှ မင်္ဂလာဆောင်၏ ထူးခြားမှုတစ်ခုကတော့ ရွှေပွဲလာဧည့်ပရိတ်သတ်များသည် ဧည့်ခံပွဲသို့ လာသောအခါ၊ စားသောက်ရာတွင် အသုံးပြုရန်အတွက် ဇွန်း၊ ခက်ရင်း၊ ဓား တို့ ကို မိမိဖာ သာ အိမ်မှတပါတည်းသယ်ဆောင်လာလေ့ရှိကြပါသည်။

ပထမနေ့ ဧည့်ခံပွဲ တွင် “ kournik” (ခေါ်) ကြက် သား၊ ဂျုံ၊ ဆန်မှုန့် ၊ နို့ ၊သကြား၊ ကြက်ဥ၊ နံနံပင် တို ဖြင့်ပြုလုပ်ထားသော မင်္ဂလာ pie ပေါင်မုန့် ၊ "ukha" (ခေါ်) ကြက်သွန်နီ၊ အားလူးတို ဖြင့်ချက် ထားေ သာ ငါးစွပ်ပြုတ်၊ “zakurki” (ခေါ်) ငရုပ်ကောင်းနံ့သင်းသောမုန်လာဥနီ အချဉ်သုပ်၊ “ravioli” (ခေါ်) ဂေါ်ဖီ၊ ကြက်သွန်နီ၊ ချိစ်၊ ဟင်းရွက်ဆီ၊ ကြက်သွန်မြိတ်၊ ကြက်ဥ၊ ဒိန်ချဉ် တို့ ကို ဆန်လုံးညိုဖြင့် စီမံ ထားသော တြိဂံပုံဖက်ထုပ်ပေါင်း၊ တို့ ဖြင့် တည်ခင်းဧည့်ခံလေ့ရှိပါသည်။

ဒုတိယနေ့ တွင်တော့ အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်း များနှင့် နှစ်ဘက်ဆွေမျိုးများသာဖိတ်ပြီး ဧည့်ခံပွဲကို ညနေပိုင်း တွင်သာကျင်းပလေ့ရှိပါသည်။ ထိုနေ့ တွင် သတို့ သမီးက မင်္ဂလာ ဂါဝန်ရှည် ကိုမ၀တ်ဆင်တော့ပါ။ မင်္ဂလာစားပွဲအဖြစ် "pelmeni" (ခေါ်)၀က် နှင့်အမဲသားတို့  ကို ရော၍ နုပ်နုပ် စင်းကာ၊ ကြက်သွန်နီ နှင့် ဟင်းခတ်အမွှေး အကြိုင်စုံလင်စွာထဲ့ထားသော ဂျုံမုန့် ညက်ဟင်းလျာကို အဓိကဟင်းလျာအဖြစ် ဧည့်ခံကြပြီး၊ ထိုဟင်းလျာကို "borsch" (ခေါ်) အသား၊ အာလူး၊ ဟင်းရွက် စုံဖြင့် ချက်ထားသည့် မုန်လာဥနီစွပ်ပြုတ်ဖြင့် တွဲဖက်စားလေ့ရှိပါသည်။ ထိုနေ့ တွင် တော့ ဘီယာ (သို့ မဟုတ်) ၀ိုင်အချိုရည်ဖြင့်သာ ဧည့်ခံကြပါသည်။ ဧည့်ခံပွဲ၏ နောက်ဆုံးအစီစဉ်အဖြစ်၊ ဧည့်ပရိတ် သတ်များက ကြမ်းပြင်ပေါ်သို့  အကြွေစေ့များကို ကျဲချကြပြီး၊ သတို့ သမီးက သန့် ရှင်းရေးလုပ်သည့် သဘောဖြင့် အကြွေစေ့များ ကောက်ယူ သိမ်းဆည်း ဟန်ရေးပြကာ မင်္ဂလာပွဲကိုအဆုံးသတ်ေ လ့ရှိကြပါသည်။ ယနေ့ ခေတ်မှာတော့ ထိုကဲ့သို့ လုပ်လေ့မရှိတော့ပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)