11/01/2014

နက်နဲတဲ့အပြုးံ

ဟိုးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ အရမ်းတော်တဲ့ပန်းချီ
ဆရာကြီးတစ်ဦး ရှိခဲ့တယ်။သူ့မှာသားတစ်ယောက်ရှိတယ်။သူဟာ
သူ့ရဲ့သားကို ငယ်ငယ်ကတည်းကစ သူ့ရဲ့ပန်းချီပညာကိုပညာကုန် သင်ပေးခဲ့ပါတယ်။

ဒီလိုနဲ့ သူ့ရဲ့သားအရွယ်ရောက်လာတဲ့အခါ သားဖြစ်သူဟာသူ့ရဲ့အဖေ ကို ပြောသတဲ့။အဖေသားဟာ အဖေ့ရဲ့ပန်းချီပညာကို အကုန် အစင် တတ်မြောက်ခဲ့ပါပြီ။ အဲ့တော့သား ဒီပန်းချီပညာနဲ့ အသက်မွေးဝမ်း
ကြောင်းပြုလို့ရပြီလားအဖေလို့မေးသတဲ့။

အဲ့ဒီအခါ အဖေဖြစ်သူပန်းချီဆရာကြီးက အေးငါ့သား!မင်းဒီပန်းချီ
ပညာ နဲ့အသက်မွေးဝမ်းပြုလို့ရပြီ မရသေးဘူးဆိုတာ သိချင်သပ
ဆိုရင် သားကြိုက်ရာပုံတစ်ပုံကိုဆွဲပြီး

"" လိုအပ်သောအချက်များအားဝိုင်းဝန်းဝေဖန်ပေးကြပါ""

ဟုစာတစ်ကြောင်းရေးပါ။ပြီးတဲ့အခါလူစည်ကားတဲ့
နေရာတစ်ခုမှာ အဲ့ဒီပန်းချီကားကိုချိတ်ဆွဲထားလိုက်ပါလို့ပြော
သတဲ့။အဲ့ဒီအခါ သားဖြစ်သူလည်း အဖေပန်းချီဆရာကြီးပြော
တဲ့အတိုင်းပုံတစ်ပုံဆွဲ စာရေးပြီးလူစည်ကားတဲ့ဈေးထောင့်မှာ
သွားချိတ်ထားသတဲ့။

ညနေ နေဆောင်းလို့သူ့ရဲ့ပန်းချီကားကို
သွားပြန်သိမ်းတဲ့အခါ ပန်းချီကားရဲ့နောက်မှာဝေဖန်ချက်များ
ဟာ သူ့ပန်းချီကားတောင်မဆံ့ချင်ပါဘူး။အဲ့ဒီအခါသားဖြစ်သူ
လည်း စိတ်ပျက်အားငယ်စွာ သူ့ပန်ချီကားလေးပိုက်ကာအိမ်
ပြန်လာသတဲ့။

အဲ့ဒီအခါ အဖေဖြစ်သူ ပန်းချီဆရာကြီးက မေး
သတဲ့။ငါ့သား မင်းဘာဖြစ်လာသလဲပေါ့။အဲ့ဒီအခါသားဖြစ်သူ
ဟာ သူ့ပန်းချီကားရဲ့နောက်ဖက်ကို အဖေဖြစ်သူကိုပြသတဲ့။
အဲ့ဒီအခါ အဖေဖြစ်သူပန်းချီဆရာကြီးဟာနက်နဲစွာပြုံးသတဲ့။

ပြီးတဲ့အခါ သားဖြစ်သူကို ငါ့သား မင်း အဲ့ဒီပန်းချီကားကို စာ
လေးသာပြောင်းရေးပြီးအဲ့ဒီနေရာမှာသွားပြန်ချိတ်ထားလိုက်
ပါဟု မှာသတဲ့။ဘယ်လိုစာရေးရမလဲဆိုတော့

""လိုအပ်သောအချက်များအားဝိုင်းဝန်းပြင်ဆင်ပေးကြပါ""
ဟုရေးခိုင်းသတဲ့။

အဲ့ဒီအခါသားဖြစ်သူလည်း ဖခင်မှာသည့်အတိုင်း အဲ့ဒီပန်းချီ
ကားကိုစာလေးပဲပြောင်းရေး အဲ့ဒီဈေးမှာသွားပြန်ချိတ်သတဲ့။
နောက်တစ်နေ့ ညနေဆောင်းလို့ သူ့ပန်းချီကားကို သွားပြန်
သိမ်းတဲ့အခါ သူ့ပန်းချီကားရဲ့နောက်မှာ

""အရမ်းကောင်းလွန်းတဲ့လက်ရာပါ""

ဟုဆိုသောစာတစ်ကြောင်းသာတွေ့ရပါသတဲ့။
အဲ့ဒီအခါမှာသားဖြစ်သူလည်းဝမ်းမြောက်ဝမ်းသာ အိမ်ကိုအ
ပြေးပြန်လာပြီး ဖခင်ဖြစ်သူကို ပြောပြသတဲ့။အဲ့ဒီအခါ ပန်းချီ
ဆရာကြီးဟာဒုတိယအကြိမ်နက်နဲသောအပြုံးတစ်ခုကိုထပ်
ပြီး ပြုံးလိုက်ပြန်ပါတော့သတဲ့။


credit -  နည်းစနစ်ကျကျအတွေးအခေါ် FB