11/02/2014

တရုပ်ရိုးရာ လက်ထပ်မင်္ဂလာပွဲ

ကွန်ဖြူးရှက် က “လက်ထက်မင်္ဂလာပြုခြင်းသည်၊ မိသားစုတစ်စုတည်းတွက်သာမက၊ လူအဖွဲ့ အစည်း ဖွံ့ ဖြိုးတိုး တက်မှုအတွက် ပါ အရေးပါအရာရောက်ခြင်းမည်၏ ” ဟု မိန့် ဆိုထားပါသည်။

တရုပ်နိုင်ငံတွင် BC ၄၀၂ ကာလမှစ၍ တရုပ်ရိုးရာပြက္ခဒိန်ကို ကြည့်ပြီး၊
(၁) သတို့ သားဘက်က စတ င်ကမ်းလှမ်းခြင်း၊
 (၂) ဇာတာစစ်ဆေးခြင်း၊
(၃) သတို့ သမီး မိဘထံ သဘောတူမှုစာလွှာနှင့် အတူ လက်ဆောင်ပေးပို့ ခြင်း၊
 (၄) သတို့ သမီးထံ အစားအစာ၊ ကိတ် မုန့်  နှင့် ဘာသာရေး လက်ဆောင်ေ ပးခြင်း၊
 (၅) ရက်ကောင်း ရက်မြတ်သတ်မှတ်ခြင်း၊
 (၆) မင်္ဂလာပွဲကျင်းပခြင်း ဟူသော ရိုးရာကျင့်စဉ် ၆-ရပ်ဖြင့် လက်ထပ်မင်္ဂလာပွဲ ကျင်းပကြ ပါသည်။

ရိုးရာအယူသီးမှုအရ၊ တရုပ်ပြက္ခဒိန်၏ ‘ကျား’ နှစ်ဘွား မိန်းကလေးများကို လာဘ်တိတ်သည် ဟူသော အစွဲဖြင့် သတို့  သားဘက်မှ မလိုလားကြပါ။ ထို့ ပြင် ထိုနှစ်ကို နမိတ်မကောင်းသောနှစ်အဖြစ် သတ် မှတ် ခါ၊ မင်္ဂလာပွဲများလဲ ကျင်းပလေ့မရှိပါဘူး။

ရှေးယခင်ကာလများမှာ သတို့ သမီးက၊ သတို့ သား ကိုရွေးချယ်ခွင့်မရှိဘဲ၊ မိဘဆန္ဒအတိုင်းသာ လက်ခံကြရပါသည်။ မင်္ဂလာ ဆောင်မည့်နေ့ တွင် သတို့ သမီးသည် အညံ့အဆိုးများ ကိုပထုတ်ခြင်း ဟူသော ယုံကြည်ချက်ဖြင့် အမွှေးနံ့ သာရေ ဖြင့် ရေချိုးသန့် စင်ပေးရပါသည်။ ကံကောင်းခြင်း သင်္ကေ တ အဖြစ် အနီရဲရဲတောက်တောက်ဝတ်စုံကို မင်္ဂလာမောင်နှံ (၂)ဦးစလုံး ၀တ်ဆင်ရသလို၊ ရွှေပွဲလာ ပရိတ်သတ်များလဲ အနီရောင်ဝတ်ကာချီးမြှောက်လေ့ရှိကြပါသည်။
ညစာဒင်နာဧည့်ခံခြင်းက တရုပ်ရိုး ရာ အမွေအနှစ်ပါ။ “၈” ဂဏန်းသည် တရုပ်တို့ ၏ ကံကောင်းသော နံပါတ်ဖြစ်သည့်အလျောက်၊ ဟင်းလျာ (၈) မျိုးဖြင့် ဧည့်ခံလေ့ ရှိပါသည်။ နဂါး နှင့် ဖီးနစ် ဌက်တို့ သည် ကံကောင်းခြင်း နိမိတ် ကိုဆောင်သော သင်္ကေတဖြစ်၍၊ ဟင်းလျာ ပန်းကန်ခွက်ယောက် များကို ထိုအ ရုပ် များဖြင့် ရေးခြစ်ထားကြပါသည်။

တရုပ်ရိုးရာ လ္ဘက်ရည်ကြမ်းအပြင်၊ “7” သည် “ကံကောင်းမှု”၊ “UP” သည် “ပျော်ရွှင်မှု” ဟူသော ယုံကြည်ချက်ဖြင့်၊ 7 UP အချိုရည်ကိုလဲ တိုက်ကျွေးလေ့ရှိပါသည်။ သတို့ သား နှင့် သတို့ သမီးကို ကိုယ်စားပြုသော အနီရောင်ကြက်ကင်/ဘဲကင်ဟင်းလျာနှင့်၊ နှစ်ကိုယ်တူဘ၀ သာယာဖြောင့်ဖြူးစေရန် အတွက်၊ပင်လယ်ကျောက် ပွင့်သုပ်ဟင်းလျာ (၂)မျိုးတို့ ကတော့ မရှိမဖြစ်ဟင်းလျာများပါ။ လင်ပန်းကြီးထဲတွင် ၀က်သားပေါက်ကောင်လုံးကင်၊ ပုစွန်ကိုထုပ် ၍ အကြွတ်ကြော်ထားသော ဂဏ န်းလက်မကြော်၊ ခုံးကောင်နှင့် ကြက်မှိုဟင်းလျာ၊ ဂဏန်းသား/ငါးဆီဖောင်းတို့ ဖြင့် ပြုတ်ထား သော ငမန်းတောင်ဟင်းချို၊ ဂျင်း/ကြက် သွန်နီတို့ ဖြင့် ရောပြွမ်းထားသော Consommé (ခေါ်) ပုစွန်ထု ပ်ဟ င်းလျာ၊ ပင်လယ်ခရု ဟင်းရွက်စုံကြော်၊ ကြက်အရေခွံကျွတ်ကြော်၊ ပင်လယ်ငါးပေါင်း၊ ထမင်းကြော်၊ ခရုဆီဖြင့်ပေါင်းထားသော E-Fu ခေါက်ဆွဲပေါင်း၊ တရုပ်အနီရောင်ပဲသီးစွပ်ပြုတ်…စသည်ဖြင့် ဧည့်ခံ စရိတ် သုံးနိုင်မှုပေါ်မူတည်ကာ မြိုင်မြိုင်ဆိုင်ဆိုင်တည်ခင်းလေ့ရှိကြပါသည်။

တရုပ်ရိုးရာအရ မင်္ဂလာပွဲတွင် သတို့ သားနည်းတူ၊ သတို့ သမီးကလဲ အနီရောင်ကြိုးချည်ထားသော ၀ိုင်ကလပ်ခွက် ထဲမှ မင်္ဂလာ ပျားရည်ဝိုင်ကို အနည်းငယ် သောက်လေ့ရှိပါ သည်။ ရှေးယခင်ကာ လ များတွင်၊ သားလှရတနာမွေးဖွားရန်အလို့ ဌာ၊ မင်္ဂလာပွဲ၏ နောက်ဆုံးအစီအစဉ်တွင် သတို့  သမီး၏ ဦးခေါင်းကို ကိတ်မုန့် ဖြင့်ဖိရိုက်ရပြီး၊ ဧည့်ပရိတ်သတ်များကလဲ ကံကောင်းစေသော လက်ဖွဲ့ အေ ဆာင် အဖြစ် ထို ကိတ်မုန့် အပိုင်းအစများကို အလုအယက် သိမ်းဆည်း လေ့ရှိကြပါသည်။ ယနေ့  မျက်မှောက် ကာလမှာတော့ သတို့  သမီး အလှပျက်မှာစိုးသည်ထင့်။ အဲဒီလို မလုပ်ကြတော့ပါ။

ယခုအခါ စုပေါင်းလက်ထပ်ပွဲများ ခေတ်စား လာသည့်အလျောက် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က တရုပ်ပြည်၊ ရှန်ယန်းမြို့တွင် စုံတွဲပေါင်း ၇၅ တွဲ ပါဝင်သော စုပေါင်း မင်္ဂလာပွဲအခမ်းအနားတစ်ရပ်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)