10/28/2014

Facebook မှာ Like & Dislike

Facebook မှာ Like ခလုတ်ရှိပြီး ဘာဖြစ်လို့ Dislike ခလုတ် မရှိတာလဲ၊
ဒီအမေးကို Like ခလုတ်ကိုတီထွင်ခဲ့တဲ့၊ FB နည်းပညာညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Bret Taylorက အခုလိုပြောပြခဲ့ပါသတဲ့။

Dislikeခလုတ်ကို အခုမထည့်သလို နောင်လည်းထည့်မှာမဟုတ်ဘူးလို့ Bret Taylor က ပြောခဲ့ပါတယ်။ Dislikeစာလုံးရဲ့ နောက်ကွယ်အဓိပ္ပာယ်က ရှုပ်ထွေးလွန်းတယ်၊ လူမှုပေါင်းသင်းဆက်ဆံရေးမှာ ဒီလိုအပျက်ဆောင်တဲ့ခလုတ်က မကောင်းမှုတွေကို သယ်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။

Like ဆိုတဲ့ခလုတ်က .. မိုက်တယ်၊ ကြိုက်တယ်၊ သဘောကျနှစ်သက်တယ် စတဲ့ထင်မြင်ချက်ဖြစ်ပြီး လူလူချင်းကြား၊ သူငယ်ချင်းကြား မျှဝေချိန်မှာ အဲဒီလိုကောင်းတဲ့ စိတ်ခံစားချက်ကို ဖြစ်ပေါ်စေဖို့ဖြစ်တယ်။

Dislikeခလုတ်က အပျက်ဆောင်ခံစားချက်တွေဖြစ်ပေါ်စေနိုင်ပြီး အင်တာနက်ပေါ်မှာ အနိုင်ကျင့်၊ ခြိမ်းခြောက်မှုမျိုးခံစားစေနိုင်ပြီး ရန်လိုဒေါသငွေ့တွေလွှမ်းမိုးတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်သွားနိုင်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း ဒီလိုပတ်ဝန်းကျင်ကို နှစ်သက်မှာမဟုတ်ပါဘူး။ ဒီလိုဆိုရင် ကြော်ငြာလုပ်ငန်းနဲ့ ဝင်ငွေရမှာမဟုတ်ပါဘူးလို့ Bret Taylor က ပြောခဲ့ပါတယ်။

appledaily သတင်းစာမှာ ဖတ်မိတာလေးပါ မျှဝေပါတယ်။


credit- 99 sanay