10/28/2014

ဇူလူးရိုးရာ လက်ထပ်မင်္ဂလာပွဲ

တောင်အာဖရိကတိုက်၏ ဇူလူးတိုင်းပြည်တွင် ၁၆-ရာစုအကုန်ပိုင်းလောက်စပြီး၊ ရိုးရာမင်္ဂလာ ဧည့်ခံပွဲကို ပြုလုပ်လာခဲ့ကြပါသည်။ ရှေးဦးစွာ ယောက်ျားလေးတစ်ဦးသည် မိန်းကလေး ကို နှစ် သက် သဘောကျပါက၊ ယောကျာ်းလေး၏အမ မှတဆင့် ထိုမိန်းကလေး ထံ ရောင်စုံပုတီးေ စ့ေ လး များဖြင့် ချစ်စကားပါးပါသည်။ မိန်းကလေးကသဘောတူသည့်အနေဖြင့် ထိုပုတီးစေ့လေး များကို လက်ခံ ယူပါသည်။
သတို့ သမီးက သူမ အိမ်ထောင်ပြုလိုကြောင်းကို မိဘသို့ တိုက်ရိုက် မပြောဘဲ အဖေ့ညီမ(သို့ ) အေ မ့ေ ယာင်းမ(သို့ ) လက်ထပ်ပြီးသောအမ တို့ မှ တဆင့် မိဘကို အ သိပေးပါသည်။ သတို့  သားကလဲ ထိုနည်းအတိုင်း ၄င်း၏မိဘကို အသိပေး ပါသည်။ ထို နော့က် သတို့ သမီး၏အိမ်တွင် ၂-ဘက်မိဘ စည်းဝေးလုပ်ကြပါသည်။ ထိုအစည်းအဝေးတွင် သတိုးသား တက်ရောက် ခွင့်မရှိ ဘဲ၊ သတို့ သားကိုယ်စား “Idombo” (ခေါ်) ကြားခံလူက တက်ရောက်ရ ပါ သည်။ သတို့ သမီး မိသားစုဘက် က သမီးကိုတင်တောင်းရမည့် ပမာဏကို ထိုကြားခံလူ သို့ြေ ပြာ ကားကြ ပါသည်။ ထိုနေ့ မှာပင် သတို့ သားဘက်က သတို့ သမီး၏ မိဘအား ရွှေစ/ငွေစ အနည်းငယ်ကို တိုကင် သဘောအနေဖြင့်ပေးရပါသည်။ နောက်တစ်နေ့ တွင် အစည်းအေ ၀းမှာ တောင်းဆို ထားသော ကျွဲနွား အရေအတွက်၊ သတို့ သ မီးမိဘများအတွက် အ၀တ်အ ထည်နှ င့် ဖိနပ်တို့ ကိုပေးရပါသည်။
ယနေ့  မျက်မှောက် ခေတ် မှာေ တာ့ ကျွဲနွားတန်ဘိုးနှင့်ညီ မျှသော ငွေပမာဏဖြင့် တင်တောင်ြး ကပါ သည်။ ထို့ ပြင် သတို့ သမီး၏ မိခင်ကလည်း သူမ၏သမီးကို ချီးမြှောက်သည့်အနေဖြင့် သူမ ပိုင် ကျွဲနွား ကို မင်္ဂလာလက်ဆောင်ပေးပါသည်။ နောက် တစ်ပတ်ခန့်  အကြာမှာ တော့ ဘုရားေ ကျာင်းတွင် ထိမ်းမြားမင်္ဂလာပြုကြပါတော့သည်။ ဇူလူးတို့ သည် မင်္ဂလာဧည့်ခံပွဲကို သတို့ သား မိဘအိမ်တွင်သာ ပြုလုပ်လေ့ရှိပြီး၊ ညနေပိုင်းမှစ၍ ညသန်းခေါင်ယံထိ ဇူလူးရိုးရာသီချင်းများဆို၍ ကခုန်မြူတူးကြပါသည်။ မင်္ဂလာဧည့်ခံပွဲတွင် သတို့ သမီးက ဟန်းရေးပြသည့်အနေဖြင့် အရောင် အသွေးမတူညီသော မင်္ဂလာဝတ်စုံ(၃)မျိုးကို လဲလှယ်ဝတ်ဆင်ပြပါသည်။ ဦးခေါင်းတွင် သူမ၏ သိုးေ ဘးဘီဘင် လက်ထပ်ကတည်းက ဆောင်းလာသည့် အနီရောင် ပန်းပွားမင်္ဂလာဦးထုပ် ကို ဆောင်း လေ့ရှိပြီး၊ ထိုဦးထုပ်တွင် သူမမိခင်၏ ဆံပင်အနဲငယ်ကိုပါထဲ့၍ပြုလုပ်ထားပါ သည်။
ြေ ပာင်းဖူးသည် ဇူလူးတိုင်းပြည်၏ ပင်မ အစား အစာဖြစ်သည့်အလျောက် မင်္ဂလာပွဲတွင်လ ည်း ပြော င်းဖူး ကို ဟင်းလျာပုံစံ အမျိုးမျိုးဖြင့် တည်ခင်းလေ့ ရှိပါသည်။ "uPhutu" (ခေါ်) ပြောင်း ဖူး၊ အသားတို့ ဖြင့် ချက်ထားသောယာဂု၊ "Isithambu" (ခေါ်) ပြောင်းဖူးအနှစ်ပေါင်း၊ "isit shulu" (ခေါ်) သိုးသားကင်၊ "umZumbe" (ခေါ်) ဗိုစားပဲပေါင်း၊ "iklabishi" (ခေါ်) ဂေါ်ဖီထု ပ်ဟင်းလျာ၊ "ithanga" (ခေါ်) ရွှေဖရုံ သီးဟင်းလျာ တို့ ကို အမဲရောင်အိုးကြီးများထဲတွင်ထဲ့၍ တည်ခင်းလေ့ရှိပါသည်။
"Isithelo" (ခေါ်)အာဖရိကသစ်သီးတစ်မျိုးကို အချိုပွဲအဖြစ် စားသုံး လေ့ရှိကြ ပါသည်။ မင်္ဂလာ ပွဲမတိုင်မီ အရက်အနဲငယ်ကတည်းက ကြိုတင်၍ မြက်ပင်နှင့်ကောက်ပဲ သီးနှံတို့ ကို အချဉ်ဖော က်ကာ "tshwala" (ခေါ်)ဘီယာကို ချက်ကြပါသည်။ ထို ဇူလူးရိုးရာဘီယာကို မင်္ဂလာပွဲများသာ မက၊ ရိုးရာမိကြီးဖကြီးကန်တော့ပွဲများ တွင်လည်း ပူဇော်ပသလေ့ ရှိပါသည်။ ဇူလူးရိုးရာ ဘီယာ သည် ခန္ဒာကိုယ်အတွက် ခွန်အားဖြိုးမောက်စေသည်ဟု တစ်ကမ္ဘာလုံးက အသိအမှတ်ပြု ထား ပါသည်။


(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)