10/28/2014

စိုက်သည့်အတိုင်းရိတ်ရမည်

ပေးဆပ်ရတာကို နှစ်သက်ရင်
အကျိုးကျေးဇူးတွေ များသထက်များလာပါသတဲ့။

ကျေးဇူးသိတတ်ခြင်းကို နှစ်သက်ရင်
အဆင်ပြေမှုတွေ များသထက်များလာပါသတဲ့။

သူတစ်ပါးကိုကူညီရတာကို နှစ်သက်ရင်
ဖေးမစောင့်ရှောက်မှုတွေ များသထက်များလာပါသတဲ့။

မကျေမနပ်ညည်းတွားပြောဆိုရတာကို နှစ်သက်ရင်
ဦးနှောက်ခြောက်စရာတွေ များသထက်များလာပါသတဲ့။

ရောင့်ရဲတင်းတိမ်တာကို နှစ်သက်ရင်
ပျော်ရွှင်ခြင်းတွေ များသထက်များလာပါသတဲ့။

ရှောင်ပုန်း ရှောင်လွှဲတာကို နှစ်သက်ရင်
ကျရှုံးခြင်းတွေ များသထက်များလာပါသတဲ့။

မျှဝေတာကို နှစ်သက်ရင်
အပေါင်းအသင်းမိတ်ဆွေတွေ များသထက်များလာပါသတဲ့။

စိတ်တိုဒေါသထွက်ရတာကို နှစ်သက်ရင်
အနာရောဂါတွေ များသထက်များလာပါသတဲ့။

အချောင်ရလိုစိတ်ကို နှစ်သက်ရင်
ဆင်းရဲခြင်းတွေ များသထက်များလာပါသတဲ့။

တပ်မက်တွယ်တာမှုတွေကို နှစ်သက်ရင်
နာကျင်ခြင်းတွေ များသထက်များလာပါသတဲ့။

ဥစ္စာပစ္စည်းပေးကမ်းရတာကို နှစ်သက်ရင်
ချမ်းသာခြင်းတွေ များသထက်များလာပါသတဲ့။

သင်ယူရတာကို နှစ်သက်ရင်
အသိဉာဏ်ပညာတွေ များသထက်များလာပါသတဲ့။


credit - 99 sanay