ပြန်မထနိုင်တော့သော အိပ်စက်ခြင်းမျိုး အပြင်မှာ တကယ် ရှိပါတယ်။
သူ့ကို
Sudden unexpected death syndrome လို့ခေါ်ပါတယ်။
ယင်း ဝေဒနာ လက္ခဏာကို ၁၉၇၇ ခုနှစ်က အမေရိကန်မှာ ဒုက္ခသည်အဖြစ် သွားရောက် နေထိုင်တဲ့ Hmong လူမျိုးတစ်ဦးမှာ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။
တွေ့ရှိတယ် ဆိုတာ ရုတ်တရက် ဘာအကြောင်းပြချက်မှ မရှိပဲ သေသွားခြင်း ဖြစ်ပါတယ်။
များသောအားဖြင့် အိပ်စက်နေချိန်မှာ ဖြစ်ပါတယ်။
အဖြစ်အများဆုံး လူမျိုး ကတော့ Hmong လို့ခေါ်တဲ့ လူမျိုးစု ဖြစ်ပြီး သူတို့ဟာ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်တို့မှာ နေထိုင်တာများပါတယ်။
ထိုင်နိုင်ငံမှာဆိုရင် ၁၉၈၂ ခုနှစ် ကနေ ၁၉၉၀ ခုနှစ်ကြား ၂၃၀ သော လူဦးရေဟာ ဘာအကြောင်းပြချက်မှ မရှိပဲ ရုတ်တရက်သေဆုံးရခြင်း ဖြစ်ပါတယ်။
အဖြစ်များတာက အမျိုးသားတို့မှာ ဖြစ်ပြီး လူငယ်တွေမှာ အဖြစ်များခြင်း ဖြစ်ပါတယ်။
စင်္ကာပူ နဲ့ ထိုင်းတို့မှာ ဖြစ်ပြီး SUNDS လို့အတိုကောက် ခေါ်တဲ့ ယင်း ရောဂါ လက္ခဏာ ဟာ လူသိများလာပါတယ်။
အကြောင်းပြချက်ကိုလည်း ယနေ့ထိ ရှာလို့မရသေးပါဘူး။
စစ်ဆေး လေ့လာချက်အရ အိပ်ခါနီး စားသုံးမှု များတဲ့ ကာဘွန်ဟိုက်ဒရိတ်ဓာတ် ကြောင့် ဖြစ်ကြောင်း ဆိုပေမ့ယ် ဒါဟာလည်း အငြင်းပွာစရာ အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
အသေးစိတ်ကို http://en.wikipedia.org/wiki/Sudden_unexpected_death_syndrome ထဲမှာ လေ့လာနိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)





