မိုက်ဂရိမ်း ဆိုတာ ဘာလဲ ...?
မိုက်ဂရိမ်းဆိုတာ ဦးခေါင်းထဲမှာ အထူးသဖြင့် တစ်ဖက်တည်း ( unilateral ) မှာ
အရမ်းပြင်းထန်တဲ့ နှလုံးခုန်သံလိုမျိုး (သို့မဟုတ်) ဦးခေါင်းထဲသို့
အလွန်ပြင်းထန်တဲ့ တုန်ခါမှုမျိုး ဖြစ်ပေါ်နေခြင်း တဒိတ်ဒိတ်၊ တဆစ်ဆစ်
ကိုက်နေခြင်းကို ဆိုလိုပါတယ် ။ ဘာတွေနဲ့တွဲပြီး ဖြစ်တတ်သလည်းဆိုတော့
ပျို့ခြင်း ၊ အန်ခြင်း ၊ အလင်းစူးစူးကို မခံနိုင်ခြင်း ၊အသံ အနံ့
စူးစူးတွေကို မခံမရပ်နိုင်ဖြစ်ခြင်း တို့နဲ့ တွဲလာတတ်ပါတယ် ။
ဒီခေါင်းကိုက်တာဟာ ခဏ ခဏ ဖြစ်ပေါ်လေ့ရှိပြီး မိုက်ဂရိမ်းခံစားရလေ့ရှိတဲ့
အသက်အရွယ်တွေမှာတော့ သိပ်ပြင်းထန်လေ့ မရှိပါဘူး ။
အမျိုး အစားများ....။
မိုက်ဂရိမ်းကို သူတို့ ဖြစ်ပေါ်စေတဲ့ လက္ခဏာများအရ
အမျိုးအစားများခွဲခြားနိုင်ပါတယ် ။ ထင်ရှားတဲ့ ၂ မျိုးကတော့ Migraine with
aura နဲ့ Migraine without aura တို့ပဲဖြစ်ပါတယ် ။ အခြားသိပ်မထင်ရှားတဲ့
အမျိုးအစားတွေကတော့ Abdominal migraine , Basilar artery migranie ,
Carotidynia , Headache - free migraine ( aura withoutmigraine ) ,
Opthalmoplegic migraine / Ocular migraine နဲ့ Status migrainousus
တို့ပဲဖြစ်ကြပါတယ် ။အချို့သော မိန်းမတွေမှာ ရာသီလာနေစဉ် သို့မဟုတ် လာခါနီး
အချိန်မှာ ဒီမိုက်ဂရိမ်း ရောဂါကို ခံစားကြရလေ့ရှိပါတယ် ။
ဒီလိုမျိုးခေါင်းကိုက်ခြင်းကို ရာသီမိုက်ဂရိမ်း (menstrual migraines )
လို့ခေါ်ပါတယ် ။ ဒါဟာ ဘာနဲ့ဆက်နွယ်နေသလည်းဆိုတော့ ဟော်မုန်းပြောင်းလဲမှုတွေ
နဲ့ တခါတရံ (သို့မဟုတ်) ကိုယ်ဝန်ဆောင်ချိန် မှာ တော့ ဖြစ်ပေါ်တာ
နည်းလေ့ရှိပါတယ် ။ တချို့မိန်းမတွေမှာတော့ ပထမအကြိမ်ကိုယ်ဝန်ဆောင်ခြင်း နဲ့
သွေးဆုံးပြီးချိန်တွေမှာ မိုက်ဂရိမ်းကို ခံစားရလေ့ရှိပါတယ် ။
Migraine with aura ဆိုတာဘာလဲ .....?
ဆိုလိုတာကတော့ ဦးနှောက်ပိုင်းဆိုင်ရာ သဘာဝဖြစ်စဉ်များ ( neurological
phenomenon ) aura က ခေါင်းမကိုက်ခင် ၁၀ မိနစ် (သို့မဟုတ်) နာရီဝက်အလိုမှာ
စတင်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ် ။ Auras အများစုဟာ အမြင်အာရုံနဲ့သက်ဆိုင်ပြီး
အရာဝထ္ထုတွေ ပတ်လည်မှာ တောက်ပပြီးတံလျှပ်ကဲ့သို့ စူးရှတဲ့ အလင်းရောင်တွေ
ခံစားရလေ့ရှိတယ် ။အမြင်အာရုံ မြင်ကွင်းရဲ့ အစွန်းတွေမှာ
အဲဒီလိုမျိုးတွေ့ရလေ့ရှိပြီး အဲဒါကို Scintillating scotomas လို့ခေါ်ပါတယ် ။
ကွေ့ကွေ့ကောက်ကောက်လိုင်းတွေ Zigzag lines နဲ့မဖြစ်နိုင်သည်များကို
စိတ်ကူးယဉ်ခြင်း Castles ( teichopsia) နဲ့ တွန့်လိမ်နေတဲ့ပုံရိပ်တွေကို
တွေ့ရလေ့ရှိခြင်း ထင်ယောင်ထင်မှားဖြစ်ခြင်း hallucinations တွေနဲ့
တွဲလာလေ့ရှိပါတယ် ။
ဒါ့အပြင် ယာယီအလင်း ပျောက်ကွယ်ခြင်း temporary
vision loss လည်းဖြစ်နိုင်ပါသေးတယ် ။ အမြင်အာရုံနဲ့မသက်ဆိုင်တဲ့ Nonvisual
auras ကတော့ ကြွက်သားအားနည်းခြင်း ၊ စကားပြော အသံထွက် ဘာသာစကားမပီသခြင်း ၊
ခေါင်းမူးခြင်း ၊ အထိုင်အထတွင် မိုက်ခနဲမူးခြင်း ၊ မျက်နှာပေါ် လျှာပေါ်
နှင့် ခြေချောင်းလက်ချောင်းများတွင် ထုံခြင်းကျင်ခြင်း parasthesia တို့နဲ့
တွဲလာနိုင်ပါတယ် ။ Aura ဆိုတာတကယ်တော့ ကိုယ့်ဆီကို မိုက်ဂရိမ်းက
မတိုက်ခိုက်ခင် ကြိုတင်သတိပေးတဲ့ အာရုံခံစားမှု sensation တစ်ခုဖြစ်ပါတယ် ။
Aura ကိုခံစားရတဲ့ လူတွေဟာ လေဖြတ်ဖို့ အခွင့်အလမ်းပိုများပါတယ် ။
သိပ်ဖြစ်လေ့မရှိပါဘူး ဆို၍ ပေါ့ဆ၍ မနေသင့်ပေ ။ ငယ်ရွယ်တဲ့မိန်းမတွေမှာတောင်
မိုက်ဂရိမ်းဟာ ဖြစ်နိုင်တဲ့အတွက်ကြောင့်ပါ ။ ကိုယ်ဝန်တားဆေး (OC pills
လက်ညှိုးထိုးကဒ်) တွေနဲ့ ဆေးလိပ် သောက်ခြင်းဟာ လေဖြတ်ခြင်းကို
မိုက်ဂရိမ်းမရှိတဲ့လူတွေထက် ၇ ဆ ပိုဖြစ်နိုင်တယ်ဆိုတာ သိကို သိထားရပါမယ်
။ဒါကြောင့် သင့်မှာ migraines with aura ရှိပြီဆိုလျှင် ..................
ဆေးလိပ်ကို အတတ်နိုင်ဆုံး မြန်မြန်ဖြတ်ပါ ။
ကိုယ်ဝန်တားဆေး (OC pill ) တွေမသုံးပါနှင့်။ အကယ်၍ သုံးရမည်ဆိုပါက
ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးမသောက်ခင် လေဖြတ်နိုင်မည့် အခွင့်အလမ်းကို
တိုင်ပင်ဆွေးနွေးပါ ။သောက်သုံးရမည့်ဆေးများမှာတော့ အများစုမှာ Ibuprofen
ကဲ့သို့ အကိုက်အခဲပျောက်ဆေးများ ဖြစ်ပြီး ဆရာဝန်နှင့်ပြသပါ ။ သင့်ရဲ့ ရောဂါ
လက္ခာနှင့် ရာဇ၀င် history ပေါ်မူတည်ပြီး ဆေးတွေက ကွဲပြားသွားမှာ ဖြစ်ပါတယ် ။
ယေဘူးယျအားဖြင့် ရတ်သတ္တပါတ်မှ လထိတိုင်အောင် စွဲသောက်ရလေ့ရှိပါတယ် ။
ဘယ်လိုကာကွယ်မလည်း........?
မိုက်ဂရိမ်းကို ကာကွယ်ဖို့ကတော့ Beta Blockers ကဲ့သို့ ဆေးတွေ ဥပမာ
propranolol , timolol , metoprolol , nadolol တွေရှိပါတယ် ။ ဒီဆေးတွေက
သင့်ဦးခေါင်းထဲမှသွေးလွှတ်ကြောတွေ ကျယ်ခြင်းကို Beta receptors တွေကို
ပိတ်ပေးခြင်းအားဖြင့် ကာကွယ်နိုင်မှာဖြစ်ပါတယ် ။ ဒါ့အပြင် သူတို့ဟာ
သွေးခဲစေသောအရာ platelets တွေကိုစုစည်းခြင်းမှ ကာကွယ်ပေးပြီ သွေးတွေကို
လွတ်လပ်စွာ စီးဆင်းစေမှာ ဖြစ်ပါတယ် ။ Platelets ဆိုတာကတော့
သွေးခဲအောင်လုပ်ပေးတဲ့ အရာတွေပေါ့ ။ ဒါပေမယ့် Beta blockers တွေဟာ
ပန်းနာရင်ကြပ်နဲ့ လုံးဝ မတည့်ပါဘူး ။ အကောင်းဆုံးကတော့ ဆရာဝန်နှင့် စနစ်တကျ
ကုသမှုခံယူခြင်း ပဲဖြစ်ပါတယ် ။
စာရေးသူ....သက်တန့်ချို......(၁၁း၃၀ ည ၅.၁၀.၀၉)
Ref: About.com Healthcommunities.com
Relieve-migraine-headache.com
originally posted by thettantcho
9/23/2014
Migraine ဆိုတဲ့ခေါင်းတစ်ခြမ်းကိုက်တဲ့ ရောဂါ
9/23/2014
Dim




