လူဆယ်ဦးမှာ တစ်ဦးနှုန်း လောက်ဟာ အသည်းမှာကျောက် တည်တဲ့ဝေဒနာ ခံစားရ လေ့ရှိပြီး အဲဒီလိုကျောက် မတည်ဖို့အတွက် အရည်များများ သောက်ပေးဖို့လို
အပ်ပြီး သန့်စင်တဲ့ ရေများများ သောက်ပေး တာကတော့ အကောင်းဆုံး ပါပဲ။
ဆင်ဆင်ခြင်ခြင် စားရမှာ တွေကတော့ မြေပဲ၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ ဟေဇယ်စေ့၊
ပဲပိစပ်၊ ကန်စွန်းဥနဲ့ ချောကလက် စတာ တွေဖြစ်ပြီး အသား စားတာကို လည်း
ဆင်ခြင်ရပါမယ်။
အသည်း မှာ ကျောက်တည်ပြီဆိုတာနဲ့ ဆရာဝန်က
ဆားစားသုံး တာကို ရပ်ခိုင်းပြီး ဆား၊ ထုံးဓာတ်၊ အသား ဓာတ်၊ ပိုတက်ဆီယမ်ကို
သတ်မှတ်ပမာဏအတိုင်းပဲစားဖို့ ညွှန်ကြားတော့ မှာပါ။
ဒါကြောင့် မို့
အသည်းကျောက် တည်တာတွေ ကို သက်သာ ပျောက်ကင်း စေနိုင် တဲ့ဖျော်ရည်
လုပ်နည်းလေး အကြောင်း ပြောပြချင်ပါတယ်။
အချဉ်ဓာတ် အက်စစ်ကြွယ် ဝတဲ့ သံပရာ၊
သံပရိုသီးတွေက ကျောက်ကြေနိုင်စွမ်းရှိပြီး ဖရဲသီး ကလည်း အသည်း ကျောက်တည်တာပျောက်ကင်းဖို့အတွက်အကောင်းဆုံးသီးနှံပါပဲ။
ရေကို
နေ့စဉ်သောက်နိုင်သလောက် ဖန် ခွက်ပေါင်းများစွာ သောက်ပေးဖို့ လိုအပ်ပြီး
သစ်သီးဖျော်ရည်က တော့ တစ်ခွက်ကနေ နှစ်ခွက် အထိ သောက်ပေးသင့်ပါတယ်။
အသည်းကျောက်ကြေနိုင်တဲ့ဖျော် ရည်ကိုတော့ အခွံနွှာထားတဲ့ လိမ္မော်သီးတစ်လုံး၊
ပန်းသီးတစ် လုံး၊ သံပရာသီး တစ်လုံး၊ ဖရဲသီး လေးစိတ်၊ ရေခဲတုံးလေးတုံးနဲ့
ဖျော်စပ်ရမှာဖြစ်ပါတယ်။
ဖျော်တဲ့ အသီးအနှံတွေကတော့သဘာဝ
မြေဩဇာသုံးထားတဲ့အော်ဂဲနစ် သီးနှံတွေဖြစ်ဖို့ ပါပဲ။
Credit - Myawady Health
9/09/2014
အသည်းကျောက်တည်တာ မဖြစ်အောင် ကာကွယ်နိုင်ဖို့
9/09/2014
Dim




