(၁) ၀မ်းပျက်ဝမ်းလျော ရောဂါ။
ယခုလိုမိုးရာသီရောက်တိုင်း နှစ်စဉ်ကူးစက်ပြန့် ပွားနေကျ ရောဂါဆိုးတစ်ခုပါ။
မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ရပ်ကွက်နှင့် လမ်းများပေါ်က
ရေဆိုးရေညစ်များနှင့်အတူ မိုးရေလျှံလာပါတယ် အဲဒီနောက် ရေပြန်ကျသွားတဲ့အခါ
အညစ်အကြေးအနယ် အနှစ်တွေ တင်ကျန်ရစ်ခဲ့ပြီး Vibiro
Cholerae(ခေါ်)၀မ်းရောဂါကူးစက်ရောဂါပိုးမွှားပေါက်ပွားမှု များပြားလာတဲ့အတွက်
ဝမ်းပျက် ၀မ်းလျောရောဂါ ဖြစ်လာရပါတယ်။ ဒါ့ပြင် မိုးရွာ၍ရေကြီးစဉ်
ထိုညစ်ညမ်းသောရေထဲ ဖြတ်လျှော က်သွားပြီးနောက် တစ်ကိုယ် ရေသန်
့ရှင်းမှုအားနည်းခြင်းကလည်း ရောဂါပိုး ကူးစက်ခံရဖို့ သေ ချာ
သလောက်ရှိနေပါပြီ်။ မသန့် ရှင်းသည့်အစားအစာများ၊ မသန့် ရှင်းသည့် သောက်ရေ
သုံးေ ရ များ၊ အမှည့် လွန်သစ်သီးများ၊ ယင်နားစာများ၊ လက်လုပ် ချဉ်များ၊ သန်
့ရှင်းမှုအားနည်းသည့် လ မ်းေ ဘးအစားအစာများ စသည်တို့ ကို အထူးသတိပြု
ရှောင်ရှားရပါမယ်။ သို့ မဟုတ်ပါ က နော က် ဆက်တွဲ ပြဿနာများအဖြစ်
အစာအိမ်နာခြင်း နှင့် အစာအဆိပ်သင့်ခြင်း အတွက်ပါစိုးရိမ်ရ ပါ တယ်။
အထူးသဖြင့် ကိုယ်ခံ အားနည်းသော ရင်ခွင်ပိုက်ကလေးငယ်များ၊ ကျောင်းနေရွယ် ကေ
လး များ နှင့် သက်ကြီးရွယ်အိုတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ကမ္ဘာပေါ်
တွင် နှစ် စဉ် ၀မ်းရောဂါဖြစ်ပွားသူ သုံးသန်းမှ ငါးသန်းအထိရှိပြီး၊ ၄င်းတို
့အနက် တစ်သိန်းကျော် ဟာ ၀မ်းရောဂါကြောင့်သေဆုံးကြရကြောင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ ထုတ်ပြန်ကြေငြာထား ပါတယ်။ နာရီပိုင်းအတွင်းမှာပဲ
ဆန်ဆေးရေအရောင် ၀မ်းတွေအဆက် မပြတ်သွားခြင်း(သို့ မ ဟုတ်) တစ်နေ့ တည်းမှာပင်
ဝမ်းအရည် ၃-ကြိမ် နှင့်အထက် ၀မ်းသက်ခြင်း၊ ၀မ်းတွင်သွေးပါခြင်း၊
အစာစားချင်စိတ်မရှိခြင်း၊ မှိန်း၍ ပျော့ခွေခြင်း၊ အရည်ကောင်းစွာ မ
သောက်နိုင်ခြင်း(သို့ မဟုတ်)ခံ တွင်ြးေ ခာက်၍ ရေအငမ်းမရသောက်ပြီးနောက်
ထိုရေအတိုင်း ၀မ်းသွားခြင်း ပြန်အန်ထွက်ခြင်း စ တဲ့ ရောဂါလက္ခဏာများ
ပြနေပြီဆိုပါက ဓာတ်ဆားရည်များများသောက်၍ နီးစပ်ရာ ဆေးရုံေ ဆး ခန်းသို့ 
မဆိုင်းဘဲပြသင့်ပါ တယ်။ အခြားသူများသို့  ဆက်လက်၍ မကူးစက်နိုင်အောင် ၀မ်း
သွားပြီးတိုင်း သန့် စင်ခန်း(အိမ်သာ)ကို ရေနိုင်နိုင်လောင်းချ သင့်ပါတယ်။
ဝမ်းပျက်ဝမ်းလျောခြင်း ကို ထိေ ရာ က်စွာ ကုသမှု မခံယူဖြစ်ပါက ခန္ဓာကိုယ်ထဲမှာ
ရေဓာတ်ဆုံးရှုံး၍ သွေးပေါင်ကျ ကာ သတိလစ်ပြီး နာရီပိုင်းအတွင်း
အသက်ဆုံးရှုံးနိုင်လို့  မပေါ့ဆသင့်ပါဘူး။
(၂) အအေးမိ-နှာစေး-ချောင်းဆိုး ရောဂါ။
မိုးရာသီရောက်တိုင်း အရွယ် ၃-ပါးမရွေး ကြုံတွေ့ ရတဲ့
ကူးစက်ရာသီရောဂါတစ်မျိုးဘဲ ဖြစ်ပါ တယ်။ “အအေးမိ-နှာစေး-ချောင်းဆိုး ရောဂါ
အစ မိုးမိခြင်း ကစ ” လို့  မှတ်သားသင့်ပါတယ်။ ဒါကြောင့် မိုးမိလာတဲ့အခါ
ရေစိုအ၀တ်များ ချက်ချင်းလဲပါ၊ ဆံပင်စိုများကို ခြောက်သွေ့ အောင် လုပ်၍
နွေးနွေးထွေးထွေးဖြစ်သွားအောင် ရေနွေးပူသောက်ပေးပါ။ ရုံး၊ ကျောင်း၊
ဘတ်စ်ကား စတဲ့ လူဦးရေ ထူထပ်သောနေရာတွေမှာ ကိုယ်ခံအားမကောင်းသူများအဖို့ 
ကူးစက်ပြန့် ပွားနိုင်ခြေအ လား အလာများပါတယ်။ အအေးမိဖျား နာခြင်းကြောင့်
အသက်အန္တရာယ်မစိုးရိမ်ရသောငြား၊ အ ဖျားပျောက်ပြီး
ချောင်းတဟွတ်ဟွတ်စွဲကျန်ရစ်ခဲ့ပါတယ်။ တခြားသူများ ကို ဆက်လက်မကူးစ က်ေ အာင်
လက်ကိုစင်ကြယ်စွာဆေးကြောပါ၊ နှာချေချောင်းဆိုးတဲ့အခါမှာလည်း တစ်ခါသုံး တစ်
ရှုးသုံး၍ စံနစ်တကျစွန့် ပစ်ပါ။ အထူးသဖြင့် ကိုယ်ခံအားနည်းသော ကလေးများ
နှင့် သက်ကြီး ရွ ယ်အို များမှာ ဗိုင်းရပ်စ်ပိုးကူး စက်လွယ်၍ အချိန်မရွေး
ဖျားနာတတ်တာကြောင့် အအေးမိတုပ်ေ ကွးဖျားနာပျောက်ဆေးများ
အိမ်မှာအသင့်ဆောင်ထားခြင်း၊ ကိုယ်ခံအား ကောင်းအောင် ဗီတာ မင်စီဆေးပြားများ
သောက်ခြင်း၊ ရေများများသောက်ခြင်း၊ သန့် ရှင်လတ်ဆတ်သော ဟင်းရွက် စိမ်း များ
စားသုံးခြင်း၊ အရည်ရွှမ်းသော လိမ္မော်သီးစားခြင်း၊ နေ့ စဉ်သွားလာနေကြသော
ရုံးသူ ရုံးသား၊ ကျောင်းသူ ကျောင်းသားများ အနေဖြင့် အ၀တ်အစားအပို
ဆောင်ထားခြင်း စသည်ဖြင့် ကြိုတင်ကာကွယ်ထားသင့်ပါတယ်။
(၃) တုပ်ကွေးရောဂါ။
တုပ်ကွေးရောဂါဟာ အထက်ပါအမှတ်စဉ်တွင် ဖော်ပြခဲ့တဲ့ ရိုးရိုး
အအေးမိ-နှာစေး-ချောင်း ဆိုး ရော ဂါ နှင့် ခပ်ဆ င်ဆင်တူပါတယ်။ ဒါကြောင့်လည်း
လူအများစုက မိမိအိမ်မှာပင် သာမန် အကိုက်အခဲပျောက်ဆေး လေးတွေသောက်၍
ရောဂါတော်တော်နှင့်မပျောက်နိုင်ဘဲ ရောဂါပြင်းမှ သာ ဆေးရုံဆေးခန်းသို
့ရောက်လာတတ်တာကြောင့် အခန့် မသင့်ရင် အသက်ဆုံးရတဲ့ သာဓ က များ တွေ့ 
ရပါတယ်။ တကယ်တော့ တုပ်ကွေးရောဂါဟာ ရိုးရိုးအအေးမိရောဂါထက် ပိုမိုပြင်း ထန် ၍
အဖျားကြီးကာ အဖျားတာရှည် ပါတယ်။ ခေါင်းကိုက်၊ ချောင်းဆိုး၊
အင်အားကုန်ခမ်းမော ပမ်ြး ခင်း နှင့် ကိုယ်လက်ကိုက်ခဲခြင်းတို့ ဟာ
တုပ်ကွေးလက္ခဏာများဖြစ် ပါတယ်။ တုပ်ကွေးရော ဂါ က အသက် ၆-လ နှင့်အထက်မှစ၍
ဖြစ်နိုင်တာကြောင့်လည်း ထိုအရွယ်ရင်သွေးငယ်များ အ တွက် မိုးဦးကျ
မတိုင်မီကတည်းက ၁-နှစ် ၁-ကြိမ် တုပ်ကွေးကာကွယ်ဆေး ကြိုတင်ထိုးပေးထား သင့်
ပါတယ်။ လူကြီးလူငယ်မရွေး ရော ဂါဖြစ် နိုင်ပြီး၊ အကယ်၍ အဆုပ်ရောင်ရောဂါ၊
နားပြည် ယို၊ ထိပ်ကပ်နာ နှင့် ရေဓာတ်ခမ်းခြောက်ရောဂါ အခံရှိသူများအဖို့ 
တုပ်ကွေးရောဂါ ဖြစ်လာတဲ့ အခါ အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
ကူးစက်လွယ်ရောဂါတစ်မျိုး ဖြစ်တာကြောင့်လည်း လူနာ ကို ထိတွေ့ ကိုင်
တွယ်ခြင်း၊ တံတွေး သလိပ်ကို ထိတွေ့ မိခြင်း၊ လူနာဆီမှ နှာချေ ချောင်း ဆိုး
စကားပြောစဉ် ဗိုင်းစပ်ပါလာသော လေများကို ရှုရှိုက်မိရာကတဆင့် အလွယ်တကူ
ကူးစက် နိုင် လို့  သတိဖြင့်ယှဉ်၍ ကာကွယ်ခြင်းဖြင့် လက်ဦးမှုကို အရယူပါ။
(၄) သွေးလွန်တုပ်ကွေးရောဂါ။
မြန်မာပြည်မှာ တစ်နှစ်ပတ်လုံးဖြစ်ပွားတတ်တဲ့ရောဂါဖြစ်ပြီး၊ အထူးသဖြင့်
မိုးရာသီမှာ အဖြစ်များ ပါ တယ်။ စစ်တမ်းများအရ၊ အ သက် ၃-နှစ်မှ
၈-နှစ်အရွယ်တွေမှာ အဖြစ်များကြောင်းတွေ့ ရပါ တယ်။ အသက် ၁၅ နှစ်အောက်
ဖြစ်ပွားနှုန်းများတဲ့အပြင်၊ လူကြီး များမှာလည်း ဖြစ်တတ်တြာေ ကာင့် အ သက်
အပိုင်းအခြားမရှိ ဖြစ်တတ်တဲ့ရောဂါလို့ ဆိုရမှာပါ။ ကျန်းမာရေးဝန်ကြီးဌာန၏
မှတ် တမ်း များအရ၊ မြန်မာနိင်ငံတွင် ၁၉၆၅ ခုနှစ်မှစ၍ သွေးလွန်တုပ်ကွေးရောဂါ
ဖြစ်ပွားလာခဲ့ြေ ကာင်း၊ ၁၉၇၀၊ ၁၉၉၄၊ ၁၉၉၈၊ ၂၀၀၁၊ ၂၀၀၄၊ ၂၀၀၉ နှင့် ၂၀၁၃
ခုနှစ်များမှာ ကပ်ရောဂါအသွင်ြေ ပာင်း သွားကြောင်း၊ အထူးသဖြင့် ၂၀၀၉ နှင့်
၂၀၁၃ ခုနှစ်များ မှာ ရောဂါဖြစ်နှုန်း နှင့် လူသေနှုန်း အများ
ဆုံးဖြစ်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၃ ခုနှစ်မှာ
သွေးလွန်တုပ်ကွေး ရော ဂါဖြင့် သေဆုံးသူဦးရေ ၆-ဆကျော်သည်အထိ
မြင့်တက်လာခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် ပထမ ၄-လ အတွင်းမှာ သွေးလွန်
တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ ၂၆၀ ကျော်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် မေလ
၁-ရက်မှ ၁၀-ရက်အတွင်းမှာ ရောဂါဖြစ်ပွားသူဦးရေ ၇၀-ကျော်ထိရှိနေပြီး
လူသေဆုံးမှုများ ပင်ဖြ စ်နေကြောင်း၊ မြန်မာနိုင်ငံဟာ သွေးလွန်တုပ်ကွေးရောဂါ
ဖြစ်ပွားမှုမြင့်မားသည့် နိုင်ငံ များတွင် တစ် ခုအပါအ၀င်ဖြစ်ကြောင်း
လေ့လာတွေ့ ရှိရပါတယ်။ ရောဂါလက္ခဏာများမှာ ၂-ရက် မှ ၃-ရ က်အတွင်း အပြင်းဖျား၍
ပျို့ အန်ခြင်း၊ ခန္ဓာကိုယ်အနှံ့  အနီစက်များထွက်ခြင်းဖြစ် လာပါ တယ်။ ေ
ဆးရုံဆေးခန်းသို့ မသွားခင် ဓာတ်ဆားရည်တိုက်ခြင်း၊ ပါရာစီတမောလ် (အကိုက်အခဲေ
ပျာ က်ဆေး) တိုက်ခြင်းပြုပေးပါ။ ဆက်လက်ပြီး ရောဂါစဖြစ်ချိန်မှစ၍ ၃-ရက် မှ
၅-ရက် အတွင်း ဆ က်လက်၍ ကိုယ်ပူနေခြင်း(သို့ မဟုတ်) တလှည့်စီဖြစ်ခြင်း၊
ခြေဖျားလက်ဖျားများအေးစက်ခြင်း၊ မကြာခဏဆိုသလို အညိုရောင်
အရည်များအော့အန်ခြင်း၊ မှိန်းနေခြင်း၊ ကတ္တရာစေး အရောင် ၀မ်း
မည်းတွေသွားခြင်း စတဲ့သွေးလန့် သည့် လက္ခဏာများပြလာပါက အချိန်မဆိုင်းဘဲ ဆရာ
ဝန်နှင့်ပြသင့်ပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါဆိုတာ ထိုရောဂါပိုးသယ်ဆောင်လာ
တဲ့ ခြင် ကျားကိုက်ခံရခြင်းမှ ကူးစက်ပြန့် ပွားလာတာကြောင့် အထိရောက်ဆုံးကာ
ကွယ်နည်းကေ တာ့ ခြင်ကိုက်မခံရစေဖို့ ပါဘဲ။ ဒါကြောင့် အကျီလက်ရှည်၊
ပုဆိုးရှည်ရှည် ၀တ်ဆင်ခြင်း၊ ခြင်ေ ထာင်ဖြင့် အိပ်စက်ခြင်း၊ ခြင်ထောင်ကို
၆-လတစ်ကြိမ် ဆေးစိမ်ခြင်း၊ ရေစီးရေလာေ ကာင်ြး ပီး ခြင် မပေါက်ပွါးစေရန်
ရေဆိုးမြောင်းများ ရှင်းလင်းခြင်း၊ လေ၀င်လေထွက်ကောင်းပြီး ခြင်မ ခိုေ
အာင်းနိုင်အောင် အိမ်တွင်းအိမ်ပြင် သန့် ရှင်း ရေးပြုလုပ် ၍ စွန်
့ပစ်ပစ္စည်းများကို မြေမြှုပ်ခြ င်း(သို့  မ ဟုတ်)မီးရှို့ ခြင်း၊
ခြံတွင်းခြံပြင် ချုံ နွယ်ပိတ်ပေါင်း များရှင်းလင်းခြင်း၊ ကိုယ်ထူကိုယ်ထ
ဖုံး-သွန်-လဲ-စစ် ပြုလုပ်ခြင်း၊ ဆေးခတ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်းတို့ 
ပြုပေးသင့်ပါတယ်။ ဒါ့ပြင် ခြင်မခိုေ အာင်း နိုင်ရန် ဘုရားပန်းအိုး တွေကို
နေ့ စဉ်ရေသစ်လဲခြင်း၊ ခြံထဲရှိ အသုံးမပြုဖြစ်သေးတဲ့ ပန်း အိုး
အခွံ(အလွတ်)များကို မှောက်ထားခြင်း၊ ရေသွန်ရန် အခက် အခဲရှိတဲ့ အုတ်ကန်၊ ရေ
စည်၊ ရေကန် များ ထဲသို့  ပိုးလောက်လန်းစားသော ငါး (သို့ မ ဟုတ်)
အဘိတ်ဆေးထည့်ခြင်း ပြုပေးပါ။
(၅) ဌက်ဖျားရောဂါ။
မြန်မာနိုင်ငံမှာ နှစ်စဉ် ဌက်ဖျားဖြစ်ပွားသူဦးရေ ၅-သိန်းခန့် ရှိပြီး၊
သေဆုံးသူဦးရေ ၁၀၀၀ ခန့် ရှြိေ ကာင်း ကျန်းမာရေးဦးစီးဌာနမှ
ထုတ်ပြန်ထားပါတယ်။ ဌက်ဖျားရောဂါပိုးသယ်ဆောင်လာတဲ့ အေ နာ် ဖီလီ ဟုအမည်ရသော
ခြင်မ ကိုက်ခြင်းကြောင့် ဌက်ဖျား ရောဂါဖြစ်လာရပါတယ်။ ထိုကူးစ က်ေ
ရာဂါပိုးဖြစ်စေတဲ့ ခြင်မတွေက ညအခါမှာ ပို၍ကိုက်လေ့ရှိပါတယ်။ ဌက်ဖျားရောဂါဟာ
အ သက်အရွယ်မရွေ ဖြစ်ပွားတတ်ပြီး၊ အကယ်၍ ကိုယ်ဝန်ဆောင်မိခင်လောင်းများ
ဌက်ဖျားရော ဂြါ ဖစ် တဲ့အခါ အချိန်မတိုင်မီ ကလေးမီးဖွားခြင်း၊
ကိုယ်အလေးချိန် မပြည့်သော ကလေးမွေးဖွာြး ခင်း၊ မွေး ဖွားပြီးပြီးချင်း
ကလေးသေဆုံးခြင်း၊ သားလျှောခြင်း တို့ ဖြစ်နိုင်ပါတယ်။ ထိုခြင်မ ကိုက်
ခံရပြီးနောက် ၁၀-ရက်မှ ရက်သတ္တ ၃-ပိတ်အတွင်း ဌက်ဖျားပိုးဝင်သွားပါပြီ။
ရောဂါလက္ခဏာ များ မှာ ချွေးစေးများထွက်ကာ ဖျား၍ ချမ်းတုန်ခြင်း၊
ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ခေါင်း ကိုက်ခြင်း၊ေ ချာင်း ဆိုးခြင်း၊
အန်ခြင်း၊ ၀မ်းသက်ခြင်း တို့ ဖြစ်လာပါတယ်။ အကယ်၍ ရောဂါပြင်းထန်လာပါ ကေ
သွးအားနည်းခြင်း၊ ဆီးထဲမှာ သွေးပါခြင်း၊ ဌက်ဖျားပိုး ဦးနှောက်ထဲရောက်ကာ
သတိလစ်ေ မ့မြေခြင်း၊ အဖျားကြီးလွန်း၍ သတိလစ်မေ့မြောခြင်း၊ သွေးထဲမှာ
သကြားဓာတ်လျော့ကျ သွာြး ခင်း၊ အသက်ရှုလမ်းကြောင်းမှာ ပြဿနာကြီးဖြစ်လာခြင်း၊
ကျောက်ကပ်ပျက်စီးခြင်း၊ သရက်ရွက်ြ ကီးခြင်း တို့ ဖြစ်လာ ပါတယ်။
ဌက်ဖျားရောဂါပိုး တစ်ကြိမ်ဝင်မိပြီဆိုတာနှင့် အမြစ်မပြတ်နိုင်တော့ ပါဘူး။
ဒါကြောင့် ဌက်ဖျားရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများမှာ လွန်စွာများပြား
လှတြာေ ကာင့် ခြင်ကိုက်မခံရလေအောင် နည်းအမျိုးမျိုးဖြင့်
ကြိုတင်ကာကွယ်ထားသင့်ပါတယ်။ အကယ် ၍ ဌက်ဖျား ရောဂါဖြစ်ပွားနိုင်တဲ့
အရပ်ဒေသများသို့ မဖြစ်မနေ သွားရောက်ရပါက ဌက်ဖျားကာ ကွယ်ဆေးကိုကြိုတင်
သောက်သုံးခြင်း(သို့ မဟုတ်)ကြိုတင်ဆေးထိုးခြင်း၊ ဆေးဆောင်ထားခြင်း
ပြုလုပ်ပေးပါ။
(၆) အရေပြား ရောဂါ။
မိုးရွာပြီးနောက်
ဗွက်အိုင်များမှာ ခြေဆော့စကားခြင်း၊ ဗွက်အိုင်ကို မရှောင်ဘဲ တမင်တကာနင်းေ
ဆာ့ေ လ့ရှိတဲ့ အသက် ၃ နှစ်မှ စ၍ အလတ်တန်းကျောင်းသားအရွယ်တွေဟာ
မိုးရာသီရောက် တိုင်း ပွေး၊ ၀ဲစို၊ ၀ဲခြောက်၊ ရေ၀ဲ၊ သဲဝဲ၊ ညှင်း၊ နှင်းခူ
စတဲ့ အရေပြား ရောဂါတွေ အဖြစ်များပါတယ်။ ထို့ ပြင် အပြင်မှပြန်လာပြီးတိုင်း
ခြေထောက်ဆေးကြော သန့် ရှင်းမှုအားနည်းတဲ့ လူကြီးများ မှာ လည်း အလားတူ
အရေပြား ယားနာများ ဖြစ်လာနိုင်ပါတယ်။ အကယ်၍ သွေးမသန့် ဘဲ အရြေ
ပားမှိုစွဲလေ့ရှိသူများ ကလည်း မိုးရာသီ၏ စိုထိုင်းဆမြင့်မားလာမှုကြောင့်
လက်ချောင်းများ(သို့  မ ဟုတ်)တကိုယ်လုံး ယားနာဖြစ်တတ်ပါသေးတယ်။ ရေ၀ဲ၊ သဲဝဲ
ဖြစ်ခြင်းမှ ကြိုတင်ကာကွယ်သည့် အနြေ ဖင့် ရေစုပ်ယူထားနိုင်တဲ့
ကတ္တီပါဖိနပ်များမစီးပါနှင့်၊ မိုးတွင်းစီးဖိနပ်ကို သာ စီးပါ၊ မိုးရွာထဲ ကနေ
အိမ်ကိုပြန်ရောက်ရောက်ချင်း ခြေထောက်များကို ကာဘော်လိပ်ဆပ်ပြာ ဖြင့်
တိုက်ချွတ်ေ ဆးကြော ပါ။ အကယ်၍ အရေပြားမှိုစွဲ၍ ယားနာများပေါက်လာပါက Fungidum
(သို့ မဟုတ်) Betnovate-N တို့ လို မှိုသတ်ဆေးများလိမ်းပါ။
ဆိုးဆိုးရွားရွား ယားနာခြင်းအတွက် ကတော့ေ ဆး ထိုးခံကု သခြင်းဖြင့်
အချိန်တိုအတွင်း ပျောက်ကင်းနိုင်ပါတယ်။
(ဆောင်းပါးရှင်…ပေါက်ပေါက် ...ရေးသားမျှဝေသည်)
9/23/2014
အဖြစ်များတဲ့ မိုးရာသီရောဂါများ
9/23/2014
Dim




