၁။ နောက်နေတဲ့ ရေရဲ့ ကြမ်းပြင်မှာ ဘာရှိမယ်ဆိုတာ
မခန့်မှန်းနိုင် ဘူး။ ရေ အတိမ်၊ အနက် ကိုလည်း ခန့်မှန်းလို့ မလွယ်ပါဘူး။
ထိုနည်းတူစွာပါပဲ။ လောဘ၊ ဒေါသ တွေ များပြီး မောဟ ဖုံးလွမ်းခံထားရတဲ့ လူ
တစ်ယောက်ရဲ့ သူ့ရဲ့ သန္ဓာမှာ စင်စစ်ငြိမ်းချမ်းမှု၊ အေးချမ်းမှု ကို ရှာတွေ့ နိုင်မှာ မဟုတ် ပါဘူး။
၂။ ချောင်းထဲမြောတဲ့ ဆင်သေကောင် နောက်လိုက်တဲ့ ကျီးတစ်ကောင် သေရတဲ့
အကြောင်းကို သိကြပါလိမ့်မယ်။ လက်တွေ့ ဘဝမှာလဲ ဒီလိုပါပဲ။ လောဘစိတ် ရဲ့
ခေါ်ဆောင်ရာ၊ ပျင်းရိစိတ်ရဲ့ ဆွဲထားရာ၊ ဒေါသစိတ်ရဲ့ ခေါ်ဆောင် ရာ နောက်ကို
လူတွေ လိုက်ကြတဲ့ အခါ ဘဝမှာ နောက်ဆုံးတော့ ဒုက္ခရောက်ရ ပါတယ်။ ခွင့်သာခိုက်
မကြိုးစားခြင်း၊ ပျင်းရိ မှိုင်းမောခြင်း၊ လောဘ ၊ ဒေါသ တို့၏ ဦးစီး
လွမ်းမိုးခြင်းတို့ကို ခံရခြင်း တို့ကြောင့် သူတို့ ဘဝတွေ တိုးတက်
မသွားပါဘူး။
၃။ အရိပ်နေနေ အခက် ချိုးချိုး ဆိုသကဲ့သို့ပင်
လောကတွင် မိုက်မဲသူတို့ ရှိသေး၏။ မိမိတို့ အတ္တကို ရှေ့တန်းတင်
လုပ်ဆောင်ခြင်းကြောင့် တစ်ဖက်သားကို ဒုက္ခ ရောက်စေသည့်တိုင် မိမိ၏
ကျေးဇူးရှင်၊ ဆရာသမား၊ ဂုဏ်ငါးပါးကို ဒုက္ခ မရောက်စေရန် သတိထားရန် လို၏။
၎။ ငွေခေါ်ဆောင်ရာ မလိုက်နှင့်။ ပါရမီ အထုံဝါသနာ ခေါ်ဆောင်ရာ လိုက်နိုင်သူက ဘဝတွင် အောင်မြင်ရ၏။ ပျော်ရ၏။
.
အောင်ခမ်း (ရိုးရာလေး)





