9/06/2014

ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ပြေစေမယ့် အစားအစာ (၂၅) မျိုး

ဆာလောင်မှုကို ပြေပျောက်စေဖို့ ၊ အူမတောင့်စေဖို့ ၊ ကျမ္မာသက်ရှည်စွာနေထိုင်ဖို
့စသဖြင့် သက်ရှိလူသားအားလုံးက မိမိရဲ့  သ မုဒ္ဒရာဝမ်းတစ်ထွာကို သောက်ေ ရအပါအ၀င် (ရေပူ/ရေအေး)အရည်အမျိုးမျိုး၊ သစ်သီးဝလံ ဟင်းသီးဟင်းရွက်များ၊ သားငါးမျိုး စုံ၊ မုန့် ပဲသွားရေစာတွေနဲ့ ဖြည့်တင်းပေးနေကြရပါတယ်။ အစာစားပြီးချိန်မှ
အညစ်အကြေးစွန့် ချိန်အထိ Transit Time သည် လူတစ်ဦးနှင့်တစ်ဦး မတူညီကြ ပါဘူး။ Transit Time ပိုကြာပါက စွန့့်ထုတ်ရန်လိုအပ်တဲ့ အဆိပ်အတောက်တွေဟာ အူထဲမှာ ပိုမို ကြာမြင့်စွာရှိနေပြီး၊ ထိုအဆိပ်အတောက်များကို ခန္ဓာကိုယ် ရဲ့  အူသိမ် အူမတွေက ထပ်ခါထပ်ခါ စုပ်ယူမိပြန်တာကြောင့် ခေါင်း ကိုက်ခြင်း၊ မအီမသြာ ဖစ်ခြင်း၊ နေထိုင်မကောင်းဖြစ်ခြင်း၊ ခံတွင်း နံ့ မကောင်းခြင်း၊ အသားအရေ ညစ်ြ ခင်း၊ ကိုယ်ခံစွမ်းအား ကျ ဆင်းခြင်း တို့ ဖြစ်လာပါတယ်။ ဒါ့ပြင် ၀မ်းချုပ်ခြင်းဝေဒနာ ကိုလည်း ပြင်းပြင်းထန်ထန်ခံစားရနိုင်ပြီး၊ အဆိုးရွားဆုံးအနေဖြင့် လိပ် ခေါင်း၊ အူအ တက်၊ အူမကြီးကင်ဆာ ထို့ အထိ ဖြစ်လာနိုင်ပါတယ်။
အအိပ်အနေမမှန်ခြင်း၊ ဥတုအာဟာရမျှတမှုမရှိခြင်း၊ စားသောက်မှု ပုံစံမမှန်ကန်ခြင်း၊
ဓာတ်ကြီးလေးပါးမညီမျှခြင်းကြောင့် အဲဒီ နေ့ တဓူဝစားသောက်ခဲ့တဲ့ အစားအစာေ တွကဘဲ ခန္ဓာကိုယ်ထဲမှာ ဓာတ်ဖောက်ပြန်ကာ အဆိပ်အတောက်ဖြစ်စေပြန်ပါတယ်။ သို့ ပါ၍ အောက်ပါအစားအစာတွေက ခန္ဓာကိုယ်တွင်းအဆိပ်အတောက် များ ပြေေ ပျာက်စေတဲ့အပြင် ကိုယ်အလေးချိန်ကျစေရန် နှင့် ကျမ္မာနုပျိုလာစေရန် တစ်ဖက်တစ် လမ်း မှကောင်းကျိုးပြုပေးတာမို့ စားသောက်ပေးကြပါရန် အကြံပြုနှိုးဆော်လိုက် ရပါ တယ်။
(၁) မိမိစားသောက်ခဲ့တဲ့ အစားအစာထဲမှာပါလာတဲ့ပိုလျှံသော အဆီဓာတ်တွေကို
သည်းချေရည်က ချေဖျက်ပေးလေ့ရှိပြီး အဆိပ် အတောက်တွေကို ဖြေ(ဖြည်)ေ ပး ပါတယ်။ မုန်လာထုပ်ထဲရှိ caffeoylquinic အက်ဆစ်လို့ ခေါ်တဲ့ ဘဘာဝဓာတ် တိုး ဆန့် ကျင် ပစ္စည်းက အသည်းပျက်စီးခြင်း နဲ့ အသည်းရောဂါအမျိုးမျိုးတို့ ကို ကာကွယ်ေ ပးကာ သည်းခြေရည်စီးဆင်းမှုကိုပါ ကောင်းစွာ လှုံ့ ဆော်ပေးနိုင် တာကြောင့် မုန်လာထုပ်ဟင်းချိုကို ရက်သတ္တ ၁-ပတ်လျှင် အနဲဆုံး ၄-ကြိမ်လောက် စားပေးပါ။

(၂) ထောပတ်သီးထဲမှာပါရှိတဲ့ ပြည့်ဝဖက်တီးအက်ဆစ်တွေနဲ့  glutathione
ဓာတ်ေ ပါင်းစုများဟာ အူသိမ်အူမတွေက အဆီ ဓာတ်တွေမစုပ်ယူဖြစ်အောင် တား ဆီးပေးတာမို့  အူလမ်းကြောင်းမှာ အဆိပ်အတောက်ပြေစေပါတယ်။ ထောပတ် သီးက နှလုံးကို ကျန်းမာစေတဲ့အပြင်၊ အသည်းကိုပါ သန့် စင်ပေးနိုင်တြာေ ကာင့် ထောပတ်သီးကို သွားရည်စာသီးနှံအဖြစ် မကြာခဏစားပေးပါ။

(၃) သကြားမုန်လာ(ခေါ်)မုန်လာဥနီအလုံး(ခေါ်)Beets ထဲမှာ betalains လို့ အမည် ရတဲ့ သဘာဝသွေးနီရောင်ဆိုးဆေးတွေ ပါရှိ နေပါတယ်။ အဲဒီဆိုးဆေးက ရောင်ရမ်း နာများနဲ့ မှိုပိုးတွေကို အစွမ်းကုန်တိုက်ထုတ်ပေးနိုင်တဲ့အအပြင်၊ အထူးသဖြင့် အသည်း ထဲ က ဆဲလ်တွေကို ကောင်းစွာတည်ဆောက်ပေးတာကြောင့် အဆိပ်အတောက်ြေ ပစေပါတယ်။

(၄) ဘရိုကိုလီ(ခေါ်)ပန်းဂေါ်ဖီစိမ်းထဲမှာ အစွမ်းထက်မြက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းေ တွ ကြွယ်ဝစွာပါရှိနေပါတယ်။ Johns Hopkins University ရဲ့ သုတေသနပြုချက် များ အရ ဘရိုကိုလီဟာ ကင်ဆာအကြိတ်အဖုတွေကြီးထွားလာမှုကို ၇၅% လောက်ကာ ကွယ်တားဆီးပေးနိုင်တာကြောင့်၊ အထူးသဖြင့် အူမကြီးကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊
ရင်သားကင်ဆာ၊ မမျိုးဥကင်ဆာ နှင့် အမျိုးသားများဆီးကျိတ်ကင်ဆာတို့ ကို ထိထိေ ရာက် ရောက်ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ *(ထို့ နည်းတူစွာဘဲ ပန်းဂေါ်ဖီ* *မျိုးနွယ်ဝင်များဖြစ်ကြတဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ**(အဖြူ)၊ ကိုက်လံ တို့ ကိုပါ စားပေး သင့်ပါတယ်)*

(၅) ရွက်စားမုန်လာရွက်များက သည်းခြေရည်(အက်ဆစ်)ကို တိုးပွားစေကာ ခန္ဓာ ကိုယ်ထဲရှိ အဆီမော်လီကျူးများကို စုပ်ယူ၍မ ကောင်းတဲ့ အဆိပ်အတောက်တွေကို ကျင်ကြီး/ကျင်ငယ်အဖြစ် စွန့်ထုတ်ပေးပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်ထဲရှိ မကောင်းတဲ့ LDL ကိုလက်စထရောတွေကိုပါ ကျဆင်းသွားစေပါတယ်။

(၆) Dandelion(ခေါ်)ခွေးသွားစိတ်အနားတန်းအရွက်များဖြင့် အ၀ါရောင်ပန်းပွင့်တဲ့
အလေ့ကျပေါက်ပင်လေးတွေက လွန်စွာ ဆေးဖက်ဝင်လှပါတယ်။ ထို အပင်ရဲ့ အမြစ် ကို ရေနွေး ၃-ခွက် ၁-ခွက်တင်ပြုတ်သောက်ပေးခြင်းဖြင့် ဆီးရောဂါအမျိုးမျိုးကို
ပျောက်ကင်းစေကာ၊ ဆီးရွှင်စေလို့  အဆိပ်အေတာက်များပြေပျောက်သွားစေပါတယ်။

(၇) စမုန်စပါးထဲမှာ ဗီတာမင်တွေနဲ့  ရောင်ရမ်းမှုကိုပြေလျော့စေတဲ့ သဘာဝဓာတု ပစ္စည်းတွေ ပါရှိကြပါတယ်။ ထိုဓာတုပစ္စည်း တွေက အသည်းအတွက်ကောင်းမွန်တဲ့
ဓာတ်တိုးဆန့် ကျင်ပစ္စည်းအဖြစ်အထောက်အပံ့ပေးကာ ခန္ဓာကိုယ်ကိုအဆိပ် အေ တာက် ဖြစ်စေတဲ့ free radical တွေကို နှင်ထုတ်ပေးပါတယ်။ ဒါ့ပြင် ကယ်လိုရီနဲပြီး
အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် အစာအိမ်နဲ့  အူလမ်းကြောင်းတွေကို သန့် စင်ေ စပါတယ်။

(၈) လ္ဘက်ရွက်အခြောက်ထက် လ္ဘက်ရွက်အစိုတွေမှာ ဓာတ်တိုးဆန့် ကျင်ပစ္စည်း ပါဝင် မှုပိုများပါတယ်။ ဆီးရွှင်စေတဲ့အပြင်၊ ရင်ပြည့်ရင်ကယ်ဗိုက်ပွခြင်း ဝေဒနာတွေကိုပါ သက်သာလျော့ပါးစေလို့  အဆိပ်အတောက်ပြေစေတဲ့ လ္ဘက်စိမ်းရေနွေးကြမ်းကို နေ့  စဉ်သောက်သုံးပါ။

(၉) ဆစ်ထရစ်အက်ဆစ်ကြွယ်ဝတဲ့ သံပုရာသီးက အဆိပ်အတောက်တွေပြေေ ပျာက်စေတာမို့  နေ့ စဉ် သံပုရာရည်ကို သကြား နဲ့ ဖျော်သောက်ပေးပါ (ဂရိတ်ဖရုသီး စားပါ)

(၁၀) Milk thistle(ခေါ်)အဆူးလေးတွေပါတဲ့ ခရမ်းရောင်ပန်းပင်လေးတွေထဲမှာ သဘာဝ polyphenolic ဓာတ်ပေါင်းစုတွေပါရှိ နေပါတယ်။ ၄င်းတို့ က အသည်း ရဲ့ ဆဲလ်တွေကို ကောင်းစွာတည်ဆောက်စေကာ၊ အသည်းအားကောင်းစေ တြာေ ကာင့် အ သည်းနဲ့ သွေးတွေကို အဆိပ်အတောက်ပြေစေပါတယ်။

(၁၁) ကြက်သွန်(အဖြူ)၊ ကြက်သွန်(အနီ)၊ မိဿလင် တွေကို ဟင်းခတ်အမွှေးအကြိုင် အဖြစ် အသုံးဝင်ရုံသာမက၊ ၄င်းတို့ ထဲမှာ ပါရှိတဲ့ Flavonoids ဓာတ်ပေါင်းစုတွေက
အသည်းအားကောင်းစေပါတယ်။ ဒါ့ပြင် အစွမ်းထက် ပိုးသတ်ဆေးအာနိသင်ရှိတာမို့ 
ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာစေပါတယ်။

(၁၂) Wheat grass(ခေါ်)ဂျုံမြက် ထဲမှာပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ခန္ဓာ ကိုယ် တွင်း ကလီစာတွေကို သန့် စင်စေကာ၊ အဆိပ်အတောက်ပြေစေပါတယ်။ ဒါ့ပြင်
ကယ်လိုရီနဲပါးတာကြောင့် သဘာဝဖျော်ရည်အားတိုးဆေးအဖြစ် မှီဝဲသောက်သုံးနိုင်ပါ
တယ်။ *(City Mart **ဆိုင်တွေမှာ ဂျုံမြက် ဖျော်ရည်ဗူေးတွကို ၀ယ်ယူရရှိုင် ပါတယ်**)*

(၁၃) ဒိန်ချဉ်ထဲမှာပါတဲ့ probiotics အစွမ်းက အစာအိမ်၊ အူမကြီး စတဲ့အစာေ ချလ မ်းေ ကြာင်းပေါ်ရှိ ကောင်းကျိုးပြု ဗက်တီးရီး ယားပိုးတွေကို ပွားများစေကာ၊ အစာကျြေ ခင်း/အစာချေလမ်းကြောင်းသန့်စင်ခြင်း/၀မ်းနူးစေခြငး/ကိုယ်ခံစွမ်းအားကောင်းစေ
ခြင်း စသည်ဖြင့် ဘက်စုံကောင်းကျိုးပြုတာမို့  ဒိန်ချဉ်ကို ဖြည့်စွက်စာအဖြစ် စားပေး သင့်ပါတယ်။

(၁၄) ကနဖေါ့ရွက်တွေက ဖေါရောင်ခြင်းကို သက်သာစေလို့  ကနဖေါ့ရွက်ကို ပြုတ် စား ပါ။ အသည်းအားကောင်းစေရန်အတွက် ဆန်ပြုတ်ထဲမှာ ကနဖေါ့ရွက်ထဲ့ပြုတ်၍
မုန်ညင်းဆီအနဲငယ်ထဲ့သောက်ပါ။

(၁၅) ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ပြေစေရန်အတွက် ကညွတ်ဥ(ကညွတ်ပင် ရဲ့ အမြစ်)ကို နွားနို့ နဲ့ ကြိုသောက်ပါ။

(၁၆) အင်ကြင်းပန်း (၉)ပွင့်၊ ထန်းလျက် (၆)ခဲ၊ ရေ (၅၀)ကျပ်သားတို့ ကို ၃-ခွက် ၁-ခွက် တင်ကျို၍ အအေးခံပြီး၊ ထမင်းစားဇွန်း ၃-ဇွန်း နဲ့  တနေ့  ၂-ကြိမ် သောက်ေ ပးခြင်းဖြင့် ဆီးဆိပ်တက်၍ ဖောရောင်ခြင်းကို သက်သာလာစေပါတယ်။

(၁၇) ထန်းလျက်ဖြင့် ယိုထိုးထားတဲ့ ရှောက်ယိုကို စမုံစပါးရော၍ မကြာမကြာ စားေ ပးပါ။ ဆီးဆိပ်တက်ခြင်းနဲ့ သွေးမသန့် ၍ အဖုအပိမ့်ထွက် သွေးဆိပ်တက်ခြင်းေ ရာ ဂါတွေကို သက်သာစေပါတယ်။

(၁၈) ထန်းရည်(အခါး) နဲ့ အရက်သေစာ ကြာရှည်စွာသောက်သုံးသူများအဖို့ ခန္ဓာ ကိုယ်တွင်းရှိ အဆိပ်အတောက်များ ပြေ ပျောက်စေရန်အတွက် အနည်းဆုံး
၁-လကို ၁-ကြိမ်လောက် ခွေးတောက်ရွက်ကို ကြက်သားနဲ့ ချက်စားပေးပါ။

(၁၉) မန်ကျည်းရွက်က ဓာတ်(၄)ပါးကို ကောင်းကျိုးပြူ၍ သည်းခြေကိုအားပေး တာကြောင့် ကိုယ်တွင်းအဆိပ်အတောက် တွေ ပြေပျောက်စေပါတယ်။

(၂၀) အညိုရောင်ကြံ(အရောင့်ရင့်ရင့်ကြံ)ရည်ကို သောက်သုံးခြင်းဖြင့် သည်းခြေကို အားကောင်းလာစေပြီး ဆီးရွှင်၍ အဆိပ်အ တောက်ပြေစေပါတယ်။

(၂၁) ချဉ်စော်ခါးသီးကို ပါးပါးလှီး၍ သကြား(သို့ )ပျားရည်ဖြင့်စားပါ

(၂၂) ထန်းရည် (အချို) သောက်ခြင်းက ဆီးရွှင်ချွေးပုပ်ထွက်ပြီး ခန္ဓာကိုယ်ကို
အဆိပ်အတောက်ပြေစေပါတယ်။

(၂၃) အတန်ငယ်ချို၍ ငါးသက်သက်အရသာရှိတဲ့ မရိုးပွင့် ကို သုပ်စားပေးခြင်းဖြင့်
အဆိပ်အတောက်တွေပြေစေပါတယ်။

(၂၄) ဖလံတောင်ဝှေးကို ငသိုင်းနဲ့ ချက်စားပါ.

(၂၅) ဟင်းနုနယ် အရွက်နဲ့ အရိုးတွေကို ငကျည်းခြောက်နဲ့ ကြော်ချက်ချက်စားပေးပါ။
<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်… ပေါက်ပေါက်..မျှဝေသည်)