“ယောကျာ်းမှာဆီး၊ မိန်းမမှာ မီး” ဟူသော စကားတစ်ရပ်ရှိပါတယ်။ ဆီးရောဂါက
အမျိုးသားအများစုကို ဒုက္ခပေးသကဲ့ သို့ ၊ မီးယပ်ရောဂါကလည်း
အမျိုးသမီးများကို ဒုက္ခပေးတတ်ပါတယ်။ သို့ သော် စိတ်မညစ်ပါနှင့်။
အနာသိလျှင်ဆေးရှိနေတာမို့  အမျိုးသမီး ရောဂါအမျိုးမျိုးအတွက်
အောက်ပါနည်းလမ်းများဖြင့် အဖြေရှာကြည့်နိုင်ကြ ပါကြောင်း မျှဝေလိုက်ရပါတယ်။
မီးယပ်ထိန်ငုတ်ခြင်းအတွက်
ဓမ္မတာသွေးပုံမှန်မပေါ်လာခြင်းအတွက် ကြိတ်မှန်ရွက်အစို ၅-ကျပ်သား၊ ဒန်
့ဒလွန်ြ မစ် အစို ၂-ကျပ်သား၊ ချင်းစိမ်း ၁-ကျပ်သား၊ အညိုရောင်ထန်းလျက်
၁-ကျပ်သား တို့ ကို သောက်ရေ တပုလင်းခွဲနှင့်ကျိုပါ။ သုံးခွက်
တစ်ခွက်တင်ကျိုးပြီးနောက် ဆား ခပ်၍ လ္ဘက်ရည်သောက်ပန်းကန်လုံး တ၀က်လောက်
နံက်တစ်ကြိမ်၊ ညတစ်ကြိမ်ေ သာက် ပေးပါ။ (အကယ်၍ ဒန့် သလွန်မြစ်အလွယ်
တကူမရခဲ့ပါလျှင် ကြိတ်မှန်ရွက် ၁၀-ကျပ်သား ကို ထန်းလျက် ၂-ကျပ်သား ရောကြို
သောက်ပါ။)
မီးယပ်ဖြူဆင်းခြင်းအတွက်
ပျိုပျို အိုအို
အသက်အရွယ်ပိုင်းခြားမရွေး မီးယပ်ဖြူဆင်းတတ်ကြပါတယ်။ အနည်းအ ကျဉ်းေ လာက်က
ပြဿနာမဟုတ်သော် လည်း၊ ရက်ရှည်လများ အဖြူဆင်းခြင်းက အသား
အရေစိုပြည်ဝင်းဝါခြင်မရှိတော့ဘဲ၊ ပိန်လှီ ချိနဲ့ လာတတ်ပါတယ်။ အဲဒီပြဿနာ
အတွက် ဦးစွာမန်ကျည်းစေ့ကို ရေစိမ်၍အခွံချွတ်ပြီးနောက်၊ အခြောက်လှန်းအမှုန်
့ကြိတ် ၍ နွား နို နွေးနွေးနှင့်ရောဖျော်သောက်ပါ။ ညအိပ်ယာမ၀င်ခင် တနေ
့တကြိမ် မှန်မှန်သော က်ပေး ရမှာဖြစ်ပြီး၊ တကြိမ်သောက်တဲ့အခါ တိုင်း
မန်းကျည်းစေ့အခြောက်မှုန့်  လ္ဘက်ရည်ဇွန်း ၂-ဇွန်းစာပမာဏကို နွားနို့ 
နွေးနွေး ၁-ဖန်ခွက်နှုန်းဖြင့် သောက်ေ ပးနိုင်ပါတယ်။
သွေးဆုံးကိုင်ဝေဒနာ အတွက်
အမျိုးသမီးများ ပျမ်းမျှ အသက် ၅၀ ၀န်းကျင်မှာ သွေးဆုံးလေ့ရှိပြီး၊
အမျိုးသမီး ၁၀-ဦးမှာ ၅-ဦး ထက်မနည်း သွေးဆုံးကိုင်
ဝေဒနာခံစားရလေ့ရှိပါတယ်။ အဲဒီဝေဒနာတွေ သက် သာပျောက်ကင်းစေဖို့ အတွက်-(၁)
ဆီးဖြူသီး ကို သုပ်စား-ချက်စားပါ။ (၂) လမ်းလျှော က်ခြင်း၊ စက်ဘီးစီးခြင်း
စတဲ့ သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေကို နေ့ စဉ်ပြု လုပ်ေ ပးပါ။ (၃)
ထန်းရည်ချို (စစ် စစ်)ကို တ၀ကြီးသောက်ပေးပါ။ (၄) ပုံမှန်ရေချိုးေ
နကျအချိန်အတိုင်း သာချိုးပါ။ အချိန်လွန်ရေချိုးခြင်း မျိုးကိုရှောင်ပါ။ (၅)
ကန်စွန်းဥပြုတ် ကို မိမိစားနိုင်သလောက် အ၀ပြုတ်စားပေးပါ။ (၆)
သင်္ဘောသီးမှည့်မှည့်ကို နံက်တိုင်း စားပါ။ (၇) တရုတ်စကား ပန်းပွင့်ကို
ကြော်-ပြုတ်သုပ်-ကြော်ချက် စသည်ဖြင့် အမျိုးမျိုး ချက်စားပေးပါ။ (၈)
ပဲနောက်ကို ကြက်သွန်ဖြူ နှင့် ဟင်းချိုချက် သောက်ပါ။ (၉) ၀ါစေ့ ပင်ပေါက်
ကို ငရုပ်ကောင်းစေ့ နှင့် ကြက်သွန်ဖြူတို့ ခပ်၍ ဟင်းခါးချက်သောက်ပေးပါ။
(၁၀) ကင်း ပွန်း ချဉ်ရွက်ကို ကြော်-ချဉ်ဟင်း-ဟင်းချို လုပ်၍
အမျိုးမျိုးချက်စားပါ။
မိန်းမကိုယ်(မိန်းမအင်္ဂါ) ယားယံခြင်းအတွက်
အပူအစပ်လွန်ကဲသောအစားအသောက်တွေ နေ့ စဉ်စားသူများ၊ ရေချိုးပြီးနောက် အဲ
ကွန်း(သို့ မဟုတ်)ပန်ကာလေ အအေး ခံလေ့ရှိသူများ၊ မွေးရာပါ ကိုယ်တွင်းအပူ ဓာ
တ်များ သူများ၊ အတွင်းခံအ၀တ် အစားများ နေပူပူမှာ ကောင်းစွာမခြောက်သွေ့ ဘဲ
ဝတ် ဆင်သူများ၊ တကိုယ်ရေ သန့် ရှင်းမှုအားနည်းသူများမှာ မိန်းမအင်္ဂါယားယံ လာ
တတ်ပါတယ်။ အဲဒီလို ယားယံခြင်း မှတဆင့်တက်၍ ရိဖြူ/ရိနီများကျလာပြီး အပုပ်နံ့ 
ထွက်ကာ သေချာမကုသပါက ပိုးဝင်၍ သားအိမ် ကင်ဆာဖြစ်လာနိုင်ပါတယ်။ ထိုပြဿ
နာအတွက် ဟင်းစားစတီးလ်ဇွန်း ပမာဏရှိသော ကျောက်ချဉ်(အမှုန့် ) ၁-ဆ ကို
ဖန်ခါးသီး အမှုန့်  ၄-ဆ ရောပါ။ ရေနွေးပွက်ပွက် ဆူအောင်တည်ပြီး၊ ဖန်ရည်စိမ်
ရန် အတွက် အင်တုံ အ၀ကျယ်ကျယ် စောက်နက်နက်ထဲမှာ ရေနွေးထဲ့၍ စော စောက အ မှုန်
့ ၂-မျိုးတို့ ရောကာ ပျော်အောင်မွှေပြီး၊ ရေနွေးအပူဒဏ်ခံနိုင်လောက်တဲ့ အနေ
အထားရောက်တဲ့အခါ၊ အင်တုံပေါ် တက်ထိုင်၍ မိန်းမကိုယ်အင်္ဂါကို ဖန်ရည်စိမ်ပါ။
(ရေနွေး မအေးမချင်း ထိုင်ပေးပါ) ဤသို့ မကြာခဏ ဖန်ရည်စိမ်ပေးခြင်းအားဖြင့်
ယား ယံမှု သက်သာပျောက်ကင်းစေရုံသာမက၊ အင်္ဂါဇာတ်အပေါက် ကျဉ်းသွားတာေ ကြာင့်
အိမ်ထောင်ရေးသုခ ပိုမိုခံစားရတဲ့ အပြင် သားအိမ်ကင်ဆာရောဂါမဖြစ်အောင်
ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။ (အကယ်၍ အင်္ဂါဓာတ်ကင်ထား သူများအဖို့  ဖန်
ရည်မစိမ်သင့်ပါဘူး) (ကျောက်ချဉ် ကို ပရဆေးဆိုင်တိုင်းလိုလိုမှာ ၀ယ်ယူရရှိ
နိုင် ပါတယ်။ ဖန်ခါးသီးအမှုန့် အလွယ်တကူ မရရှိနိုင်ပါက၊ ကျောက်ချဉ်
တစ်မျိုးတ ည်း ဖြ င့်လည်း ဖန်ရည်စိမ်နိုင်ပါ တယ်)
ကိုယ်ဝန်ဆောင်ကာလအတွင်းပျို့ အန်ခြင်းအတွက်
အချို့ ကိုယ်ဝန်ဆောင် မိခင်လောင်များဟာ ကိုယ်ဝန် စလွယ်ခါစက တည်းကပင် ပျို့ 
အန်တဲ့ဝေဒနာကို ခံစားရလေ့ရှိပါတယ်။ ထိုသို့ မဖြစ်ရလေအောင်-(၁) နွားနို
့စစ်စစ် လတ်လတ်ဆတ်ဆတ်ကို အညိုရောင် ထန်းလျက်ခဲ ၂-ခဲ ၃-ခဲမျှထဲ့ရောကြို ပီး
သော က်ေ ပးပါ။ (၂) ဥသျှစ်သီး အသားများကို ဟင်းစားစတီးလ်ဇွန်း ၃-ဇွန်းမျှ
ခြစ်ယူ၍ ဥသျှစ်သီး နှင့် သကြားတို့ ဆတူရော ၍စားပါ။ ပြီးရင် ဆန်ဆေးရည် အ၀သော
က်ပေးပါ။
(ကလေးမီးဖွားပြီးနောက် သွေးမကျ၍ ကိုယ်လက်သေ၊ ဖောရောင်ခြင်းများအတွက်)
(၁) ရှားဇောင်းကြီးကို ပါးပါးလွှာ၍ ဆားနယ်၊ နေမှာလှမ်း၍၊ ရေတွင်အထပ်ထ
ပ်ဆေးပြီးနောက်၊ ရေနွေးနှင့်ပွက်ပွက်ဆူ အောင်ပြုတ်ပါ။ ရလာတဲ့
ရှားဇောင်းကြီးပြု တ်ကို ပုန်းရည်ကြီး နှင့် အမဲသားတို့ ရော၍ချက်စားပေးပါ။
(၂) ပုံမှန်အတိုင်း ရေ ချိုြး ပီးနောက် ကနဖေါ့ရွက် နှင့် ဆူးပဒေါင်းရွက်
တို့ ကို ကြို၍ ရေချိုးလောင်းချပေးပါ။ (၃) မိဿလင်၊ ရှားစောင်းလက်ပတ် နှင့်
ပုန်းရည်ကြီး တို့ ကိုရော၍ ချက်စားပါ။
မီးဖွားပြီးနောက် သွေးသားသန့် စင်စေရန်အတွက်
ကိုယ်ဝန်ဆောင်များမီးဖွားပြီးနောက်၊ သွေးသားအညစ်အကြေးများ သန့် စင် ဖို
့အေ ရးကြီးပါတယ်။ သို့ မဟုတ်ပါက သားအိမ် မသန့် ခြင်း၊ မီးယပ်ကျိုး၊
မီးယပ်နာဖြစ်ကာ ပိန်ချုံးချိနဲ့ ခြင်း၊ သွေးမသန့် ခြင်း၊
မီးယပ်ချမ်းထခြင်း၊ မီးယပ်ပူပြန်ခြင်း၊ အသား အရည် မစိုပြည်ဘဲ
ခမ်းခြောက်ပူလောင်ခြင်း၊ မျက်နှာမှာ တင်းတိပ်များထွက်ရှိခြင်း၊ မျက်နှာ နှ
င့် တကိုယ်လုံး အသားအရေအ ရောင်မညီတော့ဘဲ အနီကွက်များပေါ်လာခြင်း၊ စ
ကားပြောလိုက်တိုင်း ခံတွင်းမှ အပုပ်နံ့ ထွက်ခြင်း စတဲ့ဆိုးကျိုးတွေဖြစ် လာ
စေနိုင် ပါတယ်။ အဲဒီလို မဖြစ်ရလေအောင် - (၁) ကိုယ်ဝန်ဆောင်စဉ်ကာလ
တလျှောက်လုံး နနွင်းမှုန့်စစ်စစ်ကို မှန်မှန်စားပေးပါ။ မီးနေခန်းအတွင်း
၇-ရက်တိတိ နနွင်းများ လိမ်း ကာ မီးအောင်းပါ။ မီးဖွားပြီးနောက်
မီးယပ်သွေးတက်ခြင်း/မီးယပ်ခေါင်း ကိုက်ခြင်းြ ဖစ် ပါက နနွင်းမှုန့် ကို
မီးကျီခဲပေါ်ဖြူး၍ မီးခိုးမှိုင်းရှုပေးပါ။ (၂) ရေ သောက်ရေတစ် ခွက် ကို
ဂျင်းစိမ်း နှင့် ထန်းလျက်အမဲရောင် တို့ ဆတူရောကြို၍ ဆေးရည်ပျစ်လာ တဲ့ အ ခါ
ဟင်းစားစတီးလ်ဇွန်း ဖြင့် တစ်ဇွန်းကျစီ တနေ့  ၃-ကြိမ် တိတိ သောက်ပေးပါ။
(၃) လတ်ဆတ်တဲ့ ကြောင်ပန်းရွက် ၅-ကျပ်သား ကို ရေ ၃၀-ကျပ်သား ရော၍ သုံးခွက်
တစ်ခွက်တင် ပြုတ်ပါ။ ထိုဆေးပြုတ်ရည်ကို ဟင်းစားစတီးလ်ဇွန်း တစ်ဝက်မှာ သကြား
အနည်းငယ်ရောပြီး သောက်ပါ။ ထို့ နောက် ရေနွေးသောက်ပါ(ရေအေး မသောက် ပါနဲ့ )
ဤအချိုးအစားတိုင်း နံက်-နေ့ -ည တစ်နေ့  သုံးကြိမ် ပုံမှန်သောက်ပေးပါ။
(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
8/21/2014
အမျိုးသမီးရောဂါ အဖြေရှာ
8/21/2014
Dim