< အသည်းအဆီဖုံးခြင်းဆိုတာ…. >
အသည်းအဆီဖုံးရောဂါဆိုတာ တကယ်တော့ အသည်းတခုလုံးကို အဆီတွေဖုံး လွှမ်းေ န တာမျိုးမဟုတ်ပါဘူး။ အသည်းထဲက ဆဲလ်တချို့မှာ အဆီအိတ်ဥလေးတွေ စုဝေးေ နခြင်း သာဖြစ်ပါတယ်။ ကျန်းမာတဲ့လူတစ်ယောက်ရဲ့ အသည်းထဲမှာ အဆီဥစုနေ တဲ့ အသည်းဆဲလ် အနည်းငယ်သာရှိပါတယ်(သို့ မဟုတ်)မရှိသလောက်လွန်စွာ နည်းပါး ပါတယ်။
< အသည်အဆီဖုံးရခြင်းအကြောင်းများမှာ… >
(၁) Alcoholic Stea-tohepatitis (ခေါ်) အရက် အလွန်အကျွံသောက်ခြင်းကြောင့်
အသည်းမှာဒဏ်ရာဖြစ်လာတဲ့ အသည်းအ ဆီဖုံး ရောဂါတစ်မျိုးပါ။ (၂)
Non-alcoholic steato-hepotitis(NASH) (ခေါ်) အရက်ကြောင့်မဟုတ်ဘဲ သာမန် လူများတွင် ဖြစ်သော အဆီဖုံးရောဂါတစ်မျိုးပါ။ အထူးသဖြင့် အ၀လွန်သူ၊ လမ်းေ လျှာက်နည်းသူ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူ၊ အအိပ်အနေ လွန်ကဲသူ၊ အဆီအ စိမ့် အစားများသူ၊ ဇိမ်ခံလွန်းသူ၊ ဆီးချို၊ သွေးတိုး၊ သွေးအတွင်း အဆီများသူ နှင့် အသက် ၅၀ကျော် အမျိုး သမီးတွေမှာ ပိုပြီးအဖြစ်များကြပါတယ်။ (၃) Acute Fatty Liver (ခေါ်)
ကိုယ်ဝန်ဆောင်စဉ်မှာ အလွန်ဆိုးရွားတဲ့ အသည်းအဆီ ဖုံး ရောဂါတစ်မျိုးပါ။
< ရောဂါလက္ခဏာများ… >
လူအများစုမှာ ရောဂါလက္ခဏာမပြကြပါဘူး။ အသည်းအင်ဇိုင်းများ မြင့်တက်သည့် အခါမှသာ ရင်းခေါင်း၏ လကျာ်ဘက် အပေါ်ပိုင်းမှ တင်းကျပ်ခြင်း၊ လကျာ်ဘက် ရင် ဘတ် အောက်ပိုင်း မအီမသာဖြစ်ခြင်း၊ အတန်ငယ်နာကျင်ခြင်း၊ အားနည်းခြင်း၊ အစားအသောက်ပျက်ခြင်း၊ နုံးချိလာခြင်း စသဖြင့်ခံစားရပါတယ်။ ဖော်ပြပါ ရောဂါ လက္ခဏာ များ စတင်ခံစားရချိန်မှာ အသည်း ကြီးရုံကလွဲပြီး ဘာမှမဖြစ်သေးေ သာ် လည်း၊ အချိန်ကြာလာတာနဲ့ အမျှ အသည်းခြောက်လာနိုင်ပါတယ်။ အသည်းခြောက် လာပြီ ဆိုရင်တော့ ဖော်ပြပါရောဂါလက္ခဏာတွေအပြင် နောက်ဆက်တွဲဆိုးကျိုး များအဖြစ် အသားအရေပေါ်မှာ အနီစက်၊ အညိုကွက် များပေါ်လာခြ င်း၊ သွေးယို လွယ်ခြင်း၊ ရေဖျဉ်းစွဲ၊ ဝမ်းအမည်းသွား၊ သွေးအန်၊ မျက်လုံးဝါ၊ အသားဟင်းတွေ အစားများတဲ့အခါ ဝမ်းချုပ်လာပြီး သတိလစ်ချင်သလိုဖြစ်ခြင်း၊ အိပ်ဆေး(သို့ မ ဟုတ်)ဘယဆေးတွေသောက်ရင် အခြေအနေဆိုးလာပြီး သတိလစ် ချင်သလြို ဖစ်ခြင်း၊ ကြွက်သားတွေပျော့ပြီး အထိုင်အထခက်ခြင်း စသည်တို့ ကို ခံစားရပါတယ်။ အသည်းခြောက်ရာကနေ အသည်းကင်ဆာ ကူးသွားနိုင်သလို အသည်းအဆီဖုံးရောဂါ ကလည်း အသည်းကင်ဆာအဖြစ်သို့  ကူးပြောင်းသွားနိုင်ပါတယ်။
< ကာကွယ်နည်း… >
အရက်ကြောင့်ဖြစ်တဲ့ သည်းအဆီဖုံးခြင်းကို ကာကွယ်ရန်အတွက် အရက်ဖြတ် ရပါ မယ်။မသောက်ဘဲမနေနိုင်ပါက၊ တစ်နေ့မှာ တစ်ယူနစ်(သို့ မဟုတ်)၂၅ မီလီ လီ တာ(သို့ မဟုတ်)ရေနွေးကြမ်း တစ်ခွက်ပမာဏမျှသာသောက်ပါ။ ၀ိုင်ကြိုက်သူများက တစ်နေ့ ကို ၇၀-၈၀ မီလီ လီတာပမာဏထက်ပိုမသောက်ရ။ ဘီယာသောက်သူ များအဖို့  တစ်နေ့ ကို ဘီယာမတ်ခွက် ၏ တစ်ဝက်လောက်သာ သောက်ပါ။ ထိုပ မာ ဏများထက် ပိုမသောက်ပါနှင့်။ တစ်ပတ်လျှင် နာရီဝက်ခန့် သုံးကြိမ်မှ ငါးကြိမ်အထိ
စက်ဘီးစီးခြင်း၊ ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ ပြေးခြင်းနှင့် အလေးမခြင်း မျိုးတို့ ကို ပြုလုပ်ပါ။ ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါ များကလည်း အသည်းအဆီဖုံးခြင်းနှင့် ဆက်စပ်နေတာမို့  ထိုရောဂါများမဖြစ်အောင် ဆင်ခြင်နေထိုင်သင့်ပါတယ်။
< ကုသနည်း… >
အသည်းအဆီဖုံးခြင်းအတွက် အသည်းစစ်ဆေးခြင်း၊ အာထရာလ်ဆောင်း
ရိုက်၍စစ်ဆေးခြင်း၊ သွေးအတွင်းအဆီ များ/မများ စစ် ဆေးခြင်း၊ CT Scan MRI
စက်ဖြင့် အသည်းထဲက အဆီပမာဏကို စစ်ဆေးခြင်း၊ အဆီဖုံးနေတဲ့အသည်း
ဘယ်လောက်တောင် ခြောက်နေတယ်ဆိုတာကို သိရအောင် အသည်းအသားစကို Biopsy ယူ၍
စစ်ဆေးခြင်း၊ Fibro-scan ဖတ်၍စစ်ဆေးခြင်း တို့  အပြင် အသည်းကျစ်တာကို
တိုင်းတဲ့စက်ဖြင့်လည်း စစ်ဆေးကာ ရောဂါကိုကုသလေ့ရှိပါတယ်။တချို့ဘယေ ဆး များက အသည်း အဆီဖုံးရောဂါရနိုင်သလို၊ အနောက်တိုင်းဆေးတွေမှာလည်း အသည်းအဆီဖုံးရောဂါရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေရှိနေ ပါတယ်။ ဒါကြောင့် ဈေး ကွက် ကဖယ်လိုက်တဲ့ဆေးတွကို အထူးသတိပြုရှောင်ရှားတတ်ဖို့ လိုပါတယ်။ ဆရာဝန်၏ ညွှန်ကြားချက် အတိုင်းသာ ဆေးညွှန်းသုံးစွဲပါ။
< ဆောင်ရန်/ရှောင်ရန် အစားအစာများ… >
အမျှင်များတဲ့ ဟင်းနုနယ်ရွက်လို အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ အသီးအနှံ များ နှင့် အစေ့အဆံများကို များများစားပါ။ အနီရောင်ရှိသော အသားများ၊ ငါး နှင့် အခွံမာပင်လယ်စာများကို သေချာကျက်အောင်ချက်ပြုတ်စားပါ။ ရေများများသောက်ပါ။
အဆီနည်းသောအသားဖြစ်တဲ့ အရေခွံဆုတ်ထားသော ကြက်သားစားပါ။ ငါး၊ ကြက်ဥ အကာ နှင့် ပဲအမျိုးမျိုးတို့ ကိုစားပါ။ အဆီ ထုတ်ထားသော နို့ နှင့် နို့ ထွက်ပ စ္စည်း များကိုသာစားပါ။ ကျန်းမာရေးနှင့် ညီညွတ်သော အသီးအနှံများဖြစ်တဲ့ အခွံ မာ သီး၊ ထော ပတ်သီးတို့ စားပါ။ ပဲပိစပ်၊ ပြောင်းဖူး စားပါ။ သကြားများသော အစား အစာများဖြစ်တဲ့ ဘီစကစ်၊ ဒိုးနတ်၊ ကိတ်မုန့်  နှင့် အခြား တာရှည်ခံအောင် ပြုလုပ် ထားသောမုန့် များကိုရှောင်ပါ။ အမဲဆီ၊ ဝက်ဆီ တို့ ကို ရှောင်ပါ။ ပဲဆီ၊ နှမ်းဆီများထက်
နေကြာဆီ နှင့် သံလွင်ဆီတို့ ကိုသာ စားပါ။ ဥအနှစ် နှင့် မလိုင်တို့ ကိုရှောင်ပါ။ ကာ ဗွန်ဖြင့်ပြုလုပ်ဖန်တီးထားသော အချိုရည်များကို ရှောင်ပါ။
< အသည်းအဆီဖုံးခြင်းအတွက် မြန်မာ့ဆေးစွမ်းကောင်းများ >
(၁) “အသည်းအူ လဲလူ” ဟုခေါ်ညွှန်းလေ့ရှိပြီး လဲလူပင်က အသည်းရောင်၊ အ သည်းအဆီဖုံး၊ အသည်းကြီး၊ အသည်းခြောက်၊ အသည်းကင်ဆာ စတဲ့ အ သည်းေ ရာဂါအမျိုးမျိုးအတွက်သာမက၊ အစာအိမ်၊ အူသိမ်၊ အူမတွေမှာ ဖြစ်တဲ့ရောဂါတွေ ပါ ပျောက် ကင်း သက်သာနိုင်ပါတယ်။ လဲလူပင်အရွက်သာမက၊ အမြစ်အပါ အ၀င် တပင်လုံး (ပဉ္စ ၅ပါးစလုံး) ဆေးဖက်ဝင်ပါတယ်။ လဲလူ ရွက် လက်တဆုပ်စာ ကို ရေစင်စင်ဆေးပြီးနောက် နှစ်သက်သလို ဟင်းချိုချက်သောက်၊ ပြုတ်တို့၊ ငါးရံ့ နဲ့ ဟင်းချက်စားပါ။ ထိုအရွက် လက်တဆုပ်စာပမာဏကို သုံးခွက်တခွက်တင် ကျိုေ သာက်ပါ။ (လဲလူပင်များကို ရေစကြိုနယ်တွင် လဲလူဖို၊ လဲလူမ ဟူ၍ အဖိုပင် နှင့် အမပင်တို့ တွေ့ ရှိနိုင်ပါတယ်။ ရန်ကုန်တိုင်း၊ လှည်ကူးမြို့ နယ်၏ ငါးဆူတောင် ဖက် မှာလည်းကောင်း၊ အင်းစိန် မြို့ နယ် တညင်းကုန်း ဘူတာဈေး၏ ကုန်စိမ်းရောင်းတဲ့ ဟင်းရွက်သည်တွေဆီမှာ လည်းကောင်း ၀ယ်ယူရရှိနိုင်ပါတယ်)
(၂) တောင်ဆီးဖြူပင် လက်တစ်ဆုပ်စာကို ရေ နှင့် သုံးခွက် တစ်ခွက်တင်ကျို၍
သောက်ပါ။ ပြီးလျှင် ချောကလက်စားပါ။ ထို့  နောက် ကျွဲကောသီးစားပါ။ (တစ်လ တိ တိ ထိုသို့ အစဉ်လိုက်စားပေးရပါမယ်) ယခုလို တောင်ဆီးဖြူပင်ကို သုံးခွက်တစ်ခွက် တင် ကျိုသောက်ပြီး ချောကလက်စားလိုက်ပါက အသည်းမှာ ချောကလက်တို့ ကပ်ေ နပါလိမ့်မယ်။ ထို့ နောက် ကျွဲကောသီးစားလိုက် တဲ့အခါ အသည်းမှာကပ်နေ တဲ့ ချော ကလက်အပြင် အဆီတို့ ကိုပါ တိုက်စားသွားခြင်းဖြင့် အသည်းတွင်ဖုံးနေသော အဆီ များ ကွယ်ပျောက်သွားပါလိမ့်မယ်။
(၃) လိမ္မော်သီး စားပါ။ လိမ္မော်သီးက အသည်းအဆီဖုံးရောဂါအတွက်သာမက၊ အ သည်းကြီးခြင်း၊ ဆီးကျောက်တည်ရောဂါ၊ သည်းခြေအိတ်ကျောက်တည် ရောဂါများ အတွက်ပါ လွန်စွာသင့်လျော်ပါတယ်။
(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)





