8/05/2014

ဆီးချိုရောဂါရှိသူများ လမ်းများများလျှောက်ထား

၂၀၁၃ ခုနှစ် ဇွန်လဆန်းပိုင်းက George Washington University မှာ ဆီးချိုရောဂါ နဲ့ ပတ် သက်ပြီး စမ်းသပ်မှုတစ်ခုပြုလုပ် ခဲ့ကြပါတယ်တဲ့။ အဲဒီစမ်းသပ်မှုကတော့ အသက် ၆၀ကျော် ဆီးချိုရောဂါဝေဒနာရှင် ၁၀-ဦးကို နေ့ လည်စာ နဲ့  ညစာများစားပြီး နောက် ၁၅-မိနစ်စီ treadmill (ခေါ်)လှေကားပေါ် တထစ်ချင်းတက်ရသလိုမျိုးလမ်းလျှောက်စက်ပေါ်မှာ ခပ်ဖြည်းဖြည်းမှန် မှန်နှုန်း ဖြင့် ရက်သတ္တ ၁-ပတ်တိတိ လမ်းလျှောက်ခိုင်းခဲ့ပါတယ်။ ရလာဒ်ကတော့ သွေးထဲမှာ သိသိသာသာ သကြားပမာဏကျဆင်း သွားပြီး ဆီးချိုကျသွားပါတယ်တဲ့။ သုတသေသီများက- “ ထမင်းစားပြီး ၁၅-မိနစ်လောက် လမ်းလျှောက်ပေးခြင်းက တခြားအချိန် တွေမှာ ခပ်ကြာကြာ လမ်းလျှောက်ခြင်းထက် ဆီးချိုပမာဏလျော့ကျနှုန်းပိုမြန်ဆန်စေပါတယ်၊ အထူးသဖြင့် နေ့ လည် စာ စားပြီးလမ်း လျှောက်ခြင်းထက် ညစာစားပြီးလမ်းလျှောက်တဲ့အခါ စားထားတဲ့အစာတွေ မှာပါတဲ့ ဂလူးကို့ စ်ဓာတ်တွေ လောင်မြိုက်သွား စေတာကြောင့် ခန္ဓာကိုယ်ထဲမှာ အဲဒီဂလူး ကို့ စ်တွေ တညတာလုံးခိုအောင်းမနေတော့ဘူးပေါ့” လို့ အကြံပြုထားတာကို အမေရိ ကန်ြ ပည်ထောင်စု၊ ၀ါရှင်တန်မြို့ ရဲ့  ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ ထုတ် Diabetes Care(ခေါ်)ေ ဆး ပညာဂျာနယ်တစ်စောင်မှာ ခုလို ဖော်ပြသွားခဲ့ပါတယ်။
+++++++++++++++++++++++
ဆီးချိုရောဂါဟာ အရင်တုန်းကတော့ ဖွံ့ဖြိုးပြီး နိုင်ငံများ(ချမ်းသာတဲ့ နိုင်ငံများ)မှာပဲ အဖြစ်များခဲ့ေ ပမယ့်၊ ၂၀-ရာစုနှစ် နောက် ပိုင်းမှာ သိသိသာသာလူနေမှုပုံစံတွေပြောင်းလဲလာကာ ကမ္ဘာနှင့် အ၀ှမ်းရောဂါဖြစ်နှုန်း အရမ်းကိုအဖြစ်များလာကြပါတယ်။ ဆီးချို လို့ခေါ်ကြပေမယ့် အမှန်ေ တာ့ သွေးထဲမှာအချိုဓါတ်များနေခြင်းပါ။ သွေးထဲကနေမှ ဆီးထဲမှာပါလာပြီး၊ လူအများစုက ဆီးချို ရှိမှန်းမိမိကိုယ်ကိုတောင် မသိခဲ့ကြဘဲ၊ အခြားရောဂါကုသရန် သွေး/ဆီးစစ်ေ ဆးရင်း(သို့ မ ပာုတ်) ဆီးချိုပမာဏတက်ကာ လွန်စွာ နာမကျန်းဖြစ်တော့မှ သိလာရပါတယ်။

< ဆီးချိုရောဂါ အမျိုးအစားများ >
ဆေးသိပ္ပံနည်းအရ ဆီးချိုရောဂါကို Diabetes Type (1)(2)(3) ဆိုပြီး ၃-မျိုးခွဲခြားထားပါတယ်။

 Diabetes Type (1)က ကိုယ် ခန္ဓာကနေ အချိုဓါတ်ကိုထိန်းညှိပေးသော သရက်ရွက်ကနေ ထုတ်ပေးရမဲ့ Insulin ဟော်မုန်း မထုတ်နိုင်တော့တာကြောင့် အင်ဆူလင်လိုအပ်နေတဲ့ရောဂါ အမျိုးအစားဖြစ်ပါတယ်။ အသက် ၃၅ အောက် ငယ်ရွယ်သူတွေမှာ ဖြစ်တတ်ပါတယ်။ 
Diabetes Type (2) ကတော့ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းကျဆင်းလာတဲ့အတွက် အင်ဆူ လင် မလိုအပ်ဘဲ အင်ဆူလင်ကို တုံ့ပြန်ပေးနိုင် စွမ်းသော ဆေးဝါးများလိုအပ်ခြင်းကြောင့် ဖြ စ်တဲ့ရောဂါမျိုးပါ။ အသက် ၃၅ အထက်မှာ စဖြစ်လေ့ရှိပြီး၊ သွေးတိုး/နှလုံးရောဂါ တို့ နဲ့ တွဲနေ ပါတယ်။ ဆီးချိုရောဂါရဲ့ ၉၀% ခန့် က Type 2 ဖြစ်ပါတယ်။
 Diabetes Type (3) က ကိုယ်ဝန်ေ ဆာင်နေစဉ် ဖြစ် တတ်ပါတယ်။ 
 Type (1) နဲ့  (2) တို့ ကနာတာရှည်ဖြစ်ပြီး၊ လုံးဝအမြစ်ြ ပတ် ပျောက်တယ်ဆိုတာမရှိပါဘူး။
 Type (3) ကတော့ ကလေးမွေးပြီး ကောင်းသွားတာများ ပါတယ်၊ အချို့ ကလည်း နောက်ပိုင်းမှာ Type(2) ဖြစ်သွားတတ်ကြပါတယ်။

< ဆီးချိုရောဂါလက္ခဏာများ >
(၁) ရေငတ်ခြင်း(အာခြောက်ခြင်း) (၂) ဆီးသွားများခြင်း (၃) ညဘက်ဆီးခဏခဏ ထသွားရြ ခင်း (၄) ပင်ပန်းနွမ်းနယ်ခြင်း (၅) ကိုယ်အလေးချိန်ကျသွားခြင်း (၆) အမြင်အာရုံမကောင်းေ တာ့ခြင်း (၇) မိန်းမကိုယ်ယားယံခြင်း၊ လိင်တံယားယံခြင်း၊ ရောင်ခြင်း (၈) ပျို့အန်ခြင်း၊ ခေါင်း ကိုက်ခြင်း (၉) စိတ်အပြောင်းအလဲဖြစ်ခြင်း၊ အာရုံစူးစိုက်မှုကျလာခြင်း…စသည်တို့ ဖြစ်ပါတယ်။ (Type 1 နဲ့  Type 2 ရဲ့ ရောဂါလက္ခဏာတွေက ဆင်တူကြလို့  တခါတရံ ဆရာဝန်တွေတော င်ဝေခွဲရခက်ပါတယ်)

< သဘာဝကုထုံးလေးများ >
(၁) ရေက ခန္ဓာကိုယ်ထဲရှိ သကြား/ဂလူးပကို့ စ်ပမာဏကို ထိန်းပေးတာကြောင့် ရေများများေ သာက်ပါ (တစ်နေ့ ကို ၂-လီတာ ရှိ သောက်ရေသန့် ဗူး ၂-ဗူးခန့် သောက်ပါ)

 (၂) နေရောင်ခြည် ထဲမှာပါတဲ့ ဗီတာမင်ဒီ က သွေးထဲရှိ ဂလူးကို့ စ်ပမာဏ ကို ထိန်းပေး တာကြောင့် နံက်ပိုင်း ၁၅-မိနစ်ခန့်  နေပူစာလှုံပါ။ (၃)အရသာ ခါးသက်သက်ရှိတဲ့ ခံတက်ပင်၏ ပင်စည်/အခေါက်ကို ၄-ခွက် ၁-ခွက်တင်ကျိုသောက်ပါ။ (၄)ဆီဖြူသီး ပြုတ်ရည်သောက်ပေးပါ။
 (၄) ကင်းပုံခါးသီး များ များစားပါ။
 (၅) ကင်ပွန်းချဉ်ရွက် ပြုတ်ရည် သောက်ပါ။
 (၆) တရုတ်စံကားပင်ရဲ့ ပင်စည်အေ ခါက်ပြု တ်ရည်သောက်ပေးပါ။ (၇) ပြည်ပန်းညိုအပင်ရဲ့ အရွက်/အခေါက်တို့ ကို ဆန်ဆေးရည်ြ ဖင့် ၃-ခွက် ၁- ခွက်တင်ကြို၍ နေ့ စဉ် နံက်/ညသောက်ပါ။
 (၈) နတ်ဆေးဂမုန်းပင်အမှုန့် ကို တစ်နေ့  ၃-ကြိမ်မျှ တစ်ခါသောက် လ္ဘက်ရည်ဇွန်း ၂-ဇွန်းကျစီ သောက်ရေဖြင့်သောက်ပေးပါ။ (၉) ဗေဒါပန်းပွင့်ကို ပြုတ်သုတ်စားပေးပါ(သို့ မဟုတ်) ဗေဒါပန်းပွင့်ကိုအခြောက်ခံပြီး လက် ဖက်ခြောက်ကဲ့သို့ ရေနွေးခတ်၍သောက်ပါ။
 (၁၀) သပြေသီးအစေ့ခြောက်ကို အမှုန့် ပြု၍၊ ၄င်း အမှုန့်  ၂-ပဲသားခန့် ကို တစ်နေ့  ၂-ကြိမ် ရေကျက်အေးဖြင့်သောက်ပေးပါ။ 
(၁၁) ခ၀ဲ(ခါး)သီး ကို ကြော်ချက်စားခြင်း(သို့ မ ဟုတ်)ခ၀ဲသီးကိုအခြောက်လှန်း အမှုန့် ပြု၍ တခါသောက် လ္ဘက်ရည်ဇွန်း ၁-ဇွန်းဖြင့် တနေ့ ၃-ကြိမ် သောက်ပေးပါ။
 (၁၂) ဆင် တုံးမနွယ် လက်ခလယ် အရွယ် တစ်တောင်ခန့် ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ မီးကျွမ်းခါနီး ပြန်ထုတ်၊ အပေါ်မှ အမည်း ရောင်များခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့်ထုပြီး ဆန်ဆေးရည် ၂-ပိဿာထဲမှာစိမ်၊ တစ်နေ့တစ်ညစိမ်ပြီး နေ့စဉ် အချို ပန်းကန် ၁-လုံး သောက်ပါ၊ သောက်ကာနီး အပေါ်ယံမှအမြှုပ် များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ဖြည့်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ အချိန် တစ်လပြည့်ကအသစ်ပြန်လုပ်ပါ။ ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက် သုံး စွဲ ရန်လိုအပ်၏။(ခါးလွန်းသဖြင့် ထန်းလျက်(သို့ မဟုတ်)ပျားရည် အနဲငယ်လျက်ပေးပါ။ သကြား(လုံးဝ)မစားရ) (၁၃) ညအိပ်ယာ ၀င်ခါနီး ရုံးပတီသီး ၂-တောင့်ကို ရေစင်အောင်ဆေး ထိပ်နှစ်ဖက်ဖြတ် အလယ်ကထက်ခြမ်းခြမ်းပြီး သောက်ရေသန့် ဖြည့်ထားတဲ့ ဖန်ခွက်ထဲထဲ့ အဖုံးဖုံး၍တညသိပ်ပါ။ အိပ်ယာထ နံက်စာမစားခင် စိမ်းထားတဲ့အရည်ကိုသောက်ပါ။ (ရေစိမ် ထားတဲ့ရုံးပတီသီး စားဖို့ မလိုအပ်ပေ၊ ရုံးပတီသီးကို ဟင်းချက်၍လည်းကောင်း /ရေနွေးေ ဖျာ၍ လည်းကောင်း အပူပေးစားပါ)
 (၁၄) ပုံမှန်ထက် ဆီး ချိုပမာဏ အနည်းငယ်တက်နေရင် နေ့ စဉ် ပျားမြီးရွက် ၁-ရွက် စားပါ။ ဆီးချို/သွေးချိုပမာဏ (၂၀၀)နှင့်(၃၆၀)ကြားရှိပါက နေ့ စဉ် ပျားမြီး ရွက် ၃-ရွက်စားပါ။ အကယ်၍ ဆီးချို/သွေးချို (၄၆၀)ကျော်ထိဖြစ်နေပါက ပျားမြီးရွက် ၆ မှ ၉-ရွက် ထိစားပါ (ပျားမြီး ရွက်စားပြီးတိုင်း သောက်ရေ သန့် သောက်ပါ။ ဆီးချိုကျသွားတဲ့အခါ (လုံးဝ) ဆက် မစားပါနဲ့ တော့)
 (၁၅) နံက်အိပ်ယာထ အစာ မစားခင် ကြက်ဟင်းခါးသီးသတ္တုရည်ေ သာက်ပါ။
 (၁၆) အိန္ဒိယအစားအစာတွေမှာ သုံးလေ့ရှိတဲ့ ပဲနံ့ သာပင်(Fenugreek)ရဲ့  အစေ့ လက်တစ်ဆုပ်စာပမာဏကို သောက်ရေသန့် ဖန်ခွက်ထဲမှာ တညသိပ်အဖုံးဖုံးပြီး၊ နံက်အိပ် ယာ ထသောက်ပါ(သို့ မဟုတ်) ပဲ နံ့ သာပင်အစေ့ခြောက်မှုန့် ကို နွားနို့ ဖြင့်သောက်ပါ။
 (၁၇) မာလ ကာသီး ကို အပေါ်ယံအခွံဖယ်ပြီး နေ့ စဉ်စားပါ။
 (၁၈) သရက် ပင်အရွက် လက်တဆုပ်စာ ပမာ ဏကို သောက်ရေသန့် ဖန်ခွက်ထဲ တညစိမ် နံက်အိပ်ယာထသောက်ပါ(သို့ မဟုတ်)သရွက် ပင်ရွက်ခြောက်မှုန့် ကို လ္ဘက်ရည်ဇွန်း တ၀က်ခန့် စိမ်၍ တစ်နေ့  ၂-ကြိမ်ကျသောက်ပါ။
 (၁၉) သစ်ကြပိုးခေါက်မှုန့်  လ္ဘက်ရည် ဇွန်း ၄-ဇွန်းပမာဏကို ရေ ၁-ခွက်စာဖြင့် မီးအေးအေးဆူအောင် တည်သောက်ပါ(သို့ မဟုတ်) သစ်ကြပိုးခေါက် လက်တဆုပ်စာ ပမာဏကို လက်ဘက်ခြော က်ပုံ စံခတ်၍ သောက်ပါ။
 (၂၀) ရှားစောင်းလက်ပပ် ဂျယ်လီ နဲ့  နနွင်းမှုန့် ဆတူရော၍ ည စာမစားခင် ရေအေးဖြင့် သောက်ပါ။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြု လုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…တင်ထက်ထက်ဇော်..မျှဝေသည်)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)