8/06/2014

အပန်းဖြေခရီးထွက်ခြင်းကြောင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ

တစ်ခါတစ်ရံမှာ မိမိ ချစ်ခင်ရတဲ့မိသားစု(သို့ မဟုတ်)သူငယ်ချင်မိတ်ဆွေများနှင့် အ ချိန်ပေး၍ အပန်းဖြေခရီးထွက်သင့်ပါတယ်။ ထိုသို့ အပန်းဖြေခရီးထွက်ခြင်းဖြင့် ပုံမှန် လည်ပတ်နေသော ဘ၀ပုံစံမှ ခေတ္တအနားရ၍ အောက်ပါရလဒ်ကောင်းများကို ခံစားရရှိ နိုင်ပါလိမ့်မယ်။
 
(၁) ခရီးမထွက်ခင်ကတည်းကပင် ကြိုတင်မျှော်မှန်း၍ ပြင်ဆင်ရတာကြောင့် ပျော် ရွှင်မှုကိုခံစားရပြီး စိတ်ဖိစီးမှုတွေကို ပြေလျော့ စေနိုင်ပါတယ်။
(၂) ခရီးအတူတူထွက်ခြင်းဖြင့် မိသားစုဝင်(သို့ မဟုတ်)မိတ်ဆွေတွေနှင့် ချစ်ခင်ရ င်းနှီးမှုကို ပိုလာစေပါတယ်။ (ဆယ်ကျော်သက် ခေတ်လူငယ် မြီးကောင်ေ ပါက် များ နှင့် ခေတ်နောက်ပြန်ဆွဲနေတဲ့ လူကြီးတို့ အကြား အပြန်အလှန်နားလည် မှုရလာ ကာ ဆက်ဆံ ရေးချောမွေ့ လာစေနိုင်ပါတယ်)
(၃) ပုံမှန်မြင်တွေ နေ့ကျ မဟုတ်တဲ့ မြင်ကွင်းအသစ်များက စိတ်လှုပ်ရှားတက်ကြွေ စပါတယ်။ ဒါ့ပြင် စိတ်ကြည်လင် လန်းဆန်း လာပြီး စိတ်ကျေနပ်မှုကို ခံစားရစေ နိုင်ပါတယ်။(စိတ်ချမ်းသာမှုကလည်း ကျန်းမာရေးအတွက် ၁၀၀ ရာခိုင်နှုန်းပြည့်နီးပါး အ ထောက် အပံ့ဖြစ်စေပါတယ် )
(၄) သွားလာလှုပ်ရှားရတာကြောင့် ချွေးထွက်ပြီး ကျန်းမာရေးကိုအထောက် အကြူ ဖစ်စေပါတယ်။
(၅) နေရာအသစ်၏ ဘ၀နေထိုင်မှုပုံစံအသစ် နှင့်အတူ အဖိုးမဖြတ်နိုင်တဲ့ သေဒန္တရ ပတ်ဝန်းကျင်ကို လေ့လာနိုင်တာကြောင့် အသိပညာတိုးပွားစေပြီး၊ အသိအမြင် ပိုကြွ ယ်လာပါတယ်။
(၆) မစားဖူးသေးသော ဒေသသစ်အစားအစာတွေကို စားသုံးနိုင်ပြီး၊ ချက်ပြုတ်မှု ပုံစံ ကို လေ့လာနိုင်ပါတယ်။
(၇) ဥပမာ ကချင်ပြည်နယ်(သို့ မဟုတ်)ကယားပြည်နယ်(သို့ မ ဟုတ်)နိုင်ငံခြား ခရီး သို့ အပန်းဖြေထွက်တယ် ဆိုကြပါစို့ ။ ဒေသခံ ဘာသာစကားသစ်များကို ဒေသခံကိုယ် တိုင်ပြောဆိုနေသည်ကို မြင်တွေ့ ကြားသိရတာကြောင့် သိမ်မွေ့ ကွဲပြားနေတဲ့ ဘာ သာ စကားသစ်များ နှင့်အတူ ဘ၀လူနေမှုပုံစံသစ်များကိပါ လေ့လာနိုင်ပါတယ်။
(၈) အလုပ်အကိုင်အခွင့်အလမ်းတွေ မျက်စိပွင့်နားပွင့်သွားပြီး၊ အဆက်အသွယ် အ သစ်များလည်း ရရှိနိုင်ပါတယ်။
(၉)မိတ်ဆွေသစ်များနှင့် ခင်မင်ကျွမ်းဝင်မှုကြောင့်အတွေ့ အကြုံတွေ ဝေမျှရင်းစိတ်ကြည်နူးမှုကိုရစေပါတယ်။
(၁၀) လူတွေသဘောကို လေ့လာနိုင်တာကြောင့် လူမှုပေါင်းသင်းဆက်ဆံရေး တိုး တက် လာစေနိုင်ပါတယ်။
(၁၁) ခရီးမှ ပြန်ရောက်ပြီးနောက် လုပ်ငန်းခွင်သို့ ပြန်ဝင်တဲ့အခါတွင်လည်း အလုပ် ထဲ မှာပိုမိုအားစိုက်နိုင်ပြီး၊ စိတ်ဖိစီးမှုမရှိဘဲ မိမိတာဝန်ကို အတွေးသစ်ဖြင့် စီမံပုံေ ဖ်ာနိုင်ပါတယ်။
(၁၂) ခရီးစဉ်တလျှောက် အတွေ့ အကြုံလေးများက မိမိနှင်တကွ ခရီးဖော်ချစ်ခင်ရ သူတွေအတွက် အမြဲတသသ အမှတ်တယ ရှိနေတော့မှာ ဖြစ်ပါတယ်။

မှတ်ချက်။
(က)ဥပမာပန်းနာရင်ကျပ်ဝေဒနာရှိသူများ၊၀က်ရူးပြန်ရောဂါရှိသူများ၊လိပ်ခေါင်းဝေဒနာရှင်များ၊

 နှလုံးရောဂါသည်များအဖို့  ခရီးမထွက်ခင် ဆရာဝန် နှင့် ကြိုတင်တို င်ပင်ဆွေးနွေးပါ။
 (ခ) ဥပမာ သွေးတိုးရောဂါရှိသူများ၊ ၀မ်းချုပ်တတ်သူများအဖို့  မိမိ သောက်နေကျဆေးဝါးများကို လုံလုံလောက်လောက်ထည့် သွားပါ။
 (ဂ) ပါဝါ မျက် မှန်တပ်အမြဲတပ်ရသူများ က မျက်မှန်အပိုရှိရင် ယူဆောင်သွားပါ။
 (ဃ) အကယ်၍ မိမိအလည်အပတ်သွားမည့် အရပ်ဟာ တုပ်ကွေး၊ ဌက်ဖျား၊ ၀မ်းရောဂါ ကူးစက် တတ်သော ဒေသဖြစ်နေပါက ထိုရောဂါများမှ ကြိုတင်ကာကွယ်ထားသည့်အနေဖြင့် ဆရာဝန်နှင့်တိုင်ပင်ကာ ဆေးထိုး၊ ဆေးသောက်ပြုပါ (သို့ မဟုတ်) ကာကွယ်ဆေးများ အပိုဆောင်သွားပါ။
(င) ခရီးပင်ပန်းမှုဒဏ်ခံနိုင်ဖို့ နှင့် ကိုယ်ခံအားကောင်းစေ ဖို့  အတွက် အားရှိ တဲ့အစားအစာတွေစားရင်း ဗီတာမင်စီ ဆေးပြားလေးတွေမှီဝဲပါ။
 (စ) နောက်ကျောဒဏ် နှင့် ခါးနာခြင်းမဖြစ်စေဖို့ အတွက် ဖြစ်နိုင် ရင် ဘီးပါသော ခရီးေ ဆာင်လက်ဆွဲအိတ်တွေကိုသာသုံးပါ။
 (ဆ) အလှအပကိုဦးစားပေးတဲ့ ဖိနပ် မျိုးထက်၊ မိမိခြေထောက်နှင့် သက်တောင့်သက်သာဖြစ်စေမည့် ဖိနပ်မျိုးကို သာ ရွေး ချယ်ပါ။
 (ဇ) ခရီးသွားမည့် ကာလဒေသနှင့်လျော်ညီတဲ့ အ၀တ်အထည် များကို ယူေ ဆာင်သွားပါ။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)