သိန်းငှက်တွေဟာ အတောင်ပံဖြန့်ပြီး ကောင်းကင်ထက်မှာ သူတို့ရဲ့ကြံ့ခိုင်တဲ့ယုံကြည်မှုတွေနဲ့ ဝဲပျံကြတယ်။
နိုင်ငံတော်သီချင်းက ပြိုင်ပွဲဝင်အားကစားသမားတွေကို ယုံကြည်မှုအင်အားတွေထည့်ပေးတယ်။ အောင်ပန်းတွေကို ဆွတ်ခူးစေတယ်။
လုပ်ငန်းရှင်တွေအောင်မြင်ရတာက သူတို့ကသူတို့ရဲ့ထုတ်ကုန်ဟာ အကောင်းဆုံးဆိုတာကို ယုံကြည်ထားလို့ဖြစ်တယ်။
အဆိုတော်တွေ အောင်မြင်ရတာက သူတို့အသံဟာ အကောင်းဆုံးလို့ သူတို့ကိုယ်သူတို့ ယုံကြည်လို့ဖြစ်တယ်။
လယ်သမားတွေဟာ မိမိကိုယ်ကိုယ်ယုံကြည်မှုနဲ့ သီးနှံအထွက်တိုးဖို့ မျှော်လင့်ကြတယ်။
သိပ္ပံပညာရှင်တွေဟာ မိမိကိုယ်ကိုယ်ယုံကြည်မှုနဲ့ ဆက်သွယ်ရေးဂြိုလ်တုတွေကို ကမ္ဘာပတ်စေခဲ့တယ်။
မိမိကိုယ်ကိုယ်ယုံကြည်မှုဆိုတာ လူတွေအောင်မြင်ဖို့အတွက်
ရှေ့ဆောင်လမ်းပြဖြစ်တယ်။ ကိုယ့်အင်အားကို ပြည့်ဖြိုးစေတယ်။
မိမိကိုယ်ကိုယ်ယုံကြည်မှုရှိရင် ဖြတ်ကျော်မရနိုင်တဲ့ ချောက်ကမ်းပါးဆိုတာ
မရှိတော့ဘူး။ ကျော်လွှားလို့မရနိုင်တဲ့ ပြဿနာအခက်အခဲဆိုတာ မရှိတော့ဘူး။
မိမိကိုယ်ကိုယ်ယုံကြည်မှုက ကလောင်တစ်ချောင်းနဲ့တူတယ်။ ကိုယ့်ဘဝအောင်မြင်မှုကို စာမျက်နှာတစ်ရွက်ပြီးတစ်ရွက် ရေးနိုင်တယ်။
မိမိကိုယ်ကိုယ်ယုံကြည်မှုက အလင်းတန်းနဲ့တူတယ်။ ရှေ့ဆက်မယ့် ဦးတည်ရာကို လမ်းညွှန်ပေးတယ်။
မိမိကိုယ်ကိုယ်ယုံကြည်မှုက ထယ်တစ်ခုနဲ့တူတယ်။ ကိုယ့်အတွက် လှပတဲ့လယ်ယာမြေတောကို ထွန်ယက်ပေးတယ်။
မိမိကိုယ်ကိုယ်ယုံကြည်မှုက မီးနဲ့တူတယ်။ ကိုယ့်ရင်ထဲကမျှော်လင့်ချက်ကို
လောင်ကျွမ်းလင်းလက်စေတယ်။
ကိုယ့်စိတ်ထဲက သံသယအရိပ်တွေကို ဖယ်ရှားပစ်ပြီး
မိမိကိုယ်ကိုယ်ယုံကြည်လိုက်စမ်းပါ။ မိမိကိုယ်ကိုယ်ယုံကြည်မှုက
သင့်ကိုအောင်မြင်စေမယ့် မျှော်လင့်ချက်ဖြစ်ပါတယ်။
credit 99 sanay
8/24/2014
အောင်မြင်လိုတဲ့ဆန္ဒက အရာရာကိုပိုင်ဆိုင်စေပါတယ်။
8/24/2014
Dim




