7/18/2014

ဆံပင်အမျိုးအစားပေါ်မူတည်၍ ခေါင်းလျှော်ကြိမ်ရေနှုန်းထား ကွာဟချက်

တကိုယ်ရည်သန့် ရှင်းရေးကိစ္စတွေထဲမှာ ခေါင်းလျှော်ခြင်းကလည်း တစ်ခုအပါအ၀င်ဖြစ် ပါ တယ်။ လူတိုင်းမှာ မွေးရာပါအသား အ ရေအမျိုးအစား မတူညီကြသကဲ့သို့ ၊ ဆံသားအမျိုးအစား လည်း ကွဲပြားခြားနားကြပါတယ်။ (၁) ကျန်းမာသန်စွမ်းတဲ့ဆံသား (၂) ပုံမှန်(အလယ်အလတ်) ဆံသား (၃) ဆံသားအုံကောင်း(ဆံပင်ထူ) (၄) ခြောက်သွေ့ (မွဲခြောက်ခြောက်)ဆံသား ဟူ၍
အခြေခံ အားဖြင့် ဆံသား ၄-မျိုးရှိပါတယ်။ အဲဒီလိုမတူညီတဲ့ ဆံသားအမျိုးအစားပေါ်မူတည် ၍၊ ခေါင်းလျှော်တဲ့အကြိမ်နှုန်း အနည်းအများ ကွာဟမှုရှိပါတယ်။

(၁) ကျန်းမာသန်စွမ်းတဲ့ဆံသားပိုင်ရှင်များအတွက်
ကျန်းမာတဲ့ဆံသားတွေက အခြားဆံပင်အမျိုးအစားတွေထက် ပို၍အဆီစုပ်ယူမှုအားကောင်ြး ကတာေ ကြာင့် daily use shampoo(ခေါ်)နေ့ စဉ်သုံးရှမ်ပူ အမျိုးအစားကိုသုံးပါ။ တစ်ရက်ခြား( သို့ မဟုတ်) တစ်နေ့ တစ်ကြိမ် ခေါင်းလျှော်ပေးနိုင်ပါတယ်။ (အဆီပြန်တဲ့ ဆံပင်ကလည်း ကျန်းမာသန်စွမ်းတဲ့ ဆံသားအမျိုးအစားထဲမှာပါရှိနေပါတယ်။ အဆီအလွန်ပြန်တဲ့ ဆံသားပိုင်ရှင်
များကတော့ dry shampoo ကိုသုံး၍ နေ့ စဉ် ခေါင်းလျှော်ပေးပါ)

(၂) အလယ်အလတ်ဆံသားပိုင်ရှင်များအတွက်
ပုံမှန်သဘာဝဆံသား လို့ ခေါ်နိုင်ပါတယ်။ ဒီဆံသားတွေမှာ အမှတ်စဉ်နံပါတ် (၁)က လို ကျန်းမာ သန်းစွမ်းထဲ့ ဆံသားတွေလောက် အဆီသိပ်မရှိတာကြောင့်၊ ရက်သတ္တ ၁-ပတ် မှာ ၂-ကြိမ်(သို့ မ ဟုတ်)အများဆုံး ၃-ကြိမ် လျော်ရုံနှင့်လုံလောက်ပါတယ်။ အ ကယ်၍ အလယ်အလတ် ဆံသားေ တွကို နေ့ စဉ်ခေါင်းလျှော်မိပါက၊ ဦးရေပြား နှင့် ဆံသားများအဆီခမ်းစေတတ်လို့  ဆင်ခြင် သင့် ပါ တယ်။ (ဗောက် ရှိသူတွေက Anti Dandruff Itchy Scalp ရှမ်ပူကို သုံးသင့်သလို၊ ဆံသာြး ကမ်း သူများ နှင့် ဆံပင် ၂-ခွ ရှိသူများက Conditioner Shampoo ကို သုံးပေးပါ)

(၃) ဆံသားအုံကောင်း(ဆံပင်ထူ)သူများအတွက်
အမျိုးသမီးအများစု ပိုင်ဆိုင်တဲ့ဆံပင်အမျိုးအစားလေးပါဘဲ။ ဆံသားထူပြီး ဆံပင်သဘာ ၀အေ ကာက် လှိုင်းသားပါရှိနေလို့  ဦးရေ ပြားထံမှ အဆီတွေကို ဆံသားတွေဆီသို့  အလွယ်တကူ မပြန့် နှံ့ စေတဲ့အတွက်ကြောင့် ရက်သတ္တ ၁-ပတ် လျှင် ၁-ကြိမ်သာ ခေါင်းလျှော် ပေးရုံမျှဖြင့် လုံလောက်ပါတယ်။ (အခုလို ဆံသားပိုင်ရှင်တွေကလည်း အမှတ်စဉ် (၂)ကလို အလယ်အလတ် ဆံသား ပိုင်ရှင်တွေ သုံးတဲ့ ရှမ်ပူအမျိုးအစားတွေကိုဘဲ သုံးနိုင်ပါတယ်)

(၄) ခြောက်သွေ့ (မွဲခြောက်ခြောက်)ဆံသား
ဒီဆံသား အမျိုးအစားက အမှတ်စဉ်(၁)ဆံသားနှင့်ပြောင်းပြန်ဖြစ်ပါတယ်။ ဦးရေပြားမှာအဆီ ခမ်း၍ ဆံပင်မွဲခြောက်ကာ ဆံ သားများ ၂-ခွ ၃-ခွ ဖြစ်ပြီး ဆံပင်တွေ ပြတ်ထွက်လေ့ရှိပါတယ်။ ဒါကြောင့် နေ့ စဉ် ခေါင်းမလျော်သင့်ပါဘူး။ Oily Shampoo တစ်မျိုးတည်းကိုသာ သုံးပါ
(သို့ မ ဟုတ်)ဓာတုပစ္စည်းတွေ ပါဝင်မှုနည်းတဲ့ ရှမ်ပူကိုရွေးသုံးပါ။ conditioner ပေါင်းဆေးပါတဲ့ ရှမ်ပူ
ကို သုံးပါ။

(ဆောင်းပါးရှင်...တင်ထက်ထက်ဇော်…..မျှဝေသည်)
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)