အချို့ ကလည်း မျက်မှန်တပ်မှ စတိုင်လ်ကျသည်ထင်၍ အလှမျက်မှန်တပ်ဆင်ကြသလို၊ အချို့က လည်း မဖြစ်မနေ ဆေးမျက်မှန် တပ်ရမည်ကိုပင် ရှက်ရွံ့ နေတတ်ကြပါတယ်။ မျက်မှန်တပ်၍ အရုပ် ဆိုးအကျည်းမတန်စေပါ။ မိမိမျက်နှာနဲ့  လိုက်ဖက်အောင်ရွေး ချယ်တတ်ပါက၊ စတိုင်လ်ကျ နပြီး အများအလယ်ထင်ပေါ်နေဦးမှာပါ။
ဆိုင်ရောက်တဲ့အခါ ရွေးချယ်စရာမျက်မှန်ကိုင်း(ဂိုင်း)တွေကများမှများ။ မျက်နှာနဲ့ လိုက်ဖက်အောင် ဘယ်လိုရွေးချယ်ရပါ့မလဲနော် ?
# ဘဲဥပုံ မျက်နှာပိုင်ရှင်များအတွက် ဘယ်ကိုင်း(ဂိုင်း)နဲ့ မဆိုလိုက်ဖက်၍ ကြိုက်ရာကိုသာ စိတ် ချဝယ် လိုက်ပါ။
# မျက်နှာဝိုင်းသူများအတွက် အများအမြင်မှာ မျက်နှာသေးသွယ်သယောင်ထင်ရေ အာင် ေ လးေ ထာင့္က်က် (ထောင့်မှန် စတုဂံ) ပုံ မျက်မှန်ကိုင်း(ဂိုင်း)ကို ရွေးချယ်ပါ။
# မျက်နှာ ဆယ်ပြားစေ့(လေးထျောင့်ကျသူ)များအတွက် အ၀ိုင်း(သို့ မဟုတ်)ဘဲဥပုံ ကိုင်း(ဂိုင်း) ကို ရွေးချယ်ပေးပါ။
# တြိဂံပုံ မျက်နှာပိုင်ရှင်များကတော့ စတိုင်လ်တမျိုးနဲ့ ပေါ်လွင်စေရန် လှည်းဘီးပုံကိုင်း(ဂိုင်း)ကြီးကြီး ကိုသာ သုံးပါ။
မျက်မှန်ကိုင်း(ဂိုင်း) ကတော့ဟုတ်ပါပြီ။ အရောင်ကရော ရွေးဖို့ ခက်နေပါလား ?
# မျက်လုံးအပြာရောင် ပိုင်ရှင်များက အပြာ-မီးခိုး-ခရမ်းရောင် မျက်မှန်ကိုင်း(ဂိုင်း) ကိုဝယ်ပါ။
# မျက်လုံးအစိမ်းရောင် ပိုင်ရှင်များက အစိမ်း-ခရမ်း-ပန်းဆီရောင် ကိုင်း (ဂိုင်း) နှင့်အလိုက် ဖက်ဆုံးပါ။
# မျက်လုံးအညိုရောင် ပိုင်ရှင်များက ကြေးနီရောင်-အညို-အနက်ရောာင် မျက်မှန်ကိုင်း(ဂိုင်း) ကိုရွေးလိုက်ပါ။
# အနက်ရောင်မျက်ဝန်း ပိုင်ရှင်များက ငွေရောင်-ရွှေရောင်-အနက်-ပန်းသွေးရောင် ကိုင်း(ဂိုင်း) ကိုသာဝယ်လိုက်ပါ။
# အသားဖြူသူတွေက မျက်မှန်ကိုင်း အရောင်ရင့်ရင့်ဖြင့်လိုက်ဖက်ပြီး၊ အသားညိုသူများကတော့ အရောင်ဖျော့တဲ့  ကိုင်း(ဂိုင်း) ဖြင့် ဆွဲဆောင်မှုရှိစေပါတယ်။
# အညိုရောင်(သို့ မဟုတ်)အနက်ရောင် ဆံပင်ပိုင်ရှင်များအတွက် အမည်းရောင် နှင့် Navy (ခေါ်) ကွန်ပြူတာအပြာရောင် ကိုင်း(ဂိုင်း)တို့ ဖြင့် အလှသွေးကြွယ်စေမှာပါ။
အရေးကြီးဆုံးတစ်ချက်ကတော့….မျက်မှန်ကိုင်းလှလှတော့ရပါပြီ မျက်စေ့ပါဝါမတော်ရင်မျက်ရည် ပူကျ ခေါင်းကိုက်နှင့်နောက် ဆက်တွဲပြသနာတွေ ဖြစ်လာတတ်လို့ ၊ တတ်ကျွမ်းနားလည်တဲ့ဆရာ ၀န် (သို့ မဟုတ်) ကျွမ်းကျင်သူပညာရှင်နဲ့  စစ်ဆေးခံယူပြီး၊ တီဗွီကြည့်/ကွန်ပြူတာရိုက်/ညဘက် ကားမောင်း အားလုံးအတွက် အထူးသင့်တော်တဲ့  anti-reflective coatings ဆိုတဲ့ မှန်ကို သာ အသုံးပြုကြပါ။ မျက်မှန်လှလှရဘို့  တိုင်ပင်ရအောင် သူငယ်ချင်းတစ်ယောက်လောက် အဖော်ခေါ် သွားပြီး၊ အေးအေးဆေး ဆေးရွေးဝယ်နော်။
<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)
ကိုးကား (Daily Health Tips - Eyeglasses)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)