6/17/2014

စောစော ပြန်လာခဲ့ ပေးပါ ဖေဖေ


တစ်နေ့ အဖေဖြစ်သူဟာ အလုပ်ကနေ နောက်ကျမှ ပြန်လာတယ်။ အိမ်တံခါးဝမှ ရပ်စောင့်နေတဲ့ သားငယ်လေးကို တွေ့လိုက်တော့

" ဖေဖေကို သား မေးစရာရှိတယ် "

" ငါ့သားက ဖေဖေ့ကို ဘာမေးမှာလဲ မေးပါ "

" ဖေဖေ တစ်နာရီကို ဝင်ငွေ ဘယ်လောက်ရလဲ "

သားဖြစ်သူရဲ့ စကားကို ကြားတော့ အဖေဖြစ်သူ အံ့သြသွားတယ်

" ငါ့သားက ဘာလုပ်ဖို့ အဲစကားကို မေးရတာလဲ "

" သား သိချင်လို့ပါ ဖေဖေ "

" ဒါဆိုလည်း ပြောပြမယ် တစ်နာရီကို ဒေါ်လာ ၅၀ ရတယ် "

ကလေးက ခဏကြာကြာ စဉ်းစားနေတယ် ပြီးနောက်

" ဒါဆိုရင် ဖေဖေ သားကို တစ်နေ့ ဒေါ်လာ ၅၀ ချေးနိုင်မလား "

" ငါ့သားက ပိုက်ဆံတွေ အများရှိ ဘာလုပ်မလို့လဲ။ အရုပ်ဝယ်ချင်လို့လား မုန့်စားချင် လို့လား ပြောပါ။ ဖေဖေ အကုန်လုပ်ပေးမယ်။ ပိုက်ဆံကတော့ မပေးနိုင်ဘူး ငါ့သား "

ကလေးဟာ ငိုပြီးတော့ အခန်းထဲသို့ ဝင်သွားတယ်။

တစ်နာရီလောက် အကြာမှာ အဖေလုပ်သူအား စဉ်စားတယ်။ ငါ့သားဟာ
ဘာလုပ်ဖို့ ပိုက်ဆံတွေ အများကြီး တောင်းနေတာလဲ။ အကြောင်း တစ်ခုခုတော့ ရှိမယ် ထင်လို့ စဉ်စားနေတယ်။

တစ်နာရီလောက် ကြာတော့ အဖေဖြစ်သူဟာ သူ့သား အခန်းထဲသို့ သွားပြီး

" သားလေး အိပ်နေပြီလား "

" မအိပ်သေးပါဘူး ဖေဖေ သား လဲနေတာပါ "

" ရော့ မင်းလိုချင်တဲ့ ပိုက်ဆံ ဒေါ်လာ ၅၀ "

ကလေးက ပိုက်ဆံလေးတွေကို ဖြည်းဖြည်းခြင်း ရေတွက်ပြီးနောက်

" ဒီ ဒေါ်လာ ၅၀ ကို ဖေကြီး ပြန်ယူလိုက်ပါ။ မနက်ဖြန်ကျရင် သားတို့နဲ့ အတူတူ ထမင်းစားဖို့ ၊ သားတို့နဲ့ အတူတူ စကားတွေပြောဖို့ သားတို့နဲ့ အတူတူ ဆော့ကစားဖို့ တစ်နာရီလောက် စောစော ပြန်လာခဲ့ ပေးပါ ဖေဖေ " ( မျက်ရည်လေးတွေ စို့လို့ )

 
ကျော်လင်းနိုင်