6/20/2014

ဗောက်ယားယံခြင်းအတွက် အိမ်တွင်းကုထုံး

လူလားမြောက်သူ ကျား/မ မရွေး ဦးရေပြားခြောက်သွေ့ မှို စွဲခြင်းကြောင့် ဗောက် ထလေ့ရှိကြပါတယ်။ ခေါင်းပေါ်မှာ အဖြူအဖတ် များဖြင့် အကြည့်ရဆိုးသလောက်၊ အင်မတန်မှယားယံလို့ နေရထိုင်ရခက်စေပါတယ်။ ရှမ်ပူ(ခေါင်းလျှော်ရည်) အချို့ ဖြင့် ဗောက် ပျောက်စေသော်လဲ၊ လုံးဝအအမြစ်ပြတ်ပျောက်ကင်းသွားလေ့ မရှိကြပါဘူး။

(အပူဓာတ်စီးဆင်းကား ဦးရေပြားခြောက်သွေ့ စေတတ် တဲ့ ကော်ဘီး များကို (လုံးဝ)မသုံးပါနှင့်။
  ခေါင်းလျှော်သည့်အခါတိုင်း သုံးနေကျ ဘီး၊ ကလစ်၊ ခေါင်း စည်းကြိုး၊ ဘီးကုပ်တို့ ကို ဆပ်ပြာဖြင့် သန့် စင် အောင်ဆေးကြောရန် နှင့် ခေါင်းအုံးစွပ် အသစ်လဲရန် မမေ့ပါနှင့်)

ရှာလကာရည်က ဦးရေပြားပေါ်ရှိဆဲလ်အသေတွေကိုဖယ်ရှားပေးပြီး၊ ယားယံခြင်းကို သက်သာစေပါတယ်။ ဦးစွာခေါင်းပေါ်ရှိ ဗောက်ဖတ်များကို စင်အောင်ဘီးနဲ့ ဖြီးချပါ။ ပြီးနောက် ရှာလကာရည်နဲ့  ရေအေးတို့ ဆတူရော၍ (သို့ မဟုတ်) ရှာလကာရည် အ နည်းငယ်ပို့ ထဲ့ပြီး၊ ဦးရေပြားအနှံ့ နှိပ်နယ် လိမ်းကျံပေးပါ။ မိနစ်အနည်းငယ်အကြာ ရေဖြင့်လောင်းလျှောက်ပြီးနောက်၊ ပုံမှန်သုံး နေကျ ရှမ်ပူဖြင့်စင်အောင်လျှော်ပေးပါ။
 
မုန့် ဖုတ်ဆော်ဒါက ဦးရေပြားပေါ်ရှိမှိုများကိုသေစေနိုင်တဲ့အာနိသင်ရှိ ပါ တယ်။ ခေါင်းတစ်ခုလုံးကိုရေစွတ်ပြီး၊ လက်တစ်ဆုပ်စာ မုန့် ဖုတ်ဆော်ဒါမှုန့် ဖြင့် ဦးရေပြားထိရောက်အောင် အားရပါးရပွတ်တိုက်၍၊ ရေဖြင့်စင်စင်လျှော်ချပေးပါ။ (မည်သည့်ရှမ်ပူကိုမျှ မသုံးပါနှင့်၊ရေဖြင့်သာလျှော်ပါ) ဗောက် အထူ/အပါးပေါ်မူ တည်ပြီး၊ တစ်ပတ်လျှင် ၂ကြိမ်/ ၃ကြိမ်မျှလျှော်ပေးပါ။ လျှော်ပြီးကာစမှာ ဆံသား များခြောက်ကပ်နေသော်လည်း ရက်အနည်းငယ်အကြာ ဆံသားများပုံမှန် အတိုင်း စိုပြေ၍ပိုမိုနူးညံ့လာကာ ဗောက်များ ကင်းစင်သွားပါလိမ့်မယ်။

အိန္ဒိယအစားအစာများထဲတွင် အသုံးပြုလေ့ရှိသော ပဲနံ့ သာ သည် ပရိုတင်း ဓာတ်ကြွယ်ဝပြီး၊ အမိုင်နိုအက်ဆစ်နှင့် လက်စီ သင်းဓာတ်တို့ ပါရှိကြသဖြင့် ဆံပင် သန်စွမ်းနက်မှောင်ကာ ဦးရေပြားအေးမြပြီးဗောက်ပျောက်စေပါတယ်။ ပဲနံ့ သာပင် အရွက်က လည်း ဆံသားကိုနူးညံ့ချောမွေ့ စေပါတယ်။ ပဲနံ့ သာ လက် ဆစ်ဆုပ်စာ ကို ရေတညစိမ်သိပ်ပြီး၊ နောက်တစ်နေ့ နံက်မှာ အနှစ်ဖြစ် အောင်ကြိတ်ချေ၍ ဦးရေပြားအနှံ့ စိမ့်ဝင်အောင်လိမ်းပါ။ နာရီဝက်ခန့် အကြာမှာ မိမိသုံးနေကျ ရှမ်ပူဖြင့် လျှော်ချပေးပါ။

ဆင်တုံးမနွယ်ပင်၏ အခါးဓာတ်များက ဗောက်ဖြစ်စေတဲ့ မှိုပိုးများ ကို သေေ စသောအစွမ်းသတ္တိရှိပါတယ်။ ဆင်တုံးမနွယ်ရွက် ကိုကြိတ်ချေ၍ ဦးရေပြားအနှံ့  လိမ်းကျံပါ။ ဆင်တုံးမနွယ်ရွက်ရင့်ရင့်၂-ရွက်ကို ရေနွေးတညတာစိမ်ပေးပြီး၊ နံက်မိုးသောက်တဲ့အခါ ထိုအရေဖြင့်ဆံသားများကိုလိမ်းပေးပါ။ တစ်နာရီခန့် အကြာမှာ ရေအေးဖြင့်သန့် စင်လျှော်ချလိုက်ပါ။

အယ်လ်ကိုဟော ကို အခြေခံထုတ်လုပ်ထားတဲ့ Listerine(ခေါ်)ခံတွင်းသန့် စင်ရည် ကလည်း ဗောက်များကို သေစေတဲ့ အာနိ သင်ရှိပါတယ်။ ဒါကြောင့် မိမိလျှော်နေ ကျ ခေါင်းလျှော်ရေသုံးပြီးနောက်၊ ခံတွင်းသန့် စင်ရည်ဖြင့် လျှော်ချပေးပါ။

ပဋိဇီစဆေးတစ်မျိုးဖြစ်တဲ့ အက်စပရင် (ခေါ်) ဖျားနာကိုက်ခဲပျောက်ဆေးထဲမှာ Salicylic အက်ဆစ်ပမာဏ အမြောက်အများ ထဲ့၍ဖော်စပ်ထားပါတယ်။ အဲဒီအက်ဆစ် ဓာတ်ဟာဗောက်များကိုသေစေနိုင်တဲ့အစွမ်းရှိလို့  ဗောက်ပျောက်ရှမ်ပူများတွင် ထဲ့သွင်း အသုံးပြုလေ့ရှိကြပါတယ်။ အက်စပရင်ဆေး ၂-ပြားကို အမှုန့်ကြိတ်ကာ မိမိနှစ်သက်ရာရှမ်ပူဖြင့်သမအောင်ရောမွှေပြီး တခေါင်း လုံးအနှံ့  လိမ်းကျံ၍နှပ်ထားပေးပါ။ ၂-မိနစ်အကြာမှာ ပုံမှန်ခေါင်းလျှော်သကဲ့သို့ လျှော်ပေးရုံပါဘဲ။

အာဟာရပြည့်ဝစွာစားသောက်နေထိုင်ခြင်းဖြင့် ကျမ္မာရေးကောင်းမွန်စေသလို၊ အသားအရေစိုပြည်ကောင်းမွန်စေကာ အသား အရည်နှင့်ပတ်သက်ဆက်စပ် လျှက်ရှိတဲ့ ဗောက်ရောဂါကိုလည်း မဖြစ်စေနိုင်ပါဘူး။ အသားအရည်ခြောက်သွေ့ခြင်းကင်းဝေးစေပါတယ်။

သံပရိုသီးထဲမှာပါတဲ့ သဘာဝအက်ဆစ်ဓာတ်ဟာ ဗောက်ဖြစ်စေတဲ့မှိုများကို အင် တိုက် အားတိုက်ဖြိုခွင်း ပေးနိုင်စွမ်းရှိပါတယ်။ သံပရိုသီးအလုံးလိုက်ကို စားပွဲပေါ်တင် လှိမ့်၍ ထက်ခြမ်းခြမ်းပြီး၊ ဗောက်ယားယံသောဦးရေပြား အနှံ့ ခပ်ကြမ်းကြမ်း ပွတ် တိုက် ပါ။ နာရီဝက်ခန့် အကြာမှာ ရေသန့် သန့် ဖြင့်လျှော်ချပေးပါ။ အလွန်အ ယားပြေေ စ ရုံသာမက၊ သံပရိုသီးရနံ့  ဆံပင်မှာစွဲကျန်ခဲ့စေပါ မည်။ ထိုရနံ့ ကို ဗောက်မှိုများကြောက်သဖြင့် တော်တော်နှင့်ဗောက်မစွဲစေတော့ပါဘူး။

 Aung Zaw FB မှကူးယူပါသည်။