6/09/2014

နိုင်ငံတော်သီချင်း " ကမ္ဘာမကျေ..."

နိုင်ငံတော်သီချင်း " ကမ္ဘာမကျေ..." 
သီချင်းကို နှစ်သက်မြတ်နိုးတဲ့ ကျွန်မက စပ်စုလေ့ လာကြည့်မိ တဲ့အခါမှာ-
(၁) YMB ဆရာတင် က ရေးခဲ့ပြီး၊ ၁၉၃၀ ဇူလိုင်လ ၂၀ မှာ ရွှေတိဂုံရင်ပြင်တော်ပေါ်မှာ ဖွင့်ပြခဲ့ပါတယ်တဲ့။
 

(၂) သီချင်းထဲမှာပါတဲ့ စာသားအချို့ ကို သခင်ဘသောင်းက ပံ့ပိုးပေးခဲ့ပါတယ်တဲ့။
 
(၃) အဲဒီ သီချင်းရေးခဲ့လို့ တဲ့ အင်္ဂလိပ်တွေက ဆရာတင် ကို ဖမ်းဆီးခဲ့ပြီး ၁၉၄၆ မှ ထောင်က လွတ် လာပါတယ်။
 
(၄) ၁၉၄၇ မှာ နိုင်ငံတော် သီချင်းအဖြစ် ပြဌာန်းခဲ့ပြီး ဆရာတင်ကို နိုင်ငံတော်က ဆုငွေကျပ် ၁၀၀၀/- (ကျပ်တစ်ထောင်တိတိ) ချီးမြှင့်ခဲ့ပါတယ်။
 
(၅) ၁၉၅၀ မှာ ၀ဏ္ဏကျော်ထင် ဘွဲ့  အပ်နှင်းခံခဲ့ရပါတယ်။
 
(၆) YMB ရဲ့  အဓိပ္ပါယ်ကတော့ Young Man Buddhist ပါတဲ့။ ဆရာတင် ရဲ့  ကိုယ်ပိုင်ကျောင်း ပါဘဲတဲ့ရှင်။

(ပေါက်ပေါက်…မျှဝေသည်)