(၁)
ကယ်လီဖိုးနီးယားပြည်နယ်မှာစာမေးပွဲမှာစာခိုးချတဲ့ကျောင်းသားကို
ကျောင်းထုတ်ပါတယ်။
ခြေချဖို့နေရာအတွက် ဘာတစ်စုံတရာအကြောင်းပြချက်မှာ
ပေးလို့မရပါဘူး။ အထူးသဖြင့် ဥပဒေကျောင်းသားနဲ့ ဆေးပညာကျောင်းသားတွေဖြစ်ပါတယ်။
(၂) မိဘက သင့်ရဲ့သူငယ်ချင်းပါ။ သင်ကျွေးမွေးဖို့ သူတို့မမျှော်လင့်ပါဘူး။ ဒါပေမယ့် အပတ်တိုင်း ဖုန်းဗီဒီယိုနဲ့ သင်ဂရုစိုက်တာကို
သူတို့လိုအပ်ပါတယ်။ မှတ်ထားရမှာက သင့်ကို သူတို့ဖန်ဆင်းခဲ့ပါတယ်။
(၃) fast foodတွေကို လျော့စားပါ။ အဲဒါတွေက အစိမ်းရောင်အစားအစာတွေ မဟုတ်လို့ပါ။ အပတ်တိုင်း အရွက်စိမ်းတချို့စားပေးပါ။
ဈေးကြီးချင် ကြီးပါစေ။ ဘယ်အရာကမှ အသက်လောက်တန်ဖိုးမရှိပါဘူး။
(၄) မနက်စာမစားတဲ့လူက ကြီးမားတဲ့တာဝန်ဝတ္တရားတွေကို မထမ်းရွက်နိုင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကျန်းမာရေးကိုတောင် အလေးမထားတဲ့လူတစ်ယောက်ဟာ
တခြားဘယ်အရာကိုမှလည်း အလေးထားမှာမဟုတ်ပါဘူး။
(၅) လူတိုင်းမှာ
ဂုဏ်ယူစရာကောင်းတဲ့ ဝါသနာတစ်ခုရှိပါစေ။ ငွေကြေးကြောင့်မဟုတ်ဘဲ
ကိုယ့်ဝါသနာထဲကနေ စစ်မှန်တဲ့ပျော်ရွှင်ခြင်းကို ရရှိဖို့ပါ။ ဒီဝါသနာကို
ရိုးသားစွာပြုမူပါ။ မှတ်ထားရမှာက ဆရာစာသင်ပြီးချိန်မှာ ဆရာကိုဖြေဖျော်ပြပါ။
ပြီးတော့ သင်ကိုယ်ပိုင်တွေးတောတတ်ပြီဖြစ်ကြောင်း ပြောပြပါ။
(၆)
အတတ်နိုင်ဆုံး အဝတ်အိတ်ကိုအသုံးပြုပါ။ ကမ္ဘာမြေက
သင့်ရဲ့အမှိုက်ပုံမဟုတ်ပါဘူး။ တကယ်လို့ လူလေးစားတာကိုခံချင်ရင်
ပတ်ဝန်းကျင်သန့်ရှင်းရေးကို ထိန်းသိမ်းပါ။
(၇) လူတွေအပေါ်
ရိုးသားစွာဆက်ဆံပါ။ ဘုရားသခင်က မရိုးသားသူတွေကို ခွင့်မလွှတ်တတ်လို့ပါ။ ဒါဟာ
သင်အောင်မြင်ဖြစ်ထွန်းမှုအတွက် အဓိကအချက်ပါ။
(၈)
သွားလာလှုပ်ရှားဖို့ခက်ခဲတဲ့ လူအိုတွေကိုတွေ့တဲ့အခါ
မျဉ်းကျားကူးဖို့ကူညီပေးပါ။ ဒါဟာ အပန်းမကြီးပါဘူး။ ဘုရားသခင်က
သင့်အပြုအမူကို မှတ်သားထားသလို သင့်ကိုပိုပြီးပြည့်စုံစေပါတယ်။
ဒီလောကကိုချစ်တတ်ဖို့ ဒါဟာ အမြဲတမ်းလိုအပ်တဲ့အခြေခံဖြစ်ပါတယ်။
(၉)
ကျောင်းမှာ ဘယ်တစ်ဦးတစ်ယောက်ကိုမှ (လူအို၊ မသန်စွမ်းသူနဲ့
ကိုယ်ဝန်သည်ကလွဲလို့) အိတ်ဆွဲကူတာ၊ ကားတံခါးဖွင့်ပေးတာ မလုပ်ရပါဘူး။ ဒါဟာ
ကိုယ့်ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ ပညာရေးမှာပဲဖြစ်ဖြစ်
ကိုယ့်အားကိုယ်ကိုးတတ်ဖို့ မွေးမြူပေးတာဖြစ်ပါတယ်။ တခြားလူကို
အိတ်ကူသယ်ပေးတာ၊ ကားတံခါးဖွင့်ပေးတာဟာ သွားမတိုက်၊ နေရာတကာ
တံတွေးလျှောက်ထွေးတတ်တဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့အတူတူပါပဲ။
တကယ်လို့ ဒါကို သင်မေ့သွားရင် လူမှုအဖွဲ့အစည်းမှာ စနစ်ရဲ့စွန့်ပစ်ခြင်းကို သင်အမြန်ဆုံး ခံသွားရပါလိမ့်မယ်။
(၁ဝ) စွမ်းအင်မရှိရင် လက်ရှိလူ့အဖွဲ့အစည်းက ကပ်ဆိုက်တော့မယ်။
ဆေးဝါးကုသမှုမရှိရင် ကျန်းမာရေးကလည်း အာမခံချက်မရှိတော့ဘူး။ ဒါပေမယ့်
ဒါတွေဟာ တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ နှိုင်းယှဉ်တဲ့အခါ
အဲဒီလောက်အရေးမကြီးတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သိပ္ပံပညာရှင်တစ်ဦးဟာ
ပထမဦးဆုံး ပြည်သူ့အကျိုးလိုလားသူဖြစ်ရပါမယ်။ ဒီလိုမှမဟုတ်ရင် သူဟာ
လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ပစ္စည်းဖြစ်နေလို့ပါပဲ။
5/07/2014
အသေးစိတ်အချက်အလက်နဲ့ စိတ်နေသဘောထား(အမေရိကန်လူမျိုးရဲ့ ဦးနှောက်)
5/07/2014
Dim